မန္တလေး မဟာမုနိဘုရားကြီးကို ကျပ်သိန်း ၄ သောင်းကျော် အကုန်အကျခံ ပြင်ဆင်

24 November 2020
မန္တလေး မဟာမုနိဘုရားကြီးကို ကျပ်သိန်း ၄ သောင်းကျော် အကုန်အကျခံ ပြင်ဆင်

မြန်မာနိုင်ငံရဲ့ အထင်ကရ ဘုရားတစ်ဆူဖြစ်တဲ့ မဟာမုနိဘုရားကြီးကို ကိုဗစ်-၁၉ ကာလ ဘုရားပုရိဝုဏ်အတွင်း ဝင်ရောက်ပြီး ဖူးမြော်ခွင့် ပိတ်ပင်ထားစဉ်အတွင်း ငွေကျပ် သိန်း လေးသောင်းကျော် အကုန်ကျခံကာ  မဟာမုနိဘုရားကြီး ပုရိဝုဒ်အတွင်းမှာ ရှိတဲ့ ဗုဒ္ဓဝင်ပြခန်း၊ ဗောဓိညောင်ပင်၊ လိပ်ကန်နဲ့ငါးကန်၊ စျေးဆိုင်ခန်း၊ ဝန်ထမ်းအိမ်ရာတွေအပြင် ဘုရားအတွင်း လိုအပ်တဲ့ပြင်ဆင်မှုတွေ လုပ်ဆောင်ခဲ့တာ ဖြစ်ပြီး အခုဆိုရင်တော့ ရာခိုင်နှုန်း ကိုးဆယ်ကျော် ပြီးစီးနေပြီဖြစ်တယ်လို့ သိရပါတယ်။

ရိုက်ကူး၊တည်းဖြတ် - ထက်မြတ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly