ကိုဗစ်ကာကွယ်ဆေး သယ်ပို့ပေးဖို့ပြင်ဆင်ထားတဲ့ Lufthansa Cargo  

24 November 2020
ကိုဗစ်ကာကွယ်ဆေး သယ်ပို့ပေးဖို့ပြင်ဆင်ထားတဲ့ Lufthansa Cargo  

COVID-19 ကပ်ရောဂါ ကာကွယ်ဆေးစမ်းသပ်မှုတွေ အတော်လေးအောင်မြင်တယ်ဆိုတဲ့ သတင်းထွက်လာနေပါပြီ။ ထွက်လာတဲ့ ဒီကာကွယ်ဆေးတွေကို နိုင်ငံတကာကို ပို့ဆောင်ပေးနိုင်ဖို့ ကုန်ပစ္စည်းပို့ဆောင်ရေး လုပ်ငန်းကြီးတွေက  ပြင်ဆင်နေကြပါတယ်။ ဂျာမနီနိုင်ငံရဲ့ အကြီးဆုံး လေကြောင်းလိုင်းကြီးဖြစ်တဲ့ Lufthansa ကုမ္ပဏီကလည်း ကိုဗစ်ကာကွယ်ဆေးတွေကို သူတို့ရဲ့  Lufthansa Cargo လေယာဉ်ခရီးစဉ်တွေနဲ့ ပို့ဆောင်ပေးနိုင်ဖို့ အခုထဲက ပြင်ဆင်နေပါပြီ။ သာမန်ကုန်ပစ္စည်းတွေလို မဟုတ်တဲ့ ကိုဗစ်ကာကွယ်ဆေးတွေ ပို့ဆောင်ရေးမှာ ဘယ်လိုစိန်ခေါ်မှုတွေ ရှိနိုင်သလဲဆိုတာကို မစုမြတ်မွန်က AP သတင်းကို အခြေခံပြီး ပြောပြပါလိမ့်မယ်။ 
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly