အိန္ဒိယသည် တရုတ်စစ်ပွဲကို အတုယူ၍ လာဒက်ခ်တွင် ကာကွယ်ရေးဥမင်များဖြန့်ကျက်

အိန္ဒိယသည် တရုတ်စစ်ပွဲကို အတုယူ၍ လာဒက်ခ်တွင် ကာကွယ်ရေးဥမင်များဖြန့်ကျက်

နိုဝင်ဘာ ၂၃ ၊ ၂၀၂၀

ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ၏ ဝါဒဖြန့်ချိရေး ယန္တရားသည် ဩဂုတ်လ ၂၉တွင် အရှေ့ Ladakh ရှိ အိန္ဒိယတပ်ဖွဲ့များအား အနာဂါတ်စွမ်းအင်လက်နက်များဖြင့် တိုက်ခိုက်ရန် ကြေငြာခဲ့သော်လည်း အိန္ဒိယစစ်တပ်သည် တရုတ်စစ်ပွဲလက်စွဲများကို လေ့လာခဲ့ပြီး ရန်သူများ၏ ထပ်မံကျူးကျော်မှုများကို ကာကွယ်ရန် ကာကွယ်ရေးဥမင်များ ဖြန့်ကျက်ထားခဲ့သည်။
 
ဩဂုတ်လ ၂၉ ရက်နှင့် ၃၀ ရက်တွင် နယ်ခြားအထူးတပ်ဖွဲ့ (SFF) နှင့်အတူ အိန္ဒိယတပ်ဖွဲ့များသည် ၁၉၆၂ နောက်ပိုင်း ပထမဆုံးအဖြစ် ကိုင်လက်ရှ်တောင်တန်းတစ်လျောက် ပန်ဂွန်ဆောင်ကန် တောင်ဘက်ရှိ ထိန်းချုပ်ရေးမျဉ်း (LoC) တွင် နေရာယူထားခဲ့ကြသည်။ အိန္ဒိယစစ်တပ်သည် PLA၏ စွမ်းအင်လက်နက် အစီရင်ခံစာအား သတင်းအမှားအဖြစ် ပယ်ချခဲ့သည်။
 .
ဒုတိယ တရုတ်-ဂျပန်စစ်ပွဲတွင် ဂျပန်အပေါ် တရုတ်တို့သည် ကာကွယ်ရေးဥမင်ကို အောင်မြင်စွာအသုံးချနိုင်ခဲ့ပြီး ဗီယက်ကောင်းများသည် အမေရိကန်များနှင့် ပြောက်ကျားစစ်ပွဲတွင်လည်းကောင်း၊ မြောက်ကိုရီးယားနှင့် ၁၉၆၀ ပြည့်နှစ် ကိုရီးယားစစ်ပွဲတွင်လည်းကောင်း ထိုနည်းလမ်းကို အသုံးပြုခဲ့သည်။ PLA သည် လာဆာ  လေတပ်အခြေစိုက်စခန်းတွင် လေယာဉ်ထားရန် ဥမင်အကာကွယ်များနှင့် နှင့် တောင်တရုတ်ပင်လယ်ရှိ ဟိုင်နန်ကျွန်းများတွင် နျူကလိရ ပဲ့ထိန်း‌ ဒုံးကျည်ရေငုပ်သင်္ဘောများထားရန် မြေအောက် စခန်းများ တည်ဆောက်ခဲ့သည်။
 
အကြီးတန်း စစ်တပ်အရာရှိများ၏ အဆိုအရ အိန္ဒိယစစ်တပ်သည် တပ်ဖွဲ့များအား ရန်သူ၏ တိုခိုက်မှုမှ ကာကွယ်နိုင်ရန်နှင့် အဆိုးဝါးဆုံးအနေအထားတွင် ရန်သူအား လျှပ်တစ်ပြတ်တိုက်နိုင်ရန် ဥမင်လှိုဏ်ခေါင်းတူးရာတွင် အချင်းကြီးမားသော ကွန်ကရစ်ပိုက်များဖြင့် အားဖြည့်တည်ဆောက်ထားသည်။ ထိုအားဖြည့်တည်ဆောက်ထားသော ကွန်ကရစ်ပိုက်များသည် အချင်း ၆ ပေမှ ၈ပေထိရှိပြီး တပ်ဖွဲ့များအနေဖြင့် ရန်သူအပစ်အခတ်မှ လွတ်မြောက်ပြီး တစ်နေရာမှ တစ်နေရာသို့ မြေအောက်တွင် လွယ်လွယ်ကူကူသွားလာစေနိုင်သည်။ ထိုဥမင်များ၏ အခြားအားသာချက်တစ်ခုမှာ ၎င်းတို့အား အပူပေးနိုင်ပြီး တပ်ဖွဲ့များအား ဝင်ရိုးစွန်းအပူချိန်နှင့် ဆီနှင်းဒဏ်မှ ကာကွယ်ပေးနိုင်ခြင်းဖြစ်သည်။

 ပဋိပက္ခအနေအထားများအား ဖယ်ရှား လျော့ချရန် နဝမအကြိမ် အိန္ဒိယ-တရုတ် ဆွေးနွေးပွဲ မကြာမီပြုလုပ်မည်ဟု ခန့်မှန်းရချိန်တွင် LAC အား PLA ၏ထပ်မံကျူးကျော်မှုများမှ ကာကွယ်နိုင်ရန် အိန္ဒိယစစ်တပ်များသည် အစီအမံများပြုလုပ်ပြီးဖြစ်သည်။ နဂိုအခြေအနေ ပြန်ရောက်ရန်မှာ ၂၀၂၀ မေလအစောပိုင်းတွင် ပန်ဂွန်ဆောင်၏ မြောက်ဘက်ကမ်းပါးများအား ကျူးကျော်မှုများ အလုံစုံစတင်ခဲ့သည့် PLA ဘက်မှ အစပြုရမည်ဖြစ်ကြောင်း အိန္ဒိယ လုံခြုံရေး အစီအစဉ်ချမှတ်သူများမှ ရှင်းရှင်းလင်းလင်း သဘောပေါက်နားလည်သည်။ PLA သည် ပန်ဂွန်ဆောင်ကျူးကျော်မှုအပြီးတွင် ဂယ်လ်ဝန် မြစ်ချိုင့်ဝှမ်းနှင့် ကောင်ကလာ အနီးရှိ ဂိုဂရာ ရေပူစမ်းများတွင်လည်း အလားတူ လှုပ်ရှားမှုများ ပြုလုပ်ခဲ့သည်။
 
အိန္ဒိယစစ်တပ်သည် လာဒက်ခ် Ladakh LAC ကိုသာ ကာကွယ်နေခြင်းမဟုတ်ပဲ တိဘက်တွင် အလယ်ပိုင်း၊ ဆစ်ခင်း နှင့် အရှေ့ပိုင်းကဏ္ဍများသာမက တရုတ်စစ်တပ်နှင့်အတူ စစ်ရေးအဆောက်အဦများ ဆက်လက်တည်ဆောက်နေသော PLA ၏ အပြုအမူများကို အနီးကပ်စောင့်ကြည့်လျက်ရှိသည်။
အိန္ဒိယသံတမန်ရေးအနေနှင့်လည်း အရှေ့ လာဒက်ခ်မှ PLA သည် စောလျင်စွာ တပ်ဆုတ်ရန် ညှိနှုင်းရန် လောစရာမလိုကြောင်းနှင့် အချိန်ကြာမြင့်စေကာမူ နဂိုအခြေအနေအား ပြန်လည် ထိန်းသိမ်းခြင်းသည်သာလျင် တစ်ခုတည်းသောအဖြေဖြစ်ကြောင်း ယုံကြည်လျက်ရှိသည်။ “PLA က တစ်ဖက်သားက မျက်တောင်ခတ်ဖို့စောင့်နေတဲ့ မျက်လုံးခြင်းစိုက်ကြည့်တဲ့ ပြိုင်ပွဲလိုပဲ။ ဒါပေမဲ့ ဒီရန်လိုတဲ့ နည်းလမ်းက အိန္ဒိယအပေါ်မှာတော့ အနိုင်မရနိုင်ဘူး”ဟု အကြီးတန်းအရာရှိတစ်ဦးက ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly