ပါကစ္စတန်နိုင်ငံ ပက်ရှာဝါမြို့မှာ ကြီးမားတဲ့ အစိုးရဆန့်ကျင်ဆန္ဒပြပွဲ ဖြစ်ပွား

ပါကစ္စတန်နိုင်ငံ ပက်ရှာဝါမြို့မှာ ကြီးမားတဲ့ အစိုးရဆန့်ကျင်ဆန္ဒပြပွဲ ဖြစ်ပွား
Photo - AFP

နိုဝင်ဘာ ၂၃

ပါကစ္စတန်နိုင်ငံမှာ ၀န်ကြီးချုပ် အီမရန် ခန်း ဦးဆောင်တဲ့ အစိုးရကို ဆန့်ကျင်ဆန္ဒပြဖို့အတွက် နိုဝင်ဘာ ၂၂ ရက်က ပက်ရှာဝါမြို့မှာ လူထုစည်းဝေးပွဲကြီးတစ်ခုကို ပြုလုပ်ခဲ့ရာမှာ လူအမြောက်အမြား ပါဝင်တက်ရောက်ခဲ့ပါတယ်။

ပက်ရှာဝါမြို့က အဆိုပါ အစိုးရဆန့်ကျင်ဆန္ဒပြသူတွေရဲ့ လူထုစည်းဝေးပွဲကိုတော့ ပါကစ္စတန် ဒီမိုကရက်တစ် လှုပ်ရှားမှု ညွန့်ပေါင်းအဖွဲ့ (PDM) က စီစဉ်ခဲ့တာ ဖြစ်ပါတယ်။

“အီမရန် ခန်းဟာ သူ့ရဲ့ ကတိက၀တ်တွေအတိုင်း မလုပ်ဆောင်ထားပါဘူး” လို့ ပါဝင်တက်ရောက်လာသူတစ်ဦးက အေအက်ဖ်ပီကို ပြောသွားခဲ့ပါတယ်။

“ပီဒီအမ်ကနေ များပြားလှတဲ့ လူအုပ်စုတွေ ကျွန်တော့်အနောက်မှာ ရှိနေတာ ခင်ဗျားတို့ တွေ့နိုင်ပါတယ်၊ လူသန်းနဲ့ချီ ဒီမှာ လာရောက် စုဝေးကြတယ်လေ၊ ဘာလို့လဲ ဆိုတော့ သူတို့ဟာ ၀န်ကြီးချုပ် အီမရန် ခန်းကို သဘောမကျကြလို့ပါ” လို့ ပက်ရှာဝါ မြို့ခံတစ်ဦးဖြစ်တဲ့ မာမွတ် အူ ဟာဆန်က ပြောပါတယ်။

“ကျွန်တော် ဒီ ပီဒီအမ် လူထုစည်းဝေးပွဲကို လာရောက်ပူးပေါင်းတာ ဖြစ်ပါတယ်၊ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ဟာ ခုချိန်မှာ အီမရန် ခန်းနဲ့ပတ်သက်လို့ မပျော်မရွှင်ဖြစ်နေကြပါတယ်၊ အီမရန် ခန်းဟာ ဆင်းရဲနွမ်းပါးတဲ့ ပြည်သူတွေအတွက် အလုပ်ကောင်းကောင်း မလုပ်ထားပါဘူး၊ ကျွန်တော် အီမရန် ခန်းကို ထောက်ခံမဲ မပေးခဲ့ပါဘူး၊ ရှေ့ကာလမှာလည်း သူ့ကို ထောက်ခံမဲ ပေးမှာမဟုတ်ပါဘူး၊ အီမရန် ခန်းဟာ သူ့ရဲ့ ကတိက၀တ်တွေအတိုင်း မလုပ်ထားပါဘူး” လို့ မာဒန်းမြို့ခံတစ်ဦးဖြစ်တဲ့ ရှာဟစ် ခန်းက ပြောသွားပါတယ်။

“ပီဒီအမ် စုဝေးပွဲမှာ ကျွန်တော်တို့ဟာ ကိုရိုနာဗိုင်းရပ်စ် ပျံ့အောင် လုပ်နေတယ်ဆိုပြီး အစိုးရက ကျွန်တော်တို့ကို အပြစ်တင်ပါလိမ့်မယ်၊ အစိုးရကလည်း ဆွက် ခရိုင်ထဲမှာ လူထုစည်းဝေးပွဲတွေ လုပ်နေတယ်လေ၊ ဖက်ဒရယ် ၀န်ကြီး အလီ မိုဟာမက် ခန်း ဆိုရင် ပါကစ္စတန် အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အင်န်အေ-၁၀ မှာ အားလုံးပါဝင်ရေး ပရိုဂရမ်တွေ လုပ်နေတယ်လေ၊ ဒါပေမယ့် သူ့ကိုတော့ သူတို့ အပြစ်တင်မှာ မဟုတ်ပါဘူး” လို့လည်း ရှာဟစ် ခန်းက ပြောသွားခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly