မလေးရှားရောက် တရားမဝင်လုပ်သားများ ဒဏ်ကြေးဆောင်ပြီး အလုပ်လုပ်ခွင့် လျှောက်ထားနိုင်   

မလေးရှားရောက် တရားမဝင်လုပ်သားများ ဒဏ်ကြေးဆောင်ပြီး အလုပ်လုပ်ခွင့် လျှောက်ထားနိုင်   

မြန်မာလုပ်သားများ အပါအဝင် မ‌လေးရှားနိုင်ငံသို့ တရားမဝင် ရောက်ရှိနေသူများအနေဖြင့် ဒဏ်ကြေး မလေးရှားရင်းဂစ်ငွေ ၁၅၀၀ (ကျပ်ငွေ လေးသိန်းခုနစ်သောင်းကျော်) ပေးဆောင်ပြီး တရားဝင် အလုပ်လုပ်ခွင့် လျှောက်ထားနိုင်ပြီဖြစ်ကြောင်း သိရသည်။  

“ဒဏ်ကြေး သူတို့ဖော်ပြထားတာကတော့ ဒဏ်ကြေးအနေနဲ့ ၁၅၀၀ ဖော်ပြထားတယ်။ ကျန်တဲ့ ပါမစ်ကိစ္စတွေကတော့ အမျိုးအစားအလိုက်ပဲ။ သူဌေးကိုယ်တိုင် လုပ်မယ်ဆိုရင်တော့ ၃၀၀၀ ကျော် (မြန်မာငွေ ကိုးသိန်းခွဲခန့်) လောက်တော့ ကုန်လိမ့်မယ်။ အေးဂျင့် (အကျိုးဆောင်) နဲ့ ဘာနဲ့လုပ်မယ်ဆိုရင်တော့ ၆၀၀၀ ကျော် (မြန်မာငွေ ၁၉ သိန်း) လောက်ကုန်မယ်၊ အားလုံး” ဟု မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူ အခြေစိုက် နှလုံးလှ ပရဟိတ လူငယ်များ သွေးလှူရှင်အဖွဲ့ ဥက္ကဋ္ဌ ဦးသက်ခိုင်စိုးက ပြောသည်။  

တည်းဖြတ် /တင်ဆက် - လာဘ်ရတနာဗိုလ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly