မြောက်ပိုင်း ဝဇ္ဇီရစ္စတန်တွင် ပါကစ္စတန်၏ ရက်စက်မှုများအတွက် ပါ့ရှ်တွန်များ ထောင်နှင့်ချီ ဆန္ဒပြ

 မြောက်ပိုင်း ဝဇ္ဇီရစ္စတန်တွင် ပါကစ္စတန်၏ ရက်စက်မှုများအတွက် ပါ့ရှ်တွန်များ ထောင်နှင့်ချီ ဆန္ဒပြ

နိုဝင်ဘာ ၁၉
 
ပါ့ရှ်တွန်တဟာဖက်စ်လှုပ်ရှားမှု(PTM)က ပြုလုပ်သည့် ဆန္ဒပြပွဲတွင် ထောင်ချီသော ပါ့ရှ်တွန်များသည် တရားဥပဒေနှင့် မညီသော သတ်ဖြတ်ခြင်းများ၊ အတင်းအဓ္ဓမ ဖျောက်ဖျက်မှုများနှင့် တရားမဝင်ထိန်းသိမ်းခြင်းများစသည့် ပါကစ္စတန်၏ ရက်စက်သောအပြုအမူများကို ဆန္ဒပြရရန် နိုဝင်ဘာ ၁၂ရက်နေ့တွင် ဝဇ္ဇီရစ္စတန် မြောက်ပိုင်း တွင် စုဝေးခဲ့ကြသည်။
 
နိုဝင်ဘာ ၁၅ ဝဇ္ဇီရစ္စတန် မြောက်ပိုင်း မီရန်ရှာတွင် အဖွဲ့၏ ဒုတိယအကြိမ် ဆန္ဒပြပွဲတွင် ပါကစ္စတန်ရှိ ပါ့ရှ်တွန်များအား အစိုးရ၏ဖိနှိပ်မှုများရှိကြောင်း ကြွေးကြော်ခဲ့ကြသည်။

ပါကစ္စတန်လွှတ်တော်အမတ်ဟောင်း အဖ္ဖရာဆီယက်ဘ် ခါတက် က PTM အဖွဲ့ဝင်များသည် ဒူရန်မျဉ်း နှစ်ဖက်လုံးတွင် ဖြစ်ပေါ်လာသော စစ်ပွဲသစ်ကို ဆန့်ကျင်ကြောင်းဖော်ပြနေကြောင်း၊ PTM သည် နိုင်ငံ၏ ဖိနှိပ်မှုအား တော်လှန်သော လမ်းကြောင်းဖြစ်ကြောင်းနှင့် တစ်ခြား နိုင်ငံရေး ပါတီများအနေဖြင့် တစ်ကယ် မတရားလုယူတဲ့သူများအား ဖော်ထုတ်နိုင်သော သတ္တိရှိခြင်းအတွက် ဝမ်းသာကြောင်း” တွစ်တာတွင် ရေးသား ဖော်ပြခဲ့သည်။
 
နာမည်ကျော်ကြားသည့် လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူ ခေါဘီဘီက “ထောင်ချီတဲ့ ပါ့ရှ်တွန်တွေက ပါ့ရှ်တွန်တွေအပေါ် နိုင်ငံ၏ ရက်စက်မှုများကို ဆန့်ကျင်သည့်အနေဖြင့် ပါ့ရှ်တွန်ခွါတစ်ဝှမ်း မြောက်ပိုင်းဝဇ္ဇီရစ္စတန်ရှိ မီရန်ရှာမှာ စုဝေးခဲ့ကြတယ်”ဟု တွစ်တာတွင် ရေးသားခဲ့သည်။

ပါ့ရှ်တွန်များသည် ပါကစ္စတန်တွင် ဒုတိယအများဆုံး လူမျိုးစုဖြစ်ပြီး စုစုပေါင်း လူဦးရေ၏ ၁၅ ရာခိုင်နှုန်းခန့်ရှိကာ နိုင်ငံ၏ အဓိက လူမျိုးစု ငါးမျိုးအနက်မှ တစ်ခုအဖြစ် သတ်မှတ်ကြသည်။
အရပ်သားများစွာ သေဆုံးပြီး များစွာသောသူတို့သည် အတင်းအဓ္ဓမ ဖျောက်ဖျက်ခံနေရသဖြင့် ပါ့ရှ်တွန်တို့သည် ပါကစ္စတန် စစ်တပ်၏ လူမျိုးတုံးသတ်ဖြတ်မှုကို ရင်ဆိုင်နေရသည်။ ပါ့ရှ်တွန်များသည် ပါကစ္စတန် စစ်တပ်နှင့် ဒေသတွင်း အကြမ်းဖက်သမားများ၏ သားကောင်များဖြစ်လာနေသည်ဟု စွပ်စွဲကြသည်။

ပါ့ရှ်တွန်လူမျိုးစု အခွင့်အရေးအတွက် တိုက်ပွဲဝင်နေသူ ပါ့ရှ်တွန်တဟာဖက်စ်လှုပ်ရှားမှု၏ ခေါင်းဆာင်များသည် ခြိမ်းခြောက် ဖမ်းဆီးမှုများနှင့် ကြုံတွေ့နေရသည်။ မေလတွင် PTMခေါင်းဆောင်တစ်ဦးဖြစ်သူ အရစ်ဖ် ဝဇီရာ သည် ဝဇ္ဇီရစ္စတန်မြောက်ပိုင်း ဝါနာတွင် တိုက်ခိုက်ခံရပြီး ဒဏ်ရာပြင်းထန်စွာရကာ နောက်ပိုင်းတွင် ထိုဒဏ်ရာများနှင့်ပင် သေဆုံးခဲ့သည်။

ပါကစ္စတန် သတင်းမီဒီယာများသည် ဆန္ဒပြပွဲနှင့် ပတ်သတ်၍ နှုတ်ဆိတ်နေသော်လည်း နိုင်ငံတစ်ဝှမ်းရှိ စာနယ်ဇင်းသမားများနှင့် တက်ကြွလှုပ်ရှားသူများက “ကြီးမားသောစုဝေးမှု”အကြောင်းကို တွစ်တာတွင် ရေးသားဖော်ပြလျက်ရှိသည်။

“ကြာကြာ တောင့်ခံနိုင်ပါစေ၊ အရင် FATA အဖွဲ့ဝင်တွေက ဆယ်စုနှစ်များစွာ ပိတ်ပင်ခံခဲ့ရတဲ့ အခွင့်အရေးတွေအတွက် မားမားမတ်မတ်ရပ်တည်နေတာကို တွေ့ရတာ ကောင်းပါတယ်”ဟု  စာနယ်ဇင်းသမား မူဘာရှီယာ ဇိုင်ဒီက တွစ်တာတွင် ရေးသားခဲ့သည်။

တက်ကြွလှုပ်ရှားသူတစ်ဦးက ပါ့ရှ်တွန်လူငယ်များသည် သူတို့ကြုံတွေ့နေရသော လူ့အခွင့်အရေး ချိုးဖောက်မှုများကို  ဆန့်ကျင်နေကြကြောင်း ပြောသည်။

“အစွန်အဖျားဒေသမှာရှိတဲ့ လူတွေက လူ့အခွင့်အရေးချိုးဖောက်မှု အဆိုးဆုံးပုံစံတွေကို ကြုံတွေ့နေရပေမယ့် ဆိတ်ဆိတ်နေနေကြရတယ်။ ဒီနေ့ခေတ် လူငယ်တွေက ဒီနာကျင်မှု မမျှတမှု သမိုင်းကြောင်းကို ဆန့်ကျင်နေကြတယ်။ သူတို့အတွက် အင်အားဖြစ်ပါစေ” ဟု အမ်မာ အလီ ဂျန် တွစ်တာတွင် ဖော်ပြခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly