မဲမသမာမှု ရှိတယ်ဆိုတဲ့ ပြောဆိုချက်တွေကို ပယ်ချခဲ့တဲ့ ရွေးကောက်ပွဲလုံခြုံရေးအရာရှိကို ထရမ့် အလုပ်ဖြုတ်

18 November 2020
မဲမသမာမှု ရှိတယ်ဆိုတဲ့ ပြောဆိုချက်တွေကို ပယ်ချခဲ့တဲ့ ရွေးကောက်ပွဲလုံခြုံရေးအရာရှိကို ထရမ့် အလုပ်ဖြုတ်

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ အစိုးရရဲ့ အဆင့်မြင့် ရွေးကောက်ပွဲ လုံခြုံရေးအရာရှိကြီးတစ်ဦးကို အလုပ် ဖြုတ်လိုက်ပြီဖြစ်ကြောင်း နိုဝင်ဘာ ၁၇ ရက်မှာ တွစ်တာကနေတဆင့် ကြေညာသွားခဲ့ပါတယ်။အလုပ်ထုတ်ခံလိုက်ရတဲ့ ရွေးကောက်ပွဲ လုံခြုံရေးအရာရှိ ခရစ် ကရက်ဘ်စ်ဟာ နိုဝင်ဘာ ၃ ရွေးကောက်ပွဲမှာ ကြီးမားတဲ့ မဲမသမာမှု ရှိတယ်ဆိုတဲ့ ထရမ့်ရဲ့ ပြောဆိုချက်တွေကို  အတိုက်အခံလုပ် ဆန့်ကျင်ပယ်ချထားခဲ့သူ ဖြစ်ပါတယ်။

သတင်းအပြည့်အစုံ - http://www.mizzimaburmese.com/article/75753

တည်းဖြတ် - ဇော်မင်းထွေး

တင်ဆက် - စနိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly