ရန်ကုန်တွင် ၁၅ ပေအရှည်ရှိ မြွေကို မီးသတ်က ဖမ်းဆီးပေး

ရန်ကုန်တွင် ၁၅ ပေအရှည်ရှိ မြွေကို မီးသတ်က ဖမ်းဆီးပေး
ဓာတ်ပုံ - Myanmar Fire Services Department / Facebook

နိုဝင်ဘာ ၁၇၊ ၂၀၂၀ 

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ အင်ယားလိတ်လမ်းပေါ်တွင် အရှည် ၁၅ ပေရှိ မြွေတစ်ကောင်ကို မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က ဖမ်းဆီးပေးခဲ့ပြီး ဘေးမဲ့ခြံတွင် လွှတ်ပေးခဲ့ကြောင်း သိရသည်။ 

ယနေ့ နိုဝင်ဘာလ ၁၇ ရက်၊ မနက် ၈ နာရီ ၄၅ မိနစ်ခန့်တွင် မရမ်းကုန်းမြို့နယ်၊ အမှတ် (၁၀) ရက်ကွက်၊ အင်လျားလိတ်လမ်းပေါ်၌ လုံးပတ် တစ်ပေခန့်၊ အရှည် ၁၅ ခန့် စပါးအုံးမြွေတစ်ကောင် တွေ့ရသည့်အတွက် လမ်းသွားလမ်းလာများက ဖမ်းဆီးပေးရန် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ကို အကူအညီ တောင်းခဲ့ခြင်း ဖြစ်သည်။  

ဓာတ်ပုံ - Myanmar Fire Services Department / Facebook

မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့၊ ရှာဖွေကယ်ဆယ်ရေး အထူးအဖွဲ့က သွားရောက် ဖမ်းဆီးပေးခဲ့ပြီး စိတ္တသုခ တပ်ဦးကျောင်းတိုက်၊ ဘေးမဲ့မြွေခြံအတွင်းသို့ သွားရောက် လွှတ်ပေးခဲ့ကြောင်း မီးသတ်တပ်ဖွဲ့၏ Facebook လူမှုကွန်ရက်တွင် ဖော်ပြထားသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required