ရတနာပုံတက္ကသိုလ်ရှိ အဆောင်နှစ်ခုကို ကွာရန်တင်းစင်တာ ပြုလုပ်ရန် ပြင်ဆင်

ရတနာပုံတက္ကသိုလ်ရှိ အဆောင်နှစ်ခုကို ကွာရန်တင်းစင်တာ ပြုလုပ်ရန် ပြင်ဆင်

မန္တလေးမြို့မှာ ကိုဗစ်ပိုးတွေ့လူနာတွေများလာပြီး အဲဒီပိုးတွေ့လူနာတွေနဲ့ထိစပ်ခဲ့တဲ့သူတွေကို ထားရှိဖို့ ကွာရန်တင်းစင်တာတွေ လိုအပ်နေတာကြောင့် ရတနာပုံတက္ကသိုလ်မှာရှိတဲ့ အဆောင် နှစ်ခုကို နိုဝင်ဘာ ၁၆ ရက်နေ့မှာ စတင်ပြင်ဆင်မှုတွေ ပြုလုပ်နေပါပြီ။

အဲဒီစင်တာမှာ အမျိုးသား ၁၂၀နဲ့အမျိုးသမီး ၁၂၀ ထားရှိသွားမှာဖြစ်ပြီး လက်ရှိ မန္တလေးမြို့မှာရှိနေတဲ့ Quarantine Centerတွေမှာ သတ်မှတ်လူဦးရေ ပြည့်နေတာကြောင့် အခုလို ပြင်ဆင်မှုတွေ လုပ်နေတာလည်းဖြစ်ပါတယ်။

ရိုက်ကူး / တည်းဖြတ် - အောင်ကိုဦး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly