အသွားအလာကန့်သတ်ထားသည့် မြိတ်ရှိ စက်ရုံတစ်ရုံတွင် အမျိုးသားတစ်ဦး ရုတ်တရက်သေဆုံး၊

အသွားအလာကန့်သတ်ထားသည့် မြိတ်ရှိ စက်ရုံတစ်ရုံတွင် အမျိုးသားတစ်ဦး ရုတ်တရက်သေဆုံး၊
ဓာတ်ပုံ - ဒီမိုးသွေး ( မြိတ် )

မြိတ်၊ နိုဝင်ဘာလ (၁၆)

စက်ရုံလုပ်သားတစ်ဦးတွင် ကိုဗစ်ပိုးတွေ့ရှိသဖြင့် အသွားအလာကန့်သတ်ထားသည့် မြိတ်မြို့ အင်းလေးမြိုင် စက်မှုဇုန် အတွင်းရှိ Vantage (အအေး ခန်း) စက်ရုံတွင် နိုဝင်ဘာလ ၁၅ ရက်နေ့ ညနေပိုင်းက အမျိုးသား တစ်ဦး ရုတ်တရက် သေဆုံးခဲ့ကြောင်းသိရသည်။

သေဆုံးသူ အမျိုးသား သည် စက်ရုံရှိစက်များကို ကိုင်တွယ်ရသည့် စက်ဆရာ တစ်ဦးဖြစ်ပြီး သေဆုံးပြီးနောက် စစ်ဆေးမှုအရ ၎င်းတွင် ကိုဗစ်တွေ့ရှိရကြောင်း မြိတ်မြို့နယ်မှ ကျန်းမာရေးဆိုင်ရာ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“ဗင်းဒေ့ချ် စက်ရုံး ဝင်း အတွင်းမှာ သေဆုံးသွားတဲ့ လူကို ကျွန်တော်တို့ စစ်လိုက်တဲ့ အခါမှာ P တွေ့ပါတယ်၊ အခုလို P ဖြစ်လို့ စက်ရုံထဲက အလုပ်သမားတွေ အားလုံးကို ကျန်းမာရေး စစ်ဆေးချက် အရ လောလောဆယ်တော့ အားလုံး N ပဲ ရှိနေတယ်”ဟု မြိတ်မြို့နယ် ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာ ဇင်ကိုလတ်က ပြောသည်။

အဆိုပါ စက်ရုံရှိ အလုပ်သမားတစ်ဦးမှာ ပြီးခဲ့သည့် ရက်ပိုင်းက အနံပျောက်သဖြင့် ဆေးရုံတွင် သွားရောက် ပြသရာ ကိုဗစ်ပိုး တွေ့ရှိခဲ့သဖြင့် စက်ရုံအား lock down ချထားခြင်း ဖြစ်သည်။

အဆိုပါ အအေးခန်း စက်ရုံ အတွင်း အလုပ်သမား ဦးရေ ၂၀၀ကျော် ရှိကြောင်း သိရပြီ ၄င်း စက်ရုံမှ အလုပ်သမားများနှင့် ထိတွေ့ခဲ့သည့် မြိတ်မြို့ပေါ်ရှိ နေအိမ် အချို့ကိုလည်း HOME Stay ပြုလုပ်ထားကြောင်း သိရ သည်။

တနင်္သာရီတိုင်းဒေသကြီး အတွင်းရှိ ခရိုင် ၃ ခုတွင် ကိုဗစ်ပိုးတွေ့ လူနာ စုစုပေါင်း ၃၁၇ ဦး ရှိပြီး၊ သက်ဆိုင်ရာ မြို့နယ် အလိုက် ဆေးရုံ တက်ရောက် ကုသဆဲ လူနာ ၆၂ ဦးနှင့် သက်သာ ပျောက်ကင်းသည့် လူနာများမှာ ၂၅၅ ဦးရှိကာ ဖော်ပြပါ စက်ရုံဝန်ထမ်းတွင် တိုင်းဒေသကြီးအတွင်း ကိုဗစ်ကြောင့် ပထမဆုံးသေဆုံးသူ ဖြစ်ကြောင်း တိုင်းဒေသကြီး ကျန်းမာရေး ဦးစီးဌာနှ ထုတ်ပြန်ချက် အရ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly