သန့်ရှင်းသော ခရီးသွားမြို့တော်ဆုကို ထိန်းသိမ်းရန် လွိုင်ကော်မြို့ခံများကို တိုက်တွန်း

သန့်ရှင်းသော ခရီးသွားမြို့တော်ဆုကို ထိန်းသိမ်းရန် လွိုင်ကော်မြို့ခံများကို တိုက်တွန်း
ဓာတ်ပုံ - စောသန်းထိုက်ဦး

နိုဝင်ဘာလ ၊ ၁၅ ၊ ၂၀၂၀

၂၀၁၉ ခုနှစ်က အာဆီယံခရီးသွားလုပ်ငန်း ဖိုရမ်မှ ချီးမြှင့်သည့် သန့်ရှင်းသော ခရီးသွား မြို့တော်ဆု ရရှိ ထား သည့်  လွိုင်ကော်မြို့၏ပုံရိပ်ကို ကျဆင်းမသွားရေးအတွက် ထိန်းသိမ်းရန်လိုကြောင်း လွိုင်ကော်မြို့နယ် စည်ပင် သာယာရေး အဖွဲ့မှ ဒုတိယ ညွှန်ကြားရေးမှူး အမှုဆောင်အရာရှိ ဦးသန်း ထွန်းက ပြောသည်။

ဓာတ်ပုံ - စောသန်းထိုက်ဦး

“ လူဦးရေ တိုးလာတာနဲ့ အမျှ အမှိုက်တွေလည်း နေ့စဉ်နဲ့ အမျှ ပစ်လာတယ်၊ အဲဒီ ထဲမှာမှ စည်း ကမ်း မရှိတဲ့ ပြည်သူတွေ ဈေးသည်တွေကြောင့် ကျနော်တို့ရဲ့ ပုံရိပ်ကြီး ကျမသွား စေချင်ဘူး” ဟု ဦးသန်းထွန်းက သတင်းထောက်များကို ပြောသည်။  

၎င်းဆုသည်လေးနက်ခြင်းသဘော ဆောင်သဖြင့် ယင်းဆုကို  ြည်သူများမှ လက်လွတ် ဆုံးရှုံးမခံသင့် ကြောင်းလည်း ဦးသန်းထွန်း က ဆိုသည်။

အထက်ပါ ပြောကြားချက်များကို နိုဝင်ဘာ ၁၅ ရက်ကပြုလုပ်သည့် ဘီလူးချောင်း သန့်ရှင်းရေးဆောင်ရွက် စဉ် ပြောကြားခဲ့ခြင်းဖြစ်ပြီး  အဆိုပါ သန့်ရှင်းရေးကို နယ်စည်ပင်သာယာရေးအဖွဲ့ ၊ လွိုင်ကော်မြို့ရှိ ဝစ္စကုဋိ ပရဟိ တ အဖွဲ့များနှင့် ရပ်ကွက်နေ ပြည်သူများက ဘီလူးချောင်း ကမ်းရိုးတစ်လျှောက် ရေ မှော်များ ၊ အမှိုက်နှင့် ဒိုက်များ ဆယ်ယူခြင်းတို့ကို စုပေါင်း ပြုလုပ်ခဲ့ကြခြင်းဖြစ်သည်။

ဓာတ်ပုံ - စောသန်းထိုက်ဦး

ဝစ္စကုဋိ ပရဟိတ အဖွဲ့က ကိုဇော်ထက်က “ ဒီဘီလူးချောင်းရေကိုပဲ အမှီပြုပြီးတော့ သုံးရေ၊ ချိုးရေ၊ အကုန်လုံးဒါပဲ အကုန်လုံး အသုံးပြုကြ တာဗျာ။ တချို့ဆိုရေနွေးကျိုပြီး သောက်ရတဲ့ အဆင့်ဖြစ် တာပေါ့နော်။ လွိုင်ကော် မြို့ပေါ် မှာလည်း ချိကယ်တို့၊ မင်းစုတို တော်တော်များများ ရေစက်တွေ ဘီ လူးချောင်းထဲမှာ ချပြီးတော့ ရေတင် ကြတယ်။ အဲတော့ ဒီဘီလူးချောင်းရေက ဒီလောက် ညစ်ပတ်နေလို့ရှိရင် အဆင်မပြေဘူး ဆိုပြီးတော့ ကျနော်တို့ အဖွဲ့တွေ စုစည်းပြီးတော့မှ ဘီလူးချောင်းသန့်ရှင်းရေးကို လုပ်ဆောင်ကြမယ်ဆိုပြီးတော့ လုပ်ဖြစ်သွားတယ် ” ဟုပြောသည်။

အာဆီယံ အဖွဲ့ဝင် နိုင်ငံများ အနေဖြင့် သန့်ရှင်းသော ခရီးသွားမြို့တော်များ (Clean Tourist City)၊ မြိုမြို့ပြ ခရီး စဉ်ဒေသ (Urban Destination)၊ ကျေးလက် ခရီးစဉ် ဒေသ ( Rural Destination) များတို့ကို ရွေးချယ်ပြီး အာဆီ ယံ ခရီးသွား လုပ်ငန်းဖိုရမ် (ASEAN Tourism Forum – ATF ) မှ နှစ်စဉ် ဆုများပေးအပ်ခဲ့သည်။

ဓာတ်ပုံ - စောသန်းထိုက်ဦး

၂၀၀၉ ခုနှစ်တွင် မြန်မာ နိုင်ငံအနေဖြင့် ရန်ကုန်၊ မန္တလေးမြို့အပါ မြို့ပေါင်း ၅၀ ကျော် ကို အထက်ပါ ဆုများအတွက် ဝင်ရောက် ယှဉ်ပြိုင်ခဲ့ရာ က ယားပြည်နယ် လွိုင်ကော်၊ တနင်္သာရီတိုင်း ထားဝယ်မြို့နှင့် ရှမ်းပြည်နယ် တောင်ကြီးမြို့များက ဆုများ ရရှိခဲ့ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly