ပါချုပ်ဆရာတော် ဖောင်ဒေးရှင်းက ဖောင်ကြီး ကိုဗစ်စင်တာကို ကျပ် သိန်း ၁ ထောင် လှူ 

ပါချုပ်ဆရာတော် ဖောင်ဒေးရှင်းက ဖောင်ကြီး ကိုဗစ်စင်တာကို ကျပ် သိန်း ၁ ထောင် လှူ 
(ဓာတ်ပုံ - Ashin Nandamãlãbhivamsa / Facebook)

 နိုဝင်ဘာ ၁၃၊ ၂၀၂၀ 

ပါမောက္ခချုပ်ဆရာတော် ဒေါက်တာ နန္ဒမာလာဘိဝံသ ဖောင်ဒေးရှင်းက ရန်ကုန်တိုင်းဒေသကြီးရှိ ဖောင်ကြီး COVID-19 ကုသရေး စင်တာအတွက် ငွေကျပ် သိန်း ၁၀၀၀ လှူဒါန်းလိုက်ကြောင်း သိရသည်။ 

ဖောင်ကြီး ကိုဗစ်ကုသရေး စင်တာရှိ ခေတ္တာဆောင်နှင့် သဇင်ဆောင်တို့အတွက် အောက်စီဂျင် တိုးချဲ့ ပေးဝေနိုင်ရေးလုပ်ငန်း အမြန်ဆုံး စတင်နိုင်ရန် လိုအပ်နေသည့် အောက်စီဂျင် အသက်ရှူစက်ကြီး ဝယ်ယူရန် ဒေါက်တာ နန္ဒမာလာဘိဝံသ ဖောင်ဒေးရှင်းက ယခုကဲ့သို့ လှူဒါန်းခြင်း ဖြစ်သည်။  

ကိုဗစ်လူနာများအတွက် အရေးတကြီး လိုအပ်နေသည့် အသက်ရှူစက်ကြီး ဝယ်ယူရန် ဒေါက်တာ နန္ဒမာလာဘိဝံသ ဖောင်ဒေးရှင်းက ကျပ် သိန်း ၄၀၀၊ ဆရာတော်ကြီး၏ တပည့်ဒါယိကာမ မိသားစုဖြစ်သည့် မကွေးတိုင်းဒေသကြီး၊ မြင်းခြံမြို့ နဂါးနီဆေးပေါ့လိပ် ဦးမြင့်သူ၊ ဒေါ်ချိုချိုသင်း မိသားစုက ကျပ်သိန်း ၆၀၀၊ စုစုပေါင်း ကျပ်သိန်း ၁၀၀၀ ကို ယနေ့ နိုဝင်ဘာလ ၁၃ ရက်နေ့က လှူဒါန်းခြင်းဖြစ်ကြောင်း ပါမောက္ခချုပ် ဆရာတော်က မိန့်ကြားသည်ဟု ကပ္ပိယကာရကအဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။  

“ကမ္ဘာ့ကပ်ရောဂါ ဖြစ်ပွားနေစဉ် ကျန်းမာရေး ထိခိုက်သွားသူများအတွက် ကျန်းမာရေးဆုံးရှုံးမှု မဖြစ်ရလေအောင် ပံ့ပိုးကူညီလိုသော ရင်တွင်းမေတ္တာ စေတနာကြောင့် ယနေ့ ကျန်းမာရေးအလှူကို လှူရခြင်းဖြစ်ပါသည်” ဟု ပါမောက္ခချုပ် ဆရာတော်က မိန့်သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly