မြန်မာနိုင်ငံတော်သစ်ကို မေတ္တာတရားနဲ့ တည်ဆောက်ကြစို့

မြန်မာနိုင်ငံတော်သစ်ကို မေတ္တာတရားနဲ့ တည်ဆောက်ကြစို့

နေ့စဉ်ထုတ် အစိုးရသတင်းစာများတွင် မျက်နှာဖုံးထိပ်မှာပင် အခါအားလျော်စွာ မေတ္တာတရား အကြောင်း ဇောင်းပေး ဖော်ပြထားသည်။ ကောင်း၏၊ သို့သော် လိုက်နာသူ အလွန်နည်းသည်။ မေတ္တာ တရားသည် အေးမြသည်၊ ပူလောင်မှု မရှိ၊ အများအကျိုး ဆောင်သည်ကို ယေဘုယျ သိရှိကြသော် လည်း လိုက်နာသူ နည်းသည်။

လူအများစုက ပူလောင်နေကြသည်၊ ပြင်ပ ရာသီဥတုနှင့်အပြိုင် သူတို့၏ ကိုယ်တွင်းတွင် မနာ လိုမှု၊ ဝန်တိုမှုတို့သည် ရှိနေကြသည်။ နိုင်ငံရေးသမားတို့သည်လည်း အနည်းနှင့်အများ ဆိုသလို ဝန်တိုသူများ ဖြစ်ကြသည်။ မိမိလုပ်သည်ကမှ အမှန်၊ မိမိလမ်းစဉ်သည်သာ အကောင်း၊ မိမိပါတီသည် သာ အဖြောင့်ဟု မှတ်ထင်ကြသော်လည်း ထိုသူတို့သည် ပြည်သူကို မေ့လျော့နေကြသည်။

ပြည်သူအများကို ကိုယ်စားပြုသော မဲဆန္ဒရှင် ပြည်သူများသည် စစ်အာဏာရှင် အဆက်ဆက် အောက်တွင် ရာစုနှစ်ဝက်ကျော် ပိပြား ငြိမ်ဝပ် ရှင်သန်နေခဲ့ရသည်ဖြစ်ရာ လူဆိုးလူကောင်းကို ကောင်းစွာ ခွဲခြားနိုင်စွမ်း ရှိသည်။ မည်သူသည် ပြည်သူ့ဘက်တော်သား ဖြစ်ပြီး၊ မည်သူသည် ပြည်သူ့ အကျိုးထက် ကိုယ်ကျိုးကြည့်သူမှန်း ပြည်သူများက ကောင်းစွာသိရှိကြသည်။

ပြည်သူများသည် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို မလိုလားကြပါ။ ယင်းအခြေခံဥပဒေသည် ပြည်သူအများစု အကျိုးအတွက် ရည်ရွယ် ရေးဆွဲထားသော ဥပဒေ မဟုတ်ကြောင်းကိုလည်း အဖိနှိပ် ခံ ပြည်သူအများစုက ကောင်းစွာ သဘောပေါက်ကြပါသည်။ အဆိုပါ အခြေခံဥပဒေသည် စစ်အာဏာ ရှင်များနှင့် အကြွင်းအကျန်များကို အကာအကွယ် ပေးထားသော ဥပဒေဖြစ်သောကြောင့် ယင်းဥပဒေ ကို ထိုသူတို့သည် အသက်နှင့်လဲ၍ ကာကွယ် စောင့်ရှောက်ကြမည်ကိုလည်း နားလည်ထားကြသည်။

၂၀၁၅ အထွေထွေ ရွေးကောက်ပွဲသည် အပြစ်အနာအဆာများ ရှိခဲ့သည်မှလွန်လျှင် တပြည် လုံး အတိုင်းအတာနှင့် တွက်စစ်သော် အေးအေးချမ်းချမ်းဖြင့် ပြီးစီးခဲ့သည်။ သို့သော် ၁၉၉၀ ရွေးကောက်ပွဲ အတွေ့အကြုံ ရှိထားနှင့်သည့် ပြည်သူများသည် လက်ရှိအစိုးရက အနိုင်ရပါတီကို အေးအေးညောင်းညောင်း အာဏာ လွှဲပြောင်းပါ့မလားဟု စိတ်ပူနေကြသည်။

၂၀၁၅ အထွေထွေ ရွေးကောက်ပွဲတွင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင် သော လက်ရှိ အဓိက အတိုက်အခံပါတီကြီး ဖြစ်သည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (အင်န်အယ် လ်ဒီ) သည် အပြတ်အသတ် အနိုင်ရခဲ့သည်။ ဤသည်မှာ မဲဆန္ဒရှင် ပြည်သူအများစုသည် ရွေးကောက်ပွဲဝင် တိုင်းရင်းသား နိုင်ငံရေးပါတီများ အပါအဝင် ပါတီပေါင်း ၉၀ ကျော်တွင် ဒေါ်အောင် ဆန်းစုကြည်နှင့် အင်န်အယ်လ်ဒီကို အယုံကြည်ဆုံး၊ အထောက်ခံဆုံး ရှိမှုကို ပြသခဲ့ခြင်း ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်ကလည်း အလွန်ပါးနပ် လိမ္မာသော ကမ္ဘာ့အဆင့်တန်းဝင် နိုင်ငံရေး ခေါင်းဆောင်ဖြစ်သည့် အားလျော်စွာ တောင်ပြိုကမ်းပြို အနိုင်ရခဲ့မှုအပေါ် ပြည်သူများအနေနှင့် သတိ လက်လွတ် အောင်ပွဲခံမည်ကို စိုးရိမ်သည့်အလျောက် တိတ်တိတ်ဆိတ်ဆိတ် နေကြပါမည့်အကြောင်း နှင့် ရှုံးနိမ့်သူများကိုလည်း ချိုးနှိမ်သော နှိပ်စက်စကားများ မပြောကြရန် တားမြစ်ခဲ့သည်။
အခြားတစ်ဖက်တွင် မြန်မာနိုင်ငံသား အားလုံးကို ကျောသားရင်သား မခွဲခြားဘဲ မေတ္တာတရား ဖြင့် အုပ်ချုပ်ရန် စဉ်းစားမိကြောင်းပါ ထုတ်ဖော် ပြောခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်က လိမ္မာသလောက် ဆိုးသွမ်းသူများကလည်း အခြားတစ်ဖက်တွင် ရှိနေကြသည်။ ဒေါ်အောင်ဆန်းစုကြည်နှင့် နှိုင်းယှဉ်လျှင် မည်သည့်ဘက်ကမှ မယှဉ်သာသော (သို့တည်း မဟုတ်) လူထု၏ ချစ်ခင် ထောက်ခံမှုကိုလည်း မရှာယူနိုင်သော အချောင်သမားစိတ်ဓာတ် နှင့် လူပေါ့သွမ်းများကလည်း ဒေါ်အောင်ဆန်းစုကြည်ကို မနာလို ဝန်တိုဖြစ်နေကြသည်ကို မဇ္ဈိမသည် အတိုင်း သား မြင်နေရသည်ဖြစ်ရာ မနာလိုခြင်း၊ ဝန်တိုခြင်းများကို မနှေးအမြန် ကင်းစင်စေပြီး မေတ္တာစု ပုံသည့် ခေတ်သစ် မြန်မာနိုင်ငံတော်ကို အတူလက်တွဲ ပူးပေါင်း ထူထောင်ကြပါမည့်အကြောင်း တိုက်တွန်း လိုက်ရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags