မဲရုံတွင် တာဝန်ထမ်းဆောင်ခဲ့သည့် ဆရာ၊ ဆရာများနှင့် တာဝန်ရှိသူများအား  ကိုဗစ်ရှိမရှိ စစ်ဆေးပေးစေလို

မဲရုံတွင် တာဝန်ထမ်းဆောင်ခဲ့သည့် ဆရာ၊ ဆရာများနှင့် တာဝန်ရှိသူများအား  ကိုဗစ်ရှိမရှိ စစ်ဆေးပေးစေလို

၂၀၂၀ ရွေးကောက်ပွဲတွင် မဲရုံများ၌ တာဝန်ထမ်းဆောင်ခဲ့ကြသည့် ဆရာ၊ ဆရာမများနှင့် အခြားတာဝန်ရှိသူများအား Covid-19 ရောဂါအတွက် Swab Test များပြုလုပ်ပေးရန် မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများ အဖွဲ့ချုပ်က တောင်းဆိုထားသည်။

မဲရုံတာဝန်အဆင့်ဆင့်တွင် တာဝန်ထမ်းဆောင်ခဲ့ကြသည့် ဆရာ၊ ဆရာမများနှင့် အခြားတာဝန်ရှိသူများသည် လူအများနှင့် ထိတွေ့ဆက်ဆံခဲ့ရသောကြောင့် ကျန်းမာရေးအရ လုံခြုံစိတ်ချမှု ရှိစေရန်အတွက် တောင်းဆိုရခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများအဖွဲ့ချုပ်မှ အတွင်းရေးမှူး ဒေါက်တာဇော်မျိုးလှိုင်က ပြောသည်။

တည်းဖြတ် / တင်ဆက် - လာဘ်ရတနာဗိုလ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly