ပြည်မြို့မှာ ဆန္ဒမဲလာရောက်ပေးသည့် အမျိုးသမီးတစ်ဦး မဲရုံအတွင်း မူးလဲ

ပြည်မြို့မှာ ဆန္ဒမဲလာရောက်ပေးသည့် အမျိုးသမီးတစ်ဦး မဲရုံအတွင်း မူးလဲ
ပုံစာ- မိုးမေတ္တာပရဟိတအသင်း

နိုဝင်ဘာ ၈၊ ၂၀၂၀

ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့နယ်တွင် နိုဝင်ဘာ ၈ ရက်နေ့ နေ့လယ် ၁၂ နာရီခန့်က အထွေထွေ ရွေးကောက်ပွဲအတွက် ဆန္ဒမဲလာရောက်ပေးသည့် အမျိုးသမီးငယ်တစ်ဦး ပြည်သာယာရပ်ကွက်၊ အောင်ဆန်း အထက်တန်းကျောင်း မဲရုံ (၅) တွင် တံဆိပ်တုံးထုနေစဉ် မူးလဲခဲ့ကြောင်း သိရသည်။

အဆိုပါ အသက် ၂၃ နှစ်အရွယ် အမျိုးသမီးငယ်ကို မိုးမေတ္တာ နာရေးကူညီမှု ပရဟိတအသင်းမှ အရေးပေါ်ကားဖြင့် ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ကြောင်း မိုးမေတ္တာအသင်းမှ တာဝန်ရှိသူတဦးက ပြောသည်။

ပုံစာ- မိုးမေတ္တာပရဟိတအသင်း

အမျိုးသမီးငယ်ကို မဲရုံအတွင်း တာ၀န်ကျနေသည့် သူနာပြုဆရာမများမှ ပြုစုနေချိန် မဲပေးရန် ကျန်ရှိနေသည့် မဲ နှစ်မဲကို ၄င်း၏မိခင်မှ သူ့သမီးဆန္ဒအတိုင်း မဲပေးခဲ့ကြောင်း မဲရုံမှူးက ပြောသည်။

ဆံတော်ရပ်ကွက် မဲရုံအမှတ် (၆) တွင်လည်း လွန်ခဲ့သည့် နှစ်ရက်အတွင်းက ဗိုက်ခွဲမီးဖွားထားသည့် အမျိုးသမီးတစ်ဦးမှာ ဆန္ဒမဲလာရောက်ပေးပြီး အပြန်တွင် အိမ်ပြန်ရန် ခက်ခဲသောကြောင့် ပရဟိတ အသင်းကားတစ်ကားနှင့် ပြန်လည် ပို့ဆောင်ခဲ့ကြောင်း သိရသည်။
ပြည်မြို့တွင် မဲရုံ ၂၀၉ ရုံ ရှိပြီး မဲပေးသူများစွာ လာရောက် ဆန္ဒမဲပေးကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly