ပြည်ထဲရေးရဲ့လိုက်လံရှာဖွေနေတာကနေ ဝရမ်းပြေးဘဝနဲ့ အောင်မြင်စွာ ခြေရာဖျောက်ခဲ့နိုင်တဲ့ လကျာ်စွန်းဝါဒီ ဦးဝီရသူဟာ အထွေထွေ ရွေးကောက်ပွဲနီးကာမှ ဗြုန်းကနဲ လူမြင်ကွင်းကို ပေါ်လာပြီး ကိုယ်တိုင်အဖမ်းခံခဲ့တာက လူအများကို အံ့အားသင့်စေခဲ့ပါတယ်။ နိုင်ငံတော်အကြည်ညိုပျက်စေမှုနဲ့ တရားစွဲခံရတဲ့နောက် ပုန်းရှောင်သွားခဲ့တဲ့ ဦးဝီရသူဟာ ၁၇ လအတွင်း ဘယ်တွေသွားနေခဲပ့ါသလဲ၊ မဇ္ဈိမရဲ့ စုံစမ်းထောက်လှမ်းရေးဂျာနယ်လစ်ဇင် အစီအစဉ်မှာ ခြေရာခံထားပါတယ်။