ဘင်္ဂလားဒေ့ရှ်မှာ လိင်တူချစ်သူမွတ်စလင်တွေအတွက် ပထမဆုံး အစ္စလာမ်ကျောင်း ဖွင့်လှစ် 

ဘင်္ဂလားဒေ့ရှ်မှာ လိင်တူချစ်သူမွတ်စလင်တွေအတွက် ပထမဆုံး အစ္စလာမ်ကျောင်း ဖွင့်လှစ် 
Photo - AFP

နိုဝင်ဘာ ၇ 

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ လိင်တူချစ်သူမွတ်စလင်တွေအတွက် ပထမဆုံး အစ္စလာမ္မစ်ကျောင်းကို ဖွင့်လှစ်လိုက်ပြီဖြစ်ပါတယ်။ 

လူအသိုင်းအဝန်းအတွင်းက ခွဲခြားဆက်ဆံခံ လူနည်းစုတွေအတွက် တန်းတူရည်တူဖြစ်ရေး ပထမဆုံး စတင်လုပ်ဆောင်တဲ့ ခြေလှမ်းပဲဖြစ်တယ်လို့ ဘာသာရေးဆရာတွေက ပြောပါတယ်။ 

မွတ်စလင်အများဆုံး နိုင်ငံမှာ လိင်တူချစ်သူ ၁ ဒသမ ၅ သန်းရဲ့ နေထိုင်မှု ဘဝတွေ ပိုပြီး လွယ်ကအဆင်ပြေစေရေး လှုပ်ရှားဆောင်ရွက်မှုတွေကနေ ခုလို သူတို့တွေအတွက် ဘာသာကျောင်း ဖွင့်လှစ်ပေးလာတာလည်း ဖြစ်ပါတယ်။ 

လိင်တူလိင်ကွဲဒွိလိင်ချစ်သူတွေလို ဆိုကြတဲ့ LGBT အသိုင်းအဝန်းဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ တော်တော်လေး ခွဲခြားဆက်ဆံတာတွေနဲ့ ရင်ဆိုင်နေရတာလည်း ဖြစ်ပါတယ်။ လိင်တူဆက်ဆံရင် ထောင်ဒဏ်ချမှတ်နိုင်တဲ့ ကိုလိုနီခေတ်ဥပဒေလည်း ဆက်လက်တည်ရှိနေတာပါ။ ဒါပေမယ့် ဒီ ဥပဒေနဲ့ အရေးယူအပြစ်ပေးတာမျိုးကတော့ ရှားရှားပါးပါပဲ ဖြစ်ပါတယ်။ 

Dawatul Islam Tritio Linger လို့ အမည်ပေးထားတဲ့ အခု လိင်တူချစ်သူတွေရဲ့ ဘာသာရေးကျောင်းကို ဒါကာမြို့တော် ဆင်ခြေဖုံးမှာ ဖွင့်လှစ်တာဖြစ်ပြီး ကျောင်းသား ၅၀ လောက် တက်ရောက်သင်ကြားနေပြီ ဖြစ်ပါတယ်။ 

“ကျွန်တော် ပျော်ရွှင်ပီတိဖြစ်ရတယ်။ ခုလို ကြည်နှုးဖွယ်ရာ လုပ်ရပ်အတွက် ဘာသာရေးဆရာတွေကိုလည်း ကျေးဇူးတင်မိတယ်။”လို့ အသက် ၃၃ နှစ်အရွယ် ရှာကီလာအက်သာက ပြောပါတယ်။ 

အခုကျောင်းကို ရက်ရှ်မန်းအာဇက်ဆိုတဲ့ ဘာသာရေးဆရာဦးဆောင်တဲ့ အဖွဲ့က ဖွင့်လှစ်တာဖြစ်ပြီး ပြည်တွင်းလူသားချင်းစာနာထောက်ထားရေးအဖွဲ့တစ်ရပ်က ရန်ပုံငွေ မတည်ပေးတာပဲ ဖြစ်ပါတယ် 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly