တောင်ကိုရီးယားမှာမွေးဖွားတဲ့ ပန်ဒါဝက်ဝံလေးကို ပထမဆုံးအကြိမ် အများပြည်သူကို ပြသ

တောင်ကိုရီးယားမှာမွေးဖွားတဲ့ ပန်ဒါဝက်ဝံလေးကို ပထမဆုံးအကြိမ် အများပြည်သူကို ပြသ
Photo - AFP

နိုဝင်ဘာ ၅

တောင်ကိုရီးယားနိုင်ငံမှာ မွေးဖွားတဲ့ ပထမဆုံး ပန်ဒါဝက်ဝံလေး ဖူပေါင်ကို  နိုဝင်ဘာ ၄ ရက် ဗုဒ္ဓဟူးနေ့က အများပြည်သူကို စတင်ပြသလိုက်ပါတယ်။

မိခင်ပန်ဒါဝက်ဝံမကြီးဖြစ်တဲ့  အိုင်ပေါင်က အလေးချိန် ၁၉၇ ဂရမ်ရှိ ဘေဘီပန်ဒါလေးကို မွေးဖွားပြီး ၁၀၇ ရက် အကြာမှာ တိရစ္ဆာန်ဥယျာဉ်က ခုလို မိတ်ဆက်ပြသလိုက်တာပါ။

ဝက်ဝံပေါက်လေး ဖူပေါင်ကို ဆိုးလ်မြို့တောင်ဘက်က တိရစ္ဆာန်ဥယျာဉ်တစ်ခုမှာ လာရောက်လည်ပတ်သူကလေးတွေနဲ့ ဗုဒ္ဓဟူးနေ့က မိတ်ဆက်ပေးလိုက်ပါတယ်။

ဖူပေါင်ရဲ့ မိခင်ပန်ဒါမကြီး အိုင်ပေါင်နဲ့  ဖခင် လီပေါင်တို့ဟာ ၂၀၁၆ ခုနှစ်က တရုတ်နိုင်ငံကနေ တောင်ကိုရီးယား အိဗ်လန်းတိရစ္ဆာန်ဥယျာဉ်ကို အငှားစနစ်နဲ့ ရောက်ရှိလာပြီး မတ်လတုန်းက ဖူပေါင်ကို ကိုယ်ဝန်ဆောင်နိုင် ခဲ့တာဖြစ်ပါတယ်။

ဘေဘီပန်ဒါမလေးကို စောင့်ရှောက်သူ ကမ်ချောင်ဝန်က “ပန်ဒါမလေး ဖူပေါင်က ကျန်းမာရေးအခြေအနေကောင်းပါတယ်။ သူ့ကို ဇူလိုင် ၂၇ ရက် ညနေက မွေးဖွားခဲ့တာပါ။ အခု ကိုယ်အလေးချိန် ခြောက် ကီလိုဂရမ်ရှိပါပြီ။ ကောင်းကောင်းမွန်မွန် ကြီးထွားလျက်ရှိပါတယ်” လို့ပြောပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly