ကြိုတင်မဲပေးရာတွင် မဲပေးတံဆိပ်တုံး၌ UEC အမှတ်အသားမပါခြင်းကြောင့် ပယ်မဲဖြစ်မည်ကို မဲဆန္ဒရှင်များစိုးရိမ်နေ

ကြိုတင်မဲပေးရာတွင် မဲပေးတံဆိပ်တုံး၌ UEC အမှတ်အသားမပါခြင်းကြောင့် ပယ်မဲဖြစ်မည်ကို မဲဆန္ဒရှင်များစိုးရိမ်နေ

တနင်္သာရီတိုင်းဒေသကြီး၊မြိတ်မြို့၊မြိတ်တောင်နယ်မြေ ရပ်ကွက်ကော်မရှင်ရုံး၌ နိုဝင်ဘာ ၂ရက် က ကြိုတင်မဲ ပေးရာမှာ မဲပေးတံ ဆိပ်တုံးမှာ UEC အမှတ်အသားမပါတာကြောင့် ပယ်မဲဖြစ်မှာ ကို စိုးရိမ်မှုတွေရှိနေတယ်လို့ မဲဆန္ဒရှင်ပြည်သူတွေ က ပြောပါတယ်။ ကြိုတင်ဆန္ဒမဲပေးချိန်မှာ မဲပေးတံဆိပ်တုံးမှာ UEC အမှတ်အသားမပါတာကို သတိမထားမိဘဲ မဲပေးခဲ့ပြီး တခြားသူတစ်ဦးက ပြောပြမှသာ တံဆိပ်တုံးမှာ UEC အမှတ်အသားမပါတာကို သတိထားမိတယ်လို့ ကြိုတင်မဲ ပေးရာတွင် ကိုယ်တိုင် ကြုံခဲ့သူ တစ်ဦးက ပြောပါတယ်။

ရိုက်ကူး /တည်းဖြတ် - ဒီမိုးသွေး (မြိတ်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly