ကန်ရွေးကောက်ပွဲ မဲဆန္ဒရှင်တွေ မဲပေးနေ

04 November 2020
ကန်ရွေးကောက်ပွဲ မဲဆန္ဒရှင်တွေ မဲပေးနေ

အမေရိကန်ပြည်ထောင်စုမှာ သမ္မတရွေးကောက်ပွဲတွေကို နိုဝင်ဘာလ ၃ ရက်နေ့ မှာ စတင်ကျင်းပနေတာမှာ အမေရိကန်အနောက်ခြမ်းစံတော်ချိန် ည ၈ နာရီ မြန်မာစံတော်ချိန် အခု ၄ ရက်နေ့မနက် ၁၀ နာရီခွဲလောက်ထိ မဲပေးကြရဦးမှာဖြစ်ပါတယ်။ လက်ရှိသမ္မတ ဒေါ်နယ်ထရမ့်  နောက်ထပ် သမ္မတသက်တမ်း ၄ နှစ် ဆက်အုပ်ချုပ်ခွင့် ရမလား၊ ပြိုင်ဘက် ဒီမိုကရက်တစ်ပါတီ သမ္မတလောင်းဖြစ်တဲ့ ဒုသမ္မတဟောင်း ဂျိုးဘိုင်ဒန်ကို ရွေးချယ်မလားဆိုတာ ဒီရွေးကောက်ပွဲက အဆုံးအဖြတ်ပေးမှာဖြစ်ပါတယ်။ ကိုဗစ်ကပ်ရောဂါဖြစ်နေချိန်အတွင်း ကျင်းပနေတဲ့ ရွေးကောက်ပွဲမှာ ကြိုတင်မဲပေးထားတဲ့ မဲဆန္ဒရှင် သန်းတရာနီးပါးရှိပြီး ခုလိုကြိုတင်မဲပေးသူတွေအပါအဝင် စုစုပေါင်း မဲပေးသူ သန်း ၁၅၀ ထက်မနည်း စံချိန်တင်များမယ်လို့ ခန့်မှန်းထားကြပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly