ဦးမင်းကိုနိုင် “မဲနဲ့ရွေးတဲ့ စနစ်ထဲမှာ အခွင့်ထူးခံတွေ မရှိဖို့လိုတယ်”

ဦးမင်းကိုနိုင် “မဲနဲ့ရွေးတဲ့ စနစ်ထဲမှာ အခွင့်ထူးခံတွေ မရှိဖို့လိုတယ်”

ရန်ကုန်၊ နိုဝင်ဘာ ၅

မြန်မာနိုင်ငံသည် ၁၉၄၈ ခုနှစ်က လွတ်လပ်ရေးရရှိခဲ့သော်လည်း ယနေ့ချိန်ထိတိုင် မြန်မာနိုင်ငံအတွင်း နေထိုင် ကြသော တိုင်းရင်းသား လူမျိုးများအကြား သွေးစည်းညီညွတ်မှုမရှိသေးသည့်အတွက် လက်နက်ကိုင် ပဋိပက္ခ များ ယနေ့ထိတိုင် ဖြစ်ပွားနေဆဲဖြစ်သည်။

ထို့ကြောင့် မြန်မာနိုင်ငံသည် ဆင်းရဲမွဲတေမှုမြင့်မားလာခြင်း၊ လူငယ်များ အလုပ်အကိုင် အခွင့်အလမ်းရှားပါး လာခြင်းသလို လူငယ် အရင်းအမြစ်များ ဆုံးရှုံးလာရခြင်း၊ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးအတွက် လူငယ်များ၏ လူ့စွမ်းအား အရင်းအမြစ်ကို အသုံးမချနိုင်ဘဲ စစ်ပွဲများမှာ အသုံးချနေရခြင်း၊ နိုင်ငံတကာတွင် နည်းပညာခေတ် ကို ကျော်ဖြတ်နေစဉ် မြန်မာနိုင်ငံသည် နည်းပညာ၏ သားကောင်ဘဝမှာသာ ရပ်တည်နေရခြင်း စသည့် အခြေအနေများဖြင့် ကြုံတွေ့နေရသည်။

အဆိုပါ အခြေအနေများနှင့် ပတ်သက်ပြီး နိုင်ငံတော် ခေတ်မီဖွံ့ဖြိုးတိုးတက်ရေးအတွက် ၈၈ အရေးအခင်းမှာ ကျောင်းသားခေါင်းဆောင်တစ်ဦးအဖြစ် ပါဝင်ဆောင်ရွက်ခဲ့သူ ဦးမင်းကိုနိုင်ကို မဇ္ဈိမ မီဒီယာမှ အယ်ဒီတာ ချစ် မင်းထွန်းက ဆက်သွယ် မေးမြန်းထားပါသည်။

တည်းဖြတ်/တင်ဆက်- ချစ်မင်းထွန်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required