လုံခြုံဘေးကင်းစွာနဲ့ ဆက်လက် ချိတ်ဆက်ပေါင်းစည်းနိုင်ဖို့ - COVID-19 ကာလအတွင်း တစ်ဦးနဲ့တစ်ဦး ဖေးမကူညီပေးကြဖို့ဆိုတဲ့ KBZPay ရဲ့ သတင်းစကား

လုံခြုံဘေးကင်းစွာနဲ့ ဆက်လက် ချိတ်ဆက်ပေါင်းစည်းနိုင်ဖို့ - COVID-19 ကာလအတွင်း တစ်ဦးနဲ့တစ်ဦး ဖေးမကူညီပေးကြဖို့ဆိုတဲ့ KBZPay ရဲ့ သတင်းစကား

နိုဝင်ဘာ ၃

ကမ္ဘောဇဘဏ်ကနေ ‘20 in 2020’ ဆိုတဲ့ အကြောင်းအရာပေါင်း (၂၀) ပါဝင်တဲ့ အခန်းဆက် အစီအစဉ်တစ်ခုကို ဂုဏ်ယူစွာ တင်ဆက်လိုက်ပါတယ်။ ဒီအစီအစဉ်ကနေတဆင့် မြန်မာနိုင်ငံတစ်ဝှမ်းမှာရှိတဲ့ လူမှုအသိုင်းအဝိုင်း တိုးတက်ဖွံ့ဖြိုးရေး အတွက် ကမ္ဘောဇဘဏ်နဲ့ KBZPay တို့ ထူးထူးခြားခြား ကြိုးပမ်းဆောင်ရွက်ခဲ့တာတွေကို အကြောင်းအရာပေါင်း (၂၀) ရွေးချယ်ထုတ်နှုတ်ပြီး ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။ ဒီတစ်ခေါက် အကြောင်းအရာ မှာတော့ ကူးစက်ရောဂါ ဖြစ်ပွားနေတဲ့ ကာလအတွင်း customers တွေ လုံခြုံဘေးကင်းစွာနဲ့ ဆက်လက် ချိတ်ဆက်ပေါင်းစည်းနိုင်ဖို့ ဝန်ဆောင်မှုပေးနေတဲ့ KBZPay ရဲ့ အခန်းကဏ္ဍနဲ့ အခုလို စိန်ခေါ်မှုတွေနဲ့ ပြည့်နှက်နေချိန် မှာ တစ်ဦးချင်း၊ တစ်ယောက်ချင်းစီကို ဖေးမကူညီပေးဖို့ ဆိုတဲ့ KBZPay ကနေ အားလုံးအတွက် ပေးချင်တဲ့ သတင်းစကားတစ်ခုအကြောင်း တင်ပြလိုက်ရပါတယ်။
 
KBZPay ဆိုတာ မြန်မာနိုင်ငံက ပြည်သူတွေကို မိုဘိုင်းငွေကြေးလုပ်ဆောင်မှုတွေနဲ့ ရင်းနှီးကျွမ်းဝင်လာစေဖို့ ပြောင်းလဲပေးရာမှာ ပြီးခဲ့တဲ့ နှစ်တွေကတည်းက အပါအဝင် COVID-19 ကူးစက်ရောဂါ ဖြစ်ပွားနေတဲ့ ကာလ အတွင်းမှာ အရှိန်မြှင့်တင် ဆောင်ရွက်ခဲ့တာပါ။ KBZPay ကို အသုံးပြုပြီး customers တွေဟာ ကိုယ်စားလှယ်နဲ့ ဈေးဆိုင်ပိုင်ရှင်ပေါင်း (၂၉၀,၀၀၀) ကျာ်ရှိတဲ့ ကွန်ရက်တစ်ခုနဲ့ ချိတ်ဆက်နိုင်၊ အခြားသူတွေဆီ အချိန်မရွေး၊ ချက်ချင်း၊ အခမဲ့ ငွေပေးပို့နိုင်ခဲ့ပြီး အဆင်ပြေလွယ်ကူတဲ့ ဒစ်ဂျစ်တယ် ငွေပေးချေမှုတွေကရတဲ့ အကျိုးကျေးဇူးတွေကို ခံစားခဲ့ကြရပါတယ်။
 
KBZPay ကို ရယူပြီး နေ့စဉ် အသုံးပြုမှုတွေ တိုးတက်လာတာနဲ့အမျှ customer တစ်ဦးရဲ့ မိုဘိုင်းဖုန်းကနေ အခြား customer တစ်ဦးရဲ့ မိုဘိုင်းဖုန်းထဲကို ငွေလွှဲတဲ့ အချင်းချင်းငွေလွှဲ လုပ်ဆောင်ချက် (P2P transactions) တွေဟာလည်း ပိုမို တိုးတက်များပြားလာခဲ့ပါတယ်။ ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့ကနေ ၂၀၂၀ ခုနှစ်၊ အောက်တိုဘာလ ၂၁ ရက်နေ့ အတွင်းမှာ KBZPay နဲ့ ငွေကြေးလွှဲပြောင်းတဲ့ လုပ်ဆောင်ချက် အကြိမ်အရေအတွက် ပေါင်း (၃၉) သန်း၊ ငွေကြေးပမာဏ အားဖြင့် ငွေကျပ် (၃.၅) ထရီလီယံ ရှိခဲ့ပြီး ကြီးမားလှတဲ့ ရလဒ်အဖြစ် တွေ့မြင်ခဲ့ရပါတယ်။ တစ်ချိန်တည်းမှာပဲ အခုလိုမျိုး တစ်ဦးနဲ့တစ်ဦး ခပ်ခွာခွာနေကြဖို့ တိုက်တွန်းအားပေးနေချိန်မှာ customer တစ်ဦးနဲ့တစ်ဦး မိုဘိုင်းဖုန်းကနေ တစ်နေ့တာအတွင်း အချိန်မရွေး၊ ချက်ချင်း၊ အခမဲ့ ငွေလွှဲနိုင်အောင် ဝန်ဆောင်မှုပေးနေတဲ့အတွက် လူကိုယ်တိုင် ထိတွေ့ပြီး ငွေပေးချေရမယ့် အကြိမ်အရေအတွက်ပေါင်း သန်းပေါင်းများစွာကို ကာကွယ်ပြီးသားလည်း ဖြစ်စေပါတယ်။

“COVID-19 က မြန်မာနိုင်ငံက ပြည်သူတွေ ဘဏ်ဝန်ဆောင်မှု ရယူတဲ့ပုံစံ၊ ဈေးဝယ်တဲ့ပုံစံ၊ တစ်ဦးနဲ့တစ်ဦး ထိတွေ့ ဆက်သွယ်တဲ့ ပုံစံတွေကို ဒစ်ဂျစ်တယ်နည်းပညာနဲ့ ဆောင်ရွက်လာအောင် အခြေခံကျကျ ပြောင်းလဲရာမှာ အရှိန်မြှင့်တင် ပေးနိုင်ခဲ့ပါတယ်။ COVID-19 ကူးစက်ရောဂါ ဖြစ်ပွားနေတဲ့ကာလအတွင်းမှာ ကျွန်မတို့ KBZPay ကနေ မြန်မာနိုင်ငံက ပြည်သူတွေ လုံခြုံဘေးကင်းစွာနဲ့ ဆက်ပြီး ချိတ်ဆက်ပေါင်းစည်းနိုင်အောင် ကူညီပေးနိုင် ခဲ့တဲ့ ရင်းမြစ်တစ်ခု ဖြစ်လာတာဟာ တစ်ကယ့်ကို ဂုဏ်ယူစရာ အချက်တစ်ချက်ပါပဲ။ COVID-19 ရောဂါဆိုတာ စုပေါင်းအားနဲ့ ရင်ဆိုင်တိုက်ခိုက်ရမယ့် တိုက်ပွဲ တစ်ခုဖြစ်ပြီး ကျွန်မတို့တွေအားလုံး လုံခြုံဘေးကင်းစွာနဲ့ ခံနိုင်ရည်ရှိရှိ ရပ်တည်နိုင်အောင် တစ်ဦးနဲ့တစ်ဦး ဖေးမကူညီရမှာ ဖြစ်ပါတယ်” လို့ ကမ္ဘောဇဘဏ်ရဲ့ ဒုတိယအမှုဆောင်အရာရှိချုပ် ဒေါ်နန်းလိုင်းခမ်းက ဆိုပါတယ်။
 
ဒီနှစ် သီတင်းကျွတ်နဲ့ တန်ဆောင်တိုင် ပွဲတော်တွေမှာ တော်တော်များများ ကိုယ်ချစ်ခင်ရသူတွေနဲ့ အတူဆင်နွှဲဖို့ နေအိမ်၊ မွေးရပ်ဇာတိမြေကို မပြန်နိုင်ကြတဲ့အတွက် KBZPay က မိုဘိုင်းပိုက်ဆံအိတ်ကို အသုံးပြုပြီး လုံခြုံ ဘေးကင်းစွာနဲ့ တစ်ဦးနဲ့ တစ်ဦး ဆက်လက် ချိတ်ဆက်ပေါင်းစည်းကြစေဖို့ တိုက်တွန်းအားပေးနေပါတယ်။
 
ဒီသတင်းစကားကို ပြည်သူတွေအကြား ပိုပြီး ကျယ်ကျယ်ပြန့်ပြန့် မျှဝေနိုင်ဖို့ တီဗွီကြော်ငြာအသစ်တစ်ခု https://tinyurl.com/y3asfok4 ရိုက်ကူးဖန်တီးခဲ့ပြီး KBZPay ဟာ ပလက်ဖောင်းတစ်ခုတင်မက ပြည်သူတွေ အကြား ချိတ်ဆက်ပေါင်းစည်းခြင်းရဲ့ သင်္ကေတတစ်ခု ဖြစ်တယ်ဆိုတဲ့ အဓိပ္ပာယ်ကို ပိုပြီး လေးနက်စေမှာ ဖြစ်ပါတယ်။ ဒီ ဗီဒီယိုထဲမှာ ကူးစက်ရောဂါ ဖြစ်ပွားနေတဲ့ ကာလအတွင်း တစ်ဦးနဲ့တစ်ဦး အရင်ကလို ချိတ်ဆက်နိုင်ဖို့ ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေ၊ အလုပ် လုပ်ကိုင်ပုံ၊ ဈေးဝယ်ပုံ၊ ပျော်စရာတွေ မျှဝေပုံနဲ့ အရေးအကြီးဆုံးဖြစ်တဲ့ ချစ်ခြင်းမေတ္တာကို ပြသရာမှာ ပြောင်းလဲလာတဲ့ ပုံစံတွေကို အဓိက ဖန်တီးပြသထားပါတယ်။

ဒီကြော်ငြာမှာ အနုပညာကြယ်ပွင့်တွေဖြစ်တဲ့ အကယ်ဒမီဆုရှင် ဖွေးဖွေး၊ နာမည်ကျော် ဘလော့ဂါ ထက်အောင်ကျော်၊ မော်ဒယ်သရုပ်ဆောင်နဲ့ ဖက်ရှင်ဒီဇိုင်နာ မေတိုးခိုင်၊ ခရီးသွား ဘလောဂါဇနီးမောင်နှံဖြစ်တဲ့ Ah Boy နဲ့ မြတ်၊ မော်ဒယ်သရုပ်ဆောင် ထက်ဦးထွဋ် တို့နဲ့အတူ ဘလော့ဂါအမွှာညီအစ်ကိုနှစ်ဦးဖြစ်တဲ့ မင်းခန့်ကိုနဲ့ ဖြိုးပိုင်ညီညီတို့ ပါဝင် သရုပ်ဆောင် ထားပါတယ်။

ဒီကြော်ငြာဟာ အနုပညာရှင်တစ်ဦးစီကို ထိတွေ့မှုမရှိဘဲ အဝေးကနေ သီးခြားစီ ရိုက်ကူးဖန်တီးခဲ့တဲ့ KBZPay ရဲ့ ပထမဆုံး “socially distanced” တီဗွီကြော်ငြာ ဖြစ်ပါတယ်။ COVID-19 ကြောင့် မိမိနေအိမ်တွေမှာပဲ နေထိုင်ကြဖို့ အမိန့်ထုတ်ပြန်ထားတဲ့ ကာလမှာ ကမ္ဘောဇဘဏ်ရဲ့ creative အဖွဲ့သားတွေက နောက်ကွယ်က ရိုက်ကူးရေးအလုပ်တွေကို အဝေးကနေ စီမံခန့်ခွဲခဲ့ပြီး သရုပ်ဆောင်တွေက သူတို့ရဲ့ အပိုင်းတွေကို နေအိမ်တွေမှာပဲ ရိုက်ကူးခဲ့ကြတာ ဖြစ်ပါတယ်။

အခုလို ပွဲတော်ကာလအတွင်းမှာ ပရဟိတအဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်ချင်တာပဲဖြစ်ဖြစ်၊ သူတို့ရဲ့ ပရဟိတ လုပ်ငန်းတွေကို ပံ့ပိုးချင်တာပဲဖြစ်ဖြစ် KBZPay အက်ပလီကေးရှင်းထဲက လှူဒါန်းရန် နေရာကို ဝင်ရောက်ပြီး လှုဒါန်းနိုင်ပါတယ်။ KBZPay အက်ပလီကေးရှင်း အဆင့်မြှင့်တင်ထားတဲ့ ဗားရှင်းကို ဒေါင်းလုဒ်ရယူချင်ရင်တော့ Google Play Store နဲ့ Apple App Store တွေမှာ ရယူနိုင်ပါတယ်။
 
KBZPay ရဲ့ နည်းပညာထုတ်ကုန်နဲ့ ဝန်ဆောင်မှု အသစ် အကြောင်း ပိုပြီး သိရှိလိုတယ်ဆိုရင် KBZPay ရဲ့ Facebook စာမျက်နှာ www.facebook.com/KBZPay မှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required