COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက် TCP Group မှ စုစုပေါင်း မြန်မာကျပ်ငွေ ၁၃၆.၃ သန်း (104,800 USD) လှူဒါန်း

COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက် TCP Group မှ စုစုပေါင်း မြန်မာကျပ်ငွေ ၁၃၆.၃ သန်း (104,800 USD) လှူဒါန်း

ဤလှူဒါန်းမှုသည် COVID-19 ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်နှင့် ပတ်သက်၍ TCP Group ၏ လှူဒါန်းခြင်းဖြစ်သည်။

ရန်ကုန်၊ မြန်မာ၊ အောက်တိုဘာ ၃၀၊ ၂၀၂၀ ။ ။ Red Bull အားဖြည့် အချိုရည်နှင့် Sponsor ရေဓာတ်အားဖြည့် အချိုရည်တို့ ဖြန့်ဖြူးရောင်းချပေးလျက်ရှိသော TCP Group အဖွဲ့ဝင် TCPMM Private Limited သည်  မြန်မာနိုင်ငံရှိ COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက် စုစုပေါင်း မြန်မာကျပ်ငွေ ၁၃၆.၃ သန်း (104,800 USD) တန်ဖိုးရှိ ရန်ပုံငွေများကို လှူဒါန်းခဲ့သည့်အပြင် ထိုင်းဘတ်ငွေ ၁ သန်းကိုလည်း ထိုင်း-မြန်မာ Business Council သို့ ရန်ပုံငွေအဖြစ် ပေးအပ်လှူဒါန်းသွားမည်ဖြစ်သည်။ TCPMM Private Limited သည် အဆိုပါ ရန်ပုံငွေများကို COVID-19 ပြန်လည်ထူထောင်ရေးနှင့် ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်နေ သော မြန်မာနိုင်ငံ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် လူထုအခြေပြု ပရဟိတအဖွဲ့များဖြစ်သည့် We Love Yangon နှင့် We Love Rakhine  အဖွဲ့နှစ်ဖွဲ့သို့ အသီးသီး ခွဲဝေလှူဒါန်းခဲ့သည်။

ပထမအကြိမ်လှူဒါန်းမှုကို မန္တလေးတိုင်းဒေသကြီး၏ COVID-19 ရောဂါကာကွယ်ထိန်းချုပ်ကုသရေးအတွက် အသုံးပြုရန် မြန်မာကျပ်ငွေ ၇ သန်းကို ၂၀၂၀ ပြည့်နှစ်၊ ဧပြီလ ၉ ရက်နေ့တွင် စတင်လှူဒါန်းခဲ့သည့်အပြင် စုစုပေါင်း မြန်မာငွေကျပ် ၈ သန်း တန်ဖိုးရှိ Red Bull နှင့် Sponsor အချိုရည်များကို ရန်ပုံငွေနှင့်အတူ မန္တလေး အထွေထွေရောဂါကုဆေးရုံကြီး နှင့် ဝေဘာဂီဆေရုံရှိ ကျန်မာရေး ဝန်ထမ်းများအတွက် ရည်ရွယ်၍ ပေးအပ်လှူဒါန်းခဲ့သည်။

ဒုတိယအကြိမ်လှူဒါန်းမှုအနေဖြင့်လည်း မြန်မာကျပ်ငွေ ၁၅ သန်းကျော် တန်ဖိုးရှိ ထုတ်ကုန်ပစ္စည်းများ၊ ရောဂါကာကွယ်ရေးပစ္စည်းများနှင့် ရန်ပုံငွေများအပြင် ရှေ့တန်းတိုက်ပွဲဝင် ကျန်းမာရေးစောင့်ရှောက်မှု ပညာရှင်များအတွက် အထောက်အကူဖြစ်စေရန်အတွက် မြန်မာနိုင်ငံရှိ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသို့ N95 Mask ၅ ထောင်၊ We Love Yangon အသင်းအဖွဲ့သို့ ရန်ပုံငွေအဖြစ် မြန်မာကျပ်ငွေ ၁၀ သန်းနှင့်အတူ Sponsor ရေဓာတ်အားဖြည့် အချိုရည်ဘူး ၆၀၀ ကို အသီးသီး လှူဒါန်းခဲ့သည်။

TCPMM  မှ ယခု တတိယအကြိမ်မြောက်တွင် မြန်မာနိုင်ငံရှိ COVID-19 ပြန်လည်ထူထောင်ရေးနှင့် ကယ်ဆယ်ရေးအတွက် မြန်မာကျပ်ငွေ ၉၆ သန်း  (74,000 USD) တန်ဖိုးရှိ ရန်ပုံငွေများ၊ ဆေးဝါးဆိုင်ရာ အထောက်အကူပြုပစ္စည်းများ၊ Red Bull နှင့် Spnosor အချိုရည်များကို ကျန်းမာရေးဝန်ထမ်းများအတွက် ရည်ရွယ်၍ ပေးအပ်လှူဒါန်းခဲ့ခြင်းဖြစ်သည်။ အဆိုပါ ရန်ပုံငွေများကို COVID-19 ပြန်လည်ထူထောင်ရေးနှင့် ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်နေသော မြန်မာနိုင်ငံ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် လူထုအခြေပြု ပရဟိတအဖွဲ့များဖြစ်သည့် We Love Yangon နှင့် We Love Rakhine  အဖွဲ့နှစ်ဖွဲ့နှင့်အတူ မန္တလေး အထွေထွေရောဂါကုဆေးရုံကြီး၊ ကန်တော်နဒီဆေးရုံနှင့် ဇီးပင်ကြီး Quarantine စင်တာသို့ အသီးသီး ခွဲဝေလှူဒါန်းခဲ့သည့်အပြင် ထိုင်းဘတ်ငွေ ၁ သန်းကိုလည်း ထိုင်း-မြန်မာ Business Council သို့ ရန်ပုံငွေအဖြစ် ပေးအပ်လှူဒါန်းသွားမည်ဖြစ်သည်။

We Love Yangon နှင့် We Love Rakhine အဖွဲ့နှစ်ဖွဲ့သို့ အောက်တိုဘာလ ၅ ရက်နေ့က ပေးအပ်လှူဒါန်းခဲ့ပြီး မြန်မာနိုင်ငံ ကျန်းမာရေးနှင့်  အားကစားဝန်ကြီးဌာနသို့ အောက်တိုဘာလ ၈ ရက်နေ့တွင် ပေးအပ်လှူဒါန်းခဲ့ သည်။ TCPMM သည် အဆိုပါ လူထုအခြေပြုပရဟိတအဖွဲ့ နှစ်ဖွဲ့နှင့် ပူးပေါင်းပြီး ရန်ကုန်နှင့် ရခိုင်ဒေသရှိ COVID-19 ဒုတိယလှိုင်း၏ ရိုက်ခတ်မှု ဒဏ်ကို ခံစားနေရသော လူများကို အကျိုးခံစားခွင့်များ ရရှိစေရန် ရည်ရွယ်၍ ပြန်လည်ထူထောင်ရေးနှင့် ကယ်ဆယ်ရေးလုပ်ငန်းများတွင် ပါဝင်လုပ်ဆောင်ခဲ့သည်။

TCPMM သည် ၎င်း၏ နိုင်ငံတကာအမှတ်တံဆိပ် ကမ္ဘာကျော်ကုန်ပစ္စည်းဖြစ်သည့် နာမည်ကြီး Red Bull  စွမ်းအားဖြည့်အချိုရည် နှင့် ပူပြင်းသည့် မြန်မာရာသီဥတုတွင် ရေဓာတ်ပြန်လည်ဖြည့်တင်းမှုကို အကောင်းဆုံးပေး စွမ်းနိုင်သည့် အားဖြည့်အချိုရည်များဖြစ်သော Sponsor ရေဓာတ်အားဖြည့်အချိုရည်တို့ကို မြန်မာနိုင်ငံတွင် ဖြန့်ဖြူးရောင်းချလျက်ရှိသည်။ TCP Group သည် TCPMM ၏ မိခင်ကုမ္ပဏီဖြစ်ပြီး ထိုင်းနိုင်ငံအခြေစိုက်ဖြစ်ကာ Red Bull နှင့် Sponsor အပြင် Ready၊ Mansome၊ Puriku၊ Sunsnack တံဆိပ်များကို ကမ္ဘာလုံး ဖြန့်ဖြူးရောင်းချလျက်ရှိသည်။ TCP Group ၏ ကမ္ဘာလုံးဆိုင်ရာ ရည်မှန်းချက်သည် လူမှုရေးတန်ဖိုးများကို လေးစားရန်နှင့် ကမ္ဘာတစ်ဝန်းရှိ ၎င်း၏ လုပ်ငန်းလည်ပတ်မှုတန်ဖိုးကို သက်တန်းတစ်လျှောက်လုံး ရေရှည်တည်တံ့စေမည့် အလေ့အကျင့်များ ရရှိစေရန်ဖြစ်သည်။

“ကျွန်မတို့အနေနဲ့ မြန်မာနိုင်ငံသားတွေအားလုံးဟာ COVID-19 ရောဂါကူးစက်မှုကြောင့် ဖြစ်ပွားရတဲ့ စားဝတ်နေရေး အကျပ်အတည်းကာလကို ၂ ကြိမ်တိုင်တိုင် ပြင်းပြင်းထန်ထန် ခံစားနေရတယ်ဆိုတာကို သိရှိရပါတယ်။ ဒါ့ကြောင့် TCPMM အနေနဲ့  ဒီခက်ခဲလွန်းတဲ့ကာလမှာ  မြန်မာနိုင်ငံသားတွေအနေနဲ့ ခံနိုင်ရည်ရှိဖို့နဲ့  ကောင်းမွန်တဲ့ အခြေအနေတစ်ခုကို ဆက်လက်ထိန်းသိမ်းထားနိုင်စေဖို့ ဆန္ဒပြု ရည်ရွယ်ကာ ဒီ ကြီးမားတဲ့ လှူဒါန်းမှုမှာ ကယ်ဆယ်ရေး ရန်ပုံငွေတွေ၊ ပစ္စည်းတွေ ထည့်ဝင် လှူဒါန်းရခြင်းဖြစ်ပါတယ်။ဒီကူးစက်ရောဂါကြီးကို တိုက်ဖျက်နိုင်ဖို့နဲ့ နိုင်ငံသားအားလုံး ဘေးကင်းလုံခြုံစွာရှိနေဖို့အတွက် မြန်မာနိုင်ငံ ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနကနေ ဦီးဆောင်ပြီး ဒေသခံ တာဝန်ရှိသူတွေနဲ့ ပူပေါင်းလုပ်ဆောင်နေပါတယ်။ TCPMM ဟာ ထိုင်းနိုင်ငံရဲ့ TCP Group ရဲ့ တည်ထောင်သူ Mr. Chaleo Yoovidhya ထံကနေ ခံနိုင်ရည်ရှိမှုနဲ့ ရေရှည် တည်တံ့မှု တန်ဖိုး တွေကို အမွေရရှိခဲ့တာဖြစ်ပြီး ကျွန်မတို့အနေနဲ့ မြန်မာနိုင်ငံဈေးကွက်အတွင်းမှာလည်း အလားတူ ပရဟိတစိတ်ဓာတ်ကို ဆက်လက် မြှင့်တင့်လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်” ဟု TCPMM ၏ Country Director ဖြစ်သူ Ms. Sarah Lee က ပြောကြားခဲ့သည်။

We Love Yangon သည် ၂၀၂၀ ခုနှစ်၊ မတ်လ ၅ ရက်နေ့တွင် စတင်တည်ထောင်ခဲ့သည့် လူထုအခြေပြု ပရဟိတအဖွဲ့အစည်းတစ်ခုဖြစ်ပြီး ဒေသခံလူများ၏ လူနေမှုဘဝကို မြှင့်တင့်ကာ လူ့အဖွဲ့အစည်းအတွင်း အဓိပ္ပာယ်ပြည့် ဝသော ပြောင်းလဲခြင်းများ လုပ်ဆောင်သွားမည်ဟု ရည်ရွယ်ထားသည့် အဖွဲ့အစည်း တစ်ခုဖြစ်သည်။ We Love Yangon ကို Free Funeral Service အဖွဲ့အစည်းရဲ့ Co-Founder တစ်ဦးဖြစ်သည့်အပြင် YCDC အဖွဲ့ဝင် တစ်ဦးလည်း ဖြစ်သည့် ဒေါ်သန်းမြင့်အောင်မှ ဥက္ကဌအဖြစ် တာဝန်ယူဆောင်ရွက်လျက်ရှိသည်။

COVID-19 တိုက်ဖျက်ရေးကာလအတွင်း We Love Yangon ပရဟိတအဖွဲ့သည် ရန်ကုန်တိုင်းဒေသကြီးရှိ ကျေးလက်နေရာများတွင် နေထိုင်သော အခြေခံလူတန်းစား အိမ်ထောင်စုများကို လိုအပ်သော အကူအညီများကို ပေးသည့်အပြင် အခြေခံစားသောက်ကုန်များကိုလည်း ရန်ကုန်မြို့ပေါ်အတွင်း Lockdown ကျရောက်နေသော နေအိမ်များ၊ Quarantine စင်တာများ၊ ဘုန်းကြီးကျောင်းများနှင့် ဆေးရုံများကို လိုက်လံမျှဝေ ထောက်ပံ့ပေး လျက်ရှိသည်။

We Love Rakhine လူထုအခြေပြု ပရဟိတအဖွဲ့အစည်းကို ၂၀၂၀ ခုနှစ်၊ ဩဂုတ်လ ၂၈ ရက်နေ့တွင် တည်ထောင်ခဲ့ပြီး ဒေသခံလူများ၏ လူနေမှုဘဝကို မြှင့်တင့်ရန်နှင့် ကျန်းမာရေး၊ လူမှုရေးနှင့် ပညာရေးဆိုင်ရာ တိုးတက်ပြောင်းလဲမှုများဖြစ်စေရန် ရည်ရွယ်၍ ဖွဲ့စည်းထားသော အဖွဲ့အစည်း တစ်ခုဖြစ်သည်။

TCPMM အနေဖြင့် အစိုးရအဖွဲ့အစည်းများ၊ အခြား စီးပွားရေးမိတ်ဖက်ဖွဲ့ဝင်များနှင့် ပူးပေါင်း၍ ဤအကျပ်အတည်းကာလအတွင်း မြန်မာနိုင်ငံအနေဖြင့် ကောင်းမွန်သည့် အခြေအနေတစ်ခုကို ခံနိုင်ရည်ရှိစွာ ဆက်လက် ထိန်းသိမ်းထားနိုင်ပြီး လူ့အဖွဲ့အစည်းဆိုင်ရာ လုပ်ဆောင်ချက်များ ပိုမို အားကောင်းလာစေရန် ဆန္ဒပြု ရည်ရွယ်ကာ ကယ်ဆယ်ရေး ရန်ပုံငွေများ၊ ပစ္စည်းများ ထည့်ဝင် လှူဒါန်းရခြင်း ဖြစ်သည်။

TCP Group ၏ အမှုဆောင်အရာရှိချုပ် Mr.Saravoot Yoovidhya က “၂၀၁၇ ခုနှစ်ကတည်းက မြန်မာနိုင်ငံစျေးကွက်ဟာ လျင်မြန်စွာ တိုးတက်လာပြီး TCP Group ရဲ့ အလေးထားဆောင်ရွက်ဖို့ အရေးပါတဲ့ စျေးကွက် တစ်ခု ဖြစ်လာတယ်။ လက်ရှိဖြစ်ပွားနေတဲ့ COVID-19 ရောဂါကူးစက်မှု အခြေအနေအောက်မှာ မြန်မာနိုင်ငံသားတွေနဲ့အတူ  ကျန်းမာရေးစောင့်ရှောက်မှုပေးသူတွေဟာ ကြီးမားတဲ့ စိန်ခေါ်မှုတွေကို ကြုံတွေ့နေရလို့ အကူအညီ တွေ အများအပြား လိုအပ်နေတယ်။ ကျွန်တော်တို့ဟာ ဒီကပ်ရောဂါကြီးကို မြန်မာနိုင်ငံကနေ အမြစ်ပြတ် ချေမှုန်းနိုင်တဲ့အထိ လုပ်ငန်းစဉ်တွေမှာ မရပ်တန့်ဘဲ အားလုံးနဲ့အတူ ပါဝင်လှုပ်ရှားနေမှာဖြစ်တယ်” ဟု ပြောကြား ခဲ့သည်။

About TCPMM Private Limited:

TCPMM ကို ၂၀၁၇ ခုနှစ်တွင် မြန်မာနိုင်ငံ၌ နိုင်ငံခြားသားပိုင် ကုမ္ပဏီ တစ်ခုအဖြစ် တည်ထောင်ခဲ့သည်။ TCPMM သည် ထိုင်းနိုင်ငံတွင် ရုံးချုပ်တည်ရှိသော TCP Group ၏ လက်အောက်ခံဖြစ်သည်။ ၂၀၁၉ ခုနှစ်တွင် TCPMM သည် လာမည့် နှစ်နှစ်အတွင်း လူ့စွမ်းအားအရင်းအမြစ် စွမ်းရည်မြှင့်တင်ခြင်းနှင့် ဒေသခံစားသုံးသူများအတွက် လုံခြုံပြီး အကောင်းဆုံးအရည်အသွေး ထုတ်ကုန်များကို ထုတ်လုပ်ရန်အတွက် ဒေသခံထုတ်လုပ်သူ နှင့် လက်တွဲလုပ်ဆောင်ရန် အမေရိကန်ဒေါ်လာ ၅ သန်း ရင်းနှီးမြှပ်နှံသွားမည်ဖြစ်ကြောင်း ရည်ရွယ်ချက် ချမှတ်ခဲ့သည်။

TCPMM သည် နိုင်ငံတကာအသိအမှတ်ပြု အမှတ်တံဆိပ် အားဖြည့်အချိုရည် Red Bull နှင့် ထိုင်းနိုင်ငံ၏ နံပါတ် ၁ ရေဓာတ်ဖြည့်အချိုရည် Sponsor ကို ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချနေပြီး အဆိုပါ အချိုရည်သည် မြန်မာနိုင်ငံ၏ အပူပိုင်းရာသီဥတုအတွက် လိုအပ်သော ရေဓာတ်ဆုံးရှုံးမှုကို ထိန်းသိမ်းပေးသည်။ Red Bull ထုတ်ကုန်များနှင့် Sponsor 325ml ဘူးများကို ထိုင်းနိုင်ငံမှ တင်သွင်းခြင်းဖြစ်သည်။

About TCP Group:

TCP Groupသည် ကမ္ဘာတစ်ဝန်းရှိ နိုင်ငံပေါင်း ၁၇၀ ကျော်တွင် အားဖြည့်အချိုရည်၊ ရေဓာတ်ဖြည့်အချိုရည်၊ အသင့်သောက်သုံးနိုင်တဲ့ လက်ဖက်ရည်နှင့် စားစရာများ အပါအဝင် ထုတ်ကုန် ၆ မျိုးကို ထုတ်လုပ်ဖြန့်ချိ ရောင်းချလျက်ရှိသည်။ TCP Groupသည် တစ်ကမ္ဘာလုံးတွင် ၀န်ထမ်း ၅,၀၀၀ ကျော်ကို အလုပ်ခန့်အပ်ထားသည်။

TCP Group သည် ကမ္ဘာပေါ်တွင် လေးစားတန်းဖိုးထားရသည့် ထိုင်းကုမ္ပဏီများထဲမှ တစ်ခုအဖြစ် ပြောင်းလဲရန်နှင့် စီးပွားရေး၊ လူမှုရေးနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာနယ်ပယ်များမှ သက်ဆိုင်သူများနှင့် ပူးပေါင်း၍ ၎င်း၏ ဂုဏ်သိက္ခာ၊ အရည်အသွေးနှင့် သဟဇာတဖြစ်မှု သုံးခုတွင် ရေရှည်တည်တံ့ခိုင်မြဲမှုဆီသို့ ရည်ရွယ်ဦးတည် လုပ်ဆောင်သွားမည်ဖြစ်သည်။

For further information, please contact:
TCP Group: Ms. Natha Boonprasit
Email: [email protected]

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly