ပါကစ္စတန်မှာ ပါးစပ်နှာခေါင်းစည်းမတပ်မနေရ စည်းကမ်းထုတ်ထားသော်လည်း လိုက်နာသူနည်းပါး

ပါကစ္စတန်မှာ ပါးစပ်နှာခေါင်းစည်းမတပ်မနေရ စည်းကမ်းထုတ်ထားသော်လည်း လိုက်နာသူနည်းပါး

အောက်တိုဘာ  ၃၀  

ဆောင်းရာသီကို ချင်းနင်းဝင်ရောက်လာပြီဖြစ်တဲ့ ဆင်းရဲတဲ့ပါကစ္စတန်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ဒုတိယလှိုင်းကူးစက်မှုကို တားဆီးနိုင်ဖို့  ပါးစပ်နှာခေါင်းစည်းမတပ်မနေရအမိန့်ကို အောက်တိုဘာ ၂၉ ရက်က ထုတ်ပြန်ခဲ့ ပါတယ်။

လူနေထူထပ်တဲ့ မြို့ပြဒေသတွေရဲ့အနေအထားနဲ့ ကျန်းမာရေးစနစ်ပြိုလဲလုဖြစ်နေတဲ့ ဆေးရုံတွေ မနိုင်မနင်းဖြစ်မှာကို စိုးရိမ်ခဲ့ကြပြီး ပါကစ္စတန်မှာ  ကပ်ရောဂါရဲ့ ဆိုးရွားပြင်းထန်မှုကို လပေါင်းများစွာ ရှောင်တိမ်းနိုင်ခဲ့ဟန်ရှိ ပါတယ်။

ဒါပေမယ့် ပြီးခဲ့တဲ့သီတင်းပတ်တွေမှာ ရောဂါကူးစက်မှုတွေ ပုံမှန်မြင့်တက်လာခဲ့ပါတယ်။

ပါကစ္စတန်ကျန်းမာရေးတာဝန်ရှိသူတွေက နိုင်ငံရဲ့ အဓိကမြို့ကြီးတွေမှာ ပါးစပ်နှာခေါင်းစည်းတွေ မဖြစ်မနေ တပ်ခိုင်းတာ၊ လူထူထပ်တဲ့နေရာတွေကို လော့ဒေါင်းချခိုင်းတာနဲ့  လုပ်ငန်းတချို့လည်ပတ်တဲ့ အချိန်ကို ကန့်သတ် တာ စတဲ့ စည်းကမ်းချက်တွေကို ကြာသပတေးနေ့က စတင်လိုက်နာဖို့ ထုတ်ပြန်ခဲ့ပါတယ်။  

နောက်ဆုံးထုတ်ပြန်လိုက်တဲ့ လမ်းညွှန်ချက်တွေဟာ တမန်တော်မိုဟာမက်ရဲ့မွေးနေ့ ကျင်းပဖို့ တစ်ရက်အလိုမှာ ဖြစ်ပြီး အဆိုပါအားလပ်ရက်မှာ နိုင်ငံတစ်ဝန်းမှာရှိတဲ့ လမ်းတွေမှာ လူထောင်ပေါင်းများစွာစုဝေးမယ်လို့ မျှော်လင့်ရပါတယ်။  

ဈေးဝယ်တစ်ဦးဖြစ်တဲ့ ဇူလစ်ဖ်ကာဆိုသူက “ ဥရောပါမှာဆို နှာခေါင်းစည်းမတပ်ရင် ဒဏ်ကြေးအများကြီးဆောင်ရတယ်၊ အိမ်မှာ နှစ်ပတ်နေရတယ်။ နှာခေါင်စည်းမတပ်ရင် အနည်းဆုံး ရူပီး ၅၀၀ လောက် ဒဏ်ငွေဆောင် သင့်ပါတယ်။ အဲဒါမှ လူတွေ စည်းကမ်းလိုက်နာမှာ ။ မဟုတ်ရင် သူတို့ကို ထိန်းချုပ်ဖို့ ခက်ခဲလိမ့်မယ်” လို့ပြောပါတယ်။

ကျောင်းသားတစ်ဦးဖြစ်တဲ့ နာဘီခန်က “လော့ဒေါင်းချလိုက်ရင် ကျွန်တော်တို့ အရင်ကလို အချိန်တွေ ဖြုန်းသလို ပြန်ဖြစ်သွားလိမ့်မယ်။ ရောဂါဖြစ်ပွားမှုတွေ ဆိုးလာရင် ကောလိပ်တွေပြန်ပိတ်သွားလိမ့်မယ်။

နောက်လအနည်းငယ်ဆို စာမေးပွဲတွေ ဖြေရတော့မှာ။ အခြေအနေမပြောင်းလဲဘဲ လော့ဒေါင်းကျရင်  စာသင်နှစ် အောက်သွားလိမ့်မယ်။ ဒါကြောင့် နှာခေါင်းစည်းတပ်ကြပါလို့ ကျွန်တော်ပြောချင်ပါတယ်” လို့ ဆိုပါတယ်။

ဆိုင်ပိုင်ရှင် မိုဟာမက်က “ အစ္စလာမာဘတ်မြို့မှာတော့ ဆိုင်တွေထဲမဝင်ခင် နှာခေါင်းစည်းတပ်သင့်ပါတယ်။ စားသောက်ဆိုင်တွေမှာလည်း နှာခေါင်းစည်း မဖြစ်မနေတပ်ရပါတယ်။ ဆိုင်ရောက်လာတဲ့သူတွေကို အရင်ဆုံး လက်သန့်စင်နိုင်အောင် လက်သန့်ဆေးရည် ထားပေးထားပါတယ်” လို့ပြောပါတယ်။  

ပါကစ္စတန်မှာ ကိုရိုနာဗိုင်းရပ်စ် စတင်ဝင်ရောက်ခဲ့တဲ့ ဖေဖော်ဝါရီနောက်ပိုင်း ရောဂါကူးစက်ခံရသူ ၃၃၁ ၀၀၀ ဦးရှိပြီး ၆ ၇၀၀ ဦးသေဆုံးထားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly