၁၆မိုင် စစ်ဆေးရေးဂိတ်အနီးတွင် တွေ့ရှိသော အချိန်ကိုက်မိုင်းသည် လက်လုပ်မိုင်းဖြစ်ကြောင်း စစ်ဌာနချုပ်အတည်ပြု

၁၆မိုင် စစ်ဆေးရေးဂိတ်အနီးတွင် တွေ့ရှိသော အချိန်ကိုက်မိုင်းသည် လက်လုပ်မိုင်းဖြစ်ကြောင်း စစ်ဌာနချုပ်အတည်ပြု

 

အောက်တိုဘာ ၂၈ ရက် ညပိုင်းက ၁၆မိုင် စစ်ဆေးရေးဂိတ်အနီးမှာ တွေ့ရှိခဲ့တဲ့ အချိန်ကိုက်ဗုံးဟာ အစစ်ဖြစ်ပြီး ဒီဗုံးဟာ လက်လုပ်မိုင်းဖြစ်တယ်လို့ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်က ပြောရေးဆိုခွင့်ရှိသူက အတည်ပြုပြောပါတယ်။

ကုန်တင်ကားတွေအဖြတ်အသန်းများတတ်တဲ့အချိန် ည ၇ နာရီ ၄၅ မိနစ်လောက်ကတွေ့ခဲ့တဲ့ အဲဒီ လက်လုပ်မိုင်းကို အစိုးရကို ပုန်ကန်နေတဲ့ လက်နက်ကိုင်အဖွဲ့တွေအကုန်လုံးလုပ်တတ်တယ်လို့ စစ်ဘက်အရာရှိက မှတ်ချက်ပြုပေမယ့် ဗုံးပေါက်ကွဲအားကတော့ သာမန်လောက်ပဲဖြစ်နိုင်တယ်လို့ သုံးသပ်ထားပါတယ်။ 

တည်းဖြတ် / တင်ဆက် - အောင်ကိုဦး
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly