ကိုဗစ်ကြောက်စရာမလိုတဲ့ သရဲခြံ

28 October 2020
ကိုဗစ်ကြောက်စရာမလိုတဲ့ သရဲခြံ

အမေရိကန် ဆောင်းဦးရာသီမှာ ကျင်းပမြဲ တစ္ဆေကြီးများနေ့ကို ရောက်ပြီဆိုရင် ထိတ်လန့်တုန် လှုပ်မှုကို ခံစားလိုသူတွေဟာ သရဲခြောက်တဲ့အိမ်တွေကို အလည်သွား လေ့ရှိကြပါတယ်။ ကယ်လီဖိုးနီးယားပြည်နယ် ဆန်ဖရန်စ္စကိုမြို့မှာတော့ ကိုရိုနာဗိုင်းရပ်စ်ဘေးရှိပေမယ့် တစ္ဆေကြီးများနေ့ ပျော်ရွှင်ပွဲတွေကို ပိတ်ပင်မထား တာကြာင့် သရဲအိမ်တလုံးဟာ ကိုရိုနာဗိုင်းရပ်စ်ကူးခံမှာလည်း ပူစရာမလို၊ တချိန်တည်းမှာပဲ သရဲခြောက်ခံသူတွေလည်း ဆန္ဒပြည့်အောင် မကောင်းဆိုးရွား တွေရှိတဲ့ ခြံဝင်းထဲကို ကိုယ့်ကားနဲ့ကိုယ်မောင်းဝင်ပြီး လည်ပတ် နိုင်အောင် လုပ်ထားတာပါ။ အေပီသတင်းလွှာကို  မအေးသန္တာကျော် တင်ဆက်ထားပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly