လွိုင်ကော်မြို့ ယာယီကုန်တင်ယာဉ် ရပ်နားစခန်းတွင် ယာဉ်မောင်း ၂ ဦး ကိုဗစ်ပိုးတွေ့

လွိုင်ကော်မြို့ ယာယီကုန်တင်ယာဉ် ရပ်နားစခန်းတွင် ယာဉ်မောင်း ၂ ဦး ကိုဗစ်ပိုးတွေ့

အောက်တိုဘာ ။ ၂၆ ၊ ၂၀၂၀

ရှမ်းပြည်နယ်နှင့် ကယားပြည်နယ် နယ်စပ် လွိုင်ကော် မြို့အဝင် ဝါရီကောခူ အထက ကျောင်း ( ခွဲ )တွင် ဖွင့်လှစ်ထားသည့် ယာယီ ကုန်တင်ယာဉ်ရပ်နားစခန်းရှိ ယာဉ်မောင်းနှစ်ဦးတွင် ကိုဗစ်ပိုး တွေ့ရှိခဲ့ကြောင်း ကယား ပြည် နယ် ကုသရေးနှင့် ပြည်သူ့ ကျန်းမာ ရေး ဦးစီးဌာနမှူး ဒေါက်တာ ဌေးလွင် ပြောသည်။   

ယာဉ်ရပ်နားစခန်းတွင် ရောက်ရှိနေသော ယာဉ်အစီးရေ ၉၂ စီးရှိ ယာဉ်မောင်း၊ ယာဉ်နောက်လိုက် ၁၄၂ ဦးအား စစ်ဆေးခဲ့ရာ နှစ်ဦးတွင် ကိုဗစ်ပိုးတွေ့ရှိကြောင်း အောက်တိုဘာ ၂၆ ရက်က အဖြေထွက်ခဲ့သဖြင့် ရောဂါပိုးတွေ့ သူများ နှင့် ထိတွေ့ခဲ့သူ ကိုးဦးကိုလည်း ကွာရန်တင်းစင်တာသို့ ပို့ဆောင်ထားသည်။

“တွေ့တဲ့ နှစ်ယောက်ကို။ ပထမ တယောက်က  သူတို့ အဲဒီမှာ ကွာရန်တင်း  ၉ ယောက် လား မသိဘူး သူ တို့ ပေါင်း ပြီးတော့ နေကြတယ်။ အိပ်ကြတယ်။ အဲဒီကိုးယောက်ကို  ကျနော်တို့ စစ်လိုက်တယ်။ အ ကုန် Negative ပဲ။ သို့ သော် သူတို့ကို သီးသန့်တခါခွဲထားတယ်။ ခွဲထားပြီးတော့ အခု ကျနော်တို့က နတ လ ( နယ်စပ်ဒေသ တိုင်းရင်း သား လူငယ်များ ဖွံ့ဖြိုးရေး သင်တန်းကျောင်း ) ကွာရန်တင်းစင်တာ ကို ပို့လိုက် တယ်။ သူတို့ကို နောက် ၂ ရက်လောက် ကျရင် တခေါက်ပြန်စစ်ဦး မယ်။ Negative ပဲဆိုရင်တော့ သူတို့ ကို ပေးထွက်မယ်။ နောက်တယောက်ကျတော့ မနေ့ကမှ ရောက်တယ် ပြောတယ်ဗျာ။ ရန်ကုန်ကနေ။ အဲမှာ driver က ပိုးတွေ့ တယ်။ စပယ်ယာက Negative။ ”ဟု ပြောသည်။

ကုန်တင်ယာဉ် မောင်းများဖြစ်သည့် ပိုးတွေ့လူနာ ၂ ဦးသည် ရန်ကုန် နှင့် ရှမ်းပြည်နယ် ဒေသခံများ ဖြစ်ကြောင်း သိရသည်။

 ကယားပြည်နယ်အတွင်း သယ်ယူပို့ဆောင်နေသည့် ကုန်တင်ယာဉ်များကိုပါ အခြားဒေသမှ လာရောက် သည့်  ကုန်တင်ယာဉ်များဖြင့် ရောနှောထားရှိသဖြင့် နယ်ခံ ယာဉ်မောင်း၊ ယာဉ်နောက်လိုက်များက ကိုဗစ်ကူးစက် ခံရမည်ကို စိုးရိမ်နေကြောင်း ပြောသည်။

“ ပြည်နယ်ကကားတွေကို သတ်သတ်ထားပေး၊ တခြား နယ်စိမ်းကလာတဲ့ ကားတွေ ဆိုရင်လည်း သတ် သတ် ထားပေး၊ အဲဒါဆိုရင်ရတယ်။ အခုက ရောထားတဲ့ အခါကျတော့ အဆင်မပြေတော့ဘူး ကျနော်တို့ ဒေသခံကား တွေက ရောဂါပိုးလည်း မရှိဘူးဗျာ။ တခြားဒေသက လာတဲ့ကားတွေက ရောဂါ  ပိုးသယ် လာမယ် ဆိုရင် အကုန် ကူးကုန်မှာပဲ။ စိုးရိမ်တာ”ဟု လွိုင်ကော် မိုင်းလုံးရပ်ကွက်တွင် နေထိုင် ပြီး ကုန် တင်ကားမောင်းသူ ခွန်ကျော်ရဲက ပြောသည်။

ကယားပြည်နယ်တွင် ခရီးသည်တင်ယာဉ်များကို အောက်တိုဘာ လကုန်အထိ ပြေးဆွဲခွင့် ယာယီ ရပ်နားထား သ ဖြင့် ကုန် စည် စီးဆင်မှု မပြတ်တောက်စေရန် ကုန်တင်ယာဉ်များကို ဝါရီကောခူ အထက ကျောင်းခွဲ တွင် ရပ်နားပြီး လွိုင် ကော်မြို့သို့ တဆင့် ပို့ဆောင်နေခြင်း ဖြစ်သည်။

ကယားပြည်နယ် အစိုးရ ထုတ်ပြန်ချက်အရ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များကို ကျန်းမာရေး စစ်ဆေးမှု များ ဆောင်ရွက်ပေးနေပြီး ယနေ့အထိ ယာဉ် အစီးရေ ၇၀၀ နှင့် လူဦးရေ ၁၀၅၄ ဦးတို့ကို RDT Test Kit များဖြင့် ကိုဗစ်ပိုးရှိ၊မရှိ စစ်ဆေးပေးနိုင်ခဲ့ကြောင်း သိရသည်။

ကယားပြည်နယ်သည် ယခင်က နိုင်ငံအတွင်း တစ်ခုတည်းသော ကိုဗစ်ကင်းစင်ပြည်နယ်အဖြစ်ရပ်တည် ခဲ့သော်လည်း ကွာရန်တင်း ဝင်ရောက်နေသူများကို စစ်ဆေးချက်အရ အောက်တိုဘာလလယ်ခန့်မှ စတင်၍ ယနေ့အထိ ပို့တွေ့လူနာ စုစုပေါင်း ၇ ဦး ရှိနေပြီ ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required