ကိုဗစ်ကာလဖြစ်သော်လည်း ရိုးရာလက်လုပ်မီးပုံးတွေ ဆက်ထုတ်နေမယ့် မြိတ်မြို့က လက်မှုပညာရှင်

ကိုဗစ်ကာလဖြစ်သော်လည်း ရိုးရာလက်လုပ်မီးပုံးတွေ ဆက်ထုတ်နေမယ့် မြိတ်မြို့က လက်မှုပညာရှင်

နှစ်စဉ် သတင်းကျွတ် ရာသီမှာ မြန်မာ့ ရိုးရာ လက်လုပ် မီးပုံးတွေကို အစဉ် အလာ မပျက် ပြုလုပ် ရောင်းချနေတဲ့ ဦးကြီးမြင့်တို့ မိသားစုဟာ မြန်မာ့ရိုးရာလက်မှုပညာတွေ ပျောက် ပျက်မှာကို စိုးရိမ်တာကြောင့် ကိုဗစ်ကာလ ဖြစ်ပေမယ့်လည်း ရိုးရာလက်လုပ်မီးပုံးတွေကို ဝါသနာ အရ အရှုံးခံပြီး ဆက်လုပ် နေဦးမယ်လို့ ပြောပါတယ်။

 

ဒီနှစ်မှာတော့ ရိုးရာ လက်လုပ် မီးပုံးတွေကို အရင်နှစ်တွေကလို အလုံး အရေ အမြောက် အများ ပြုလုပ် ရောင်းချတော့မှာ မဟုတ်ဘဲ အလုံးရေ လျှော့ပြီး ပြုလုပ်မှာ ဖြစ်တယ်လို့ ပြောပါတယ်။

ရိုက်၊ကူး/ တည်းဖြတ်-  ဒီမိုးသွေး (မြိတ်)

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly