နိုင်ဂျီးရီးယားမှာ အစိုးရ စားနပ်ရိက္ခာဂိုဒေါင်ကို လူအများအပြားက မွှေနှောက် ခိုးယူဖျက်ဆီး

By AFP
25 October 2020
နိုင်ဂျီးရီးယားမှာ အစိုးရ စားနပ်ရိက္ခာဂိုဒေါင်ကို လူအများအပြားက မွှေနှောက် ခိုးယူဖျက်ဆီး

အောက်တိုဘာ ၂၅

နိုင်ဂျီးရီးယားနိုင်ငံအလယ်ပိုင်း ဂျိုစ် မြို့မှာရှိတဲ့ အစိုးရ စားနပ်ရိက္ခာ ဂိုဒေါင်တစ်ခုကို အောက်တိုဘာ ၂၄ ရက်မှာ လူထောင်နဲ့ချီတို့ ဝင်ရောက်မွှေနှောက် ခိုးယူဖျက်ဆီးခဲ့ကြပါတယ်။

ဒါဟာ အာဖရိကရဲ့ လူဦးရေအများဆုံး နိုင်ငံမှာ လူမှုဆိုင်ရာ ဆူပူအုံကြွမှု လှိုင်းတစ်ခု ဖြစ်ပေါ်နေချိန် ဒီ ဖြစ်ရပ်တစ်ခုလည်း ပေါ်ပေါက်လာခဲ့တာ ဖြစ်ပါတယ်။

နိုင်ငံအနောက်တောင်ပိုင်းက လာဂို့စ်နဲ့ အီးဒီ မြို့တွေမှာလည်း ခေတ်ပျက်ကာလအတွင်း အိမ်၊ အဆောက်အအုံတွေကို ဖောက်ထွင်း ပစ္စည်းလုယက်မှုတွေ ဖြစ်ပေါ်ခဲ့ပြီးနောက်ပိုင်း လူအုပ်စုတွေဟာ ဂျိုစ် မြို့မှာ ရှိတဲ့ ဂိုဒေါင်တစ်ခုကို ခုလို စီးနင်းခဲ့ကြတာ ဖြစ်ပါတယ်။

ဒီ ဂိုဒေါင်ကတော့ နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကို ထိန်းချုပ်ဖို့ ပြဋ္ဌာန်းတဲ့ လော့ခ်ဒေါင်းချမှတ်မှုတွေအတွင်း ဖြန့်ဝေပေးဖို့အတွက် ရည်ရွယ်ထားပုံ ရတဲ့ အစားအစာ ထောက်ပံ့ပစ္စည်းတွေကို သိုလှောင်ထားခဲ့တာ ဖြစ်ပါတယ်။

“ဒီနေ့ ဒီမှာ ဘာဖြစ်တာလဲ ဆိုတာကို ပြောရရင်တော့ ကျွန်မတို့ ဒီကို ရောက်လာခဲ့ကြတယ်၊ ဒီဂိုဒေါင်မှာ အစားအစာတွေ သိုလှောင်ထားတယ်လို့ လူတွေက ပြောနေခဲ့ကြတယ်၊ ဒီတော့ ကျွန်မတို့ ဒီကို လာကြည့်ခဲ့တာပါ၊ ဒီရောက်တော့ လူတွေအများကြီးက အစားအစာတွေ ထုတ်ပိုးယူနေတာကို တွေ့ခဲ့ရတယ်၊ ဒီတော့ကာ လော့ခ်ဒေါင်းကာလအတွင်းမှာ သူတို့က အစားအစာတွေကို ခုလို ဝှက်ထားတာပေါ့လေ၊ ဒီလိုဆိုတော့ ကျွန်မတို့မှာ ခုလိုမျိုး အစိုးရမျိုး ရှိနေတာ ကျွန်မ တကယ် အံ့အားသင့်မိတယ်၊ ကျွန်မတို့ဟာ ခုချိန်မှာ အတိဒုက္ခတွေ ခံစားနေရတယ်၊ လူတွေအများကြီးလည်း ဆာလောင်မှုကြောင့် သေဆုံးထားခဲ့ရတယ်” လို့ ဂျိုစ်မြို့ ဒေသခံတစ်ဦးဖြစ်တဲ့ မာဖန် ပန် က ပြောပါတယ်။

“ဒီ အစိုးရက အမှန်အတိုင်း မပြောဘူးဗျာ၊ သူတို့ဟာ လော့ခ်ဒေါင်း နောက်ပိုင်း ဒီအစားအစာတွေကို ဝှက်ထားခဲ့တယ်လေ၊ သူတို့ဟာ အစားအသောက်တွေကို ဝေပေးခဲ့သင့်ပါတယ်၊ ခုပဲ ကြည့်လေ၊ နှံစားပြောင်းလို ကောက်နှံပင် တစ် မူဒူ (၁ ဒသမ ၃ ကီလိုဂရမ်နှင့်ညီမျှ) ဆိုရင် ဈေးနှုန်းက နိုင်ရာ ၂၅၀ ရှိတယ်၊ နောက် ပြောင်း တစ် မူဒူ ဆိုရင် နိုင်ရာ ၃၀၀ ရှိတယ်၊ ဒီတော့ ဆင်းရဲတဲ့ လူတစ်ယောက်အနေနဲ့ ဘယ်လို ရှင်သန်ရမလဲ” လို့ ဂျိုစ် ဒေသခံတစ်ဦးဖြစ်တဲ့ မိုဟာမက် အီဘရာဟင်က ပြောသွားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly