အောက်တိုဘာ ၂၃
အိန္ဒိယသည် အပျော်ခရီးသွားလုပ်ငန်းမှလွဲ၍ တခြားကိစ္စရပ်များအတွက် နိုင်ငံတွင်းသို့ လေကြောင်း သို့မဟုတ် ရေကြောင်းဖြင့် နိုင်ငံခြားသားများဝင်ရောက်မှုကို ခွင့်ပြုပေးရန် ဗီဇာကန့်သတ်ချက်များဖြေလျှော့ပေးလိုက် ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ကြာသပတေးနေ့ အောက်တိုဘာ ၂၂ တွင် ထုတ်ပြန်လိုက်သည်။
အဆိုပါထုတ်ပြန်ချက်တွင် အစိုးရအနေဖြင့် အိန္ဒိယနိုင်ငံကို အဝင်အထွက်ပြုလုပ်ချင်သော နိုင်ငံခြားသားများနှင့်အိန္ဒိယနိုင်ငံသားများတွက် ဗီဇာနှင့် ခရီးသွားလာခွင့်ကန့်သတ်ချက်များကို ဖြေလျှော့ပေးရန် ဆုံးဖြတ်လိုက် သည်ဟု ပါရှိသည်။
အဆိုပါဆုံးဖြတ်ချက်အရ အလည်အပတ်ခရီးသွားဗီဇာမှလွဲ၍ စီးပွားရေး၊ ညီလာခံ၊ အလုပ်အကိုင်၊ သင်ကြားရေး၊ သုတေသနနှင့် ဆေးဆက်ဆိုင်ရာ ရည်ရွယ်ချက်စသည့် အမျိုးမျိုးသော ရည်ရွယ်များဖြင့်လာမည့် နိုင်ငံခြား သားများ အိန္ဒိယသို့ ဝင်ရောက်ခွင့်ရမည်ဖြစ်သည်။
ခရီးသွားများသည် အိန္ဒိယကျန်းမာရေးဝန်ကြီးဌာနကသတ်မှတ်ထားသော ကွာရန်တင်းစဉ်းမျဉ်းများကိုလည်း တင်းတင်းကျပ်ကျပ်လိုက်နာရမည်ဖြစ်သည်။
အိန္ဒိယသည် ဖေဖော်ဝါရီလမှစ၍ နိုင်ငံတကာခရီးသွားများဝင်ထွက်သွားလာမှုကို လျှော့ချခြင်းများ အဆင့်ဆင့်လုပ်ဆောင်ခဲ့သည်။
ဇွန်လအတွင်းက ပြည်ပမှ စင်းလုံးငှားလေယာဉ်ဖြင့်လာရောက်သော စီးပွားရေးလုပ်ငန်းရှင်များ၊ ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာကျွမ်းကျင်သူများနှင့်အင်ဂျင်နီယာများ၊ စီမံခန့်ခွဲမှုဆိုင်ရာ၊ ဒီဇိုင်းနှင့် အခြား အထူးကျွမ်း ကျင်သူများအတွက် ဗီဇာကန့်သတ်ချက်အချို့ ကို ဖြေလျှော့ပေးခဲ့သည်။
အိန္ဒိယအစိုးရသည် ဩဂုတ်လတွင်လည်း နိုင်ငံတွင်းဝင်ရောက်မည့် ပြည်ပသတင်းထောက်များ၊ အမေရိကန်၊ ဗြိတိန်၊ ဂျာမနီနှင့်ပြင်သစ်တို့မှ စီးပွားရေး၊ ဆေးပညာနှင့်အလုပ်အကိုင်ဗီဇာကိုင်ဆောင်ထားသည့် နိုင်ငံခြားသား များကို လေကြောင်းဆိုင်ရာ အပြန်အလှန်ခရီးသွားလာမှုသဘောတူညီချက်အစီအစဉ်များဖြင့် ဗီဇာကန့်သတ်ချက်များ ဖြေလျှော့ပေးခဲ့သည်။
ကြာသပတေးနေ့အထိ စာရင်းအရ အိန္ဒိယတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ ၇.၇ သန်းကျော်ရှိပြီး အမေရိကန်ပြီးလျှင် ကမ္ဘာပေါ်တွင် ရောဂါကူးစက်မှုဒုတိယအများဆုံးဖြစ်ကာ သေဆုံးသူစုစုပေါင်း ၁၁၆ ၆၁၆ ဦးရှိသည်။