ရွေးကောက်ပွဲက ရွေ့လို့ရတယ် သေမင်းက ရွေ့လို့မရဘူးဆိုတဲ့ မန်းငြိမ်းမောင်

ရွေးကောက်ပွဲက ရွေ့လို့ရတယ် သေမင်းက ရွေ့လို့မရဘူးဆိုတဲ့ မန်းငြိမ်းမောင်

ရန်ကုန်၊ အောက်တိုဘာ ၂၁

မြန်မာနိုင်ငံသည် COVID-19 ရောဂါ ကူးစက်မှုများ တားဆီးနိုင်ရေးအတွက် အစိုးရက ဆောင်ရွက်နေသလို နိုဝင်ဘာ ၈ ရက်တွင် ၂၀၂၀ အထွေထွေရွေးကောက်ပွဲကို သတ်မှတ်ရက်အတိုင်း ကျင်းပသွားမည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်(UEC)က ပြောထားသည်။

တခြား တစ်ဖက်မှာလည်း နယ်မြေ မတည်မငြိမ် ဖြစ်သည်ဟုဆိုကာ ရွေးကောက်ပွဲ မကျင်းပသည့် နယ်မြေများ ကို UEC က ထုတ်ပြန်ကြေညာသည့်အခါမှာ အငြင်းပွား မှုများ ဖြစ်နေသလို လက်နက်ကိုင်အုပ်စုများက ရွေး ကောက်ပွဲ ဝင်မည့် ကိုယ်စား လှယ်လောင်းများကို ဖမ်းဆီးမှုများပြုလုပ်နေခြင်းကြောင့်လည်း စိုးရိမ်မှုများ ဖြစ်နေ ကြသည်။

ဧရာဝတီတိုင်းဒေသကြီး၊ ပန်းတနော်မြို့နယ်ကနေ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် အဖြစ် ဝင်ရောက် ယှဉ်ပြိုင် မည့် မန်းငြိမ်းမောင်သည် မဲဆွယ်စည်းရုံးရေး လုပ်ရာတွင် ကရင်အမျိုးသားအလံကို လွှင့်ထောင်ကာ ဆောင် ရွက်သည့်အတွက် ပါတီတချို့က ကန့်ကွက်မှုများ ပြုလုပ်လျက်ရှိသည်။

ထို့ကြောင့် ကရင်အမျိုးသားအစည်းအရုံး(KNU)မှာ ဗဟိုအလုပ်အမှုဆောင်ကော်မတီ ဝင်တစ်ဦးအဖြစ် တာဝန် ထမ်းဆောင်ခဲ့ပြီးနောက် နှုတ်ထွက်ကာ ၂၀၂၀ အထွေထွေရွေးကောက်ပွဲ ကို ဝင်ရောက်ယှဉ်ပြိုင်မည့် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်လောင်း မန်းငြိမ်းမောင်ကို မဇ္ဈိမ မီဒီယာမှ အယ်ဒီတာ ချစ်မင်းထွန်းက Zoom Meeting ကနေ မေးမြန်းထားပါသည်။

တည်းဖြတ် /တင်ဆက် - ချစ်မင်းထွန်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly