Colgate မှ ကိုဗစ်နိုင်တင်း ဒုတိယမြောက် ရိုက်ခတ်မှုကာလအတွင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း၏ #SafeHands အစီအစဉ်တွင်ပါဝင်လျက် မြန်မာနိုင်ငံအတွက် ဆပ်ပြာခဲတစ်သန်း လှူဒါန်း

Colgate မှ ကိုဗစ်နိုင်တင်း ဒုတိယမြောက် ရိုက်ခတ်မှုကာလအတွင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း၏ #SafeHands အစီအစဉ်တွင်ပါဝင်လျက် မြန်မာနိုင်ငံအတွက် ဆပ်ပြာခဲတစ်သန်း လှူဒါန်း
CARE Myanmar မှ တောင်ဉက္ကလာ COVID Medical Center သို့ Colgate ဆပ်ပြာခဲများ ပေးအပ်စဉ်။

 ကမ္ဘာတစ်ဝန်း ကိုဗစ်နိုင်တင်းကပ်ရောဂါ ကူးစက်ပျံ့နှံ့ လာသည့် အချိန်ကာလမှစတင်ပြီး ကျန်းမာရေးနှင့် တစ်ကိုယ်ရည်သန့်ရှင်းရေးသည် အလွန်အရေးပါသည်ကို မျက်မြင်တွေ့ကြုံခဲ့ရပြီဖြစ်သည်။ ဤကပ်ရောဂါကြီးကို အတူတကွကျော်လွှားနိုင်ရန် အားလုံးဝိုင်းဝန်း ဖေးမလျက် ရောဂါကူးစက်ခြင်းမှ ကာကွယ်နိုင်ရန် Mask များဝတ်ဆင်ခြင်း၊ တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေခြင်း၊ လက်ကိုဆပ်ပြာ သို့မဟုတ် လက်သန့်ဆေး ဖြင့် စနစ်တကျဆေးခြင်း အစရှိသည့် နည်းလမ်းများကို လိုက်နာကျင့် သုံးရမည်ဖြစ်သည်။

မွန်ပြည်နယ်မှ ဒေသခံပြည်သူများအား Colgate ဆပ်ပြာတုံးများသွားရောက်လှူဒါန်းစဉ်။

ကမ္ဘာ့ ကျန်းမာရေး အဖွဲ့အစည်းသည် ကိုဗစ်နိုင်တင်းရောဂါ ကူးစက်ပြန့်ပွားနေချိန်အတွင်း ကမ္ဘာတဝှမ်း လုံးရှိ  လူမှုမီဒီယာပလက်ဖောင်း များမှတဆင့် လက်များကို အမြဲသန့်ရှင်းအောင် ထားဖို့ အသိပေးသည့်အနေဖြင့် #SafeHands (ဘေးကင်းသောလက်များ) အစီအစဉ် ကိုစတင်လုပ်ဆောင်ခဲ့ပါသည်။ ကမ္ဘာကျော် နာမည်ကြီး အနုပညာရှင် များသည်လည်း ယင်းအစီအစဉ်တွင် ပါဝင်ကူညီ အားဖြည့်ကာ လက်များကို စနစ်တကျ ဆေးကြော သင့်ပုံနှင့် ဘေးကင်းလုံခြုံသော လက်များ ဖြစ်စေရန် လှုံ့ဆော်စည်းရုံးလျက် ရှိသည်။ လက်ကို ဆပ်ပြာဖြင့် စက္ကန့် (၄၀) ကြာအောင် စနစ်တကျဆေးခြင်းသည် ကျွန်ုပ်တို့၏ လူမှုပတ်ဝန်း ကျင်ရှိ မိတ်ဆွေအပေါင်းအသင်းများ၊ မိသားစုဝင်များနှင့် တန်ဖိုးမဖြတ်နိုင်သည့် ချစ်ခင်ရသူတွေကို ကူးစက် ရောဂါမှ ကာကွယ်ပေးနိုင်မည့် အကောင်းဆုံး နည်းလမ်းပဲဖြစ်ပါသည်။

CARE Myanmar မှ တောင်ဉက္ကလာ COVID Medical Center သို့ Colgate ဆပ်ပြာခဲများ ပေးအပ်စဉ်။

Colgate သည် ကမ္ဘာ့အကြီးဆုံး လူသုံးကုန်ပစ္စည်းထုတ်လုပ်သည့် ရှေ့ပြေးကုမ္ပဏီတစ်ခု ဖြစ်သည့်အလျောက် WHO ၏ #SafeHands အစီအစဉ်ကို ပံ့ပိုးကူညီသည့်အနေဖြင့် ဆပ်ပြာခဲပေါင်း ၂၅ သန်းကို ထုတ်လုပ်ကာ ကမ္ဘာတဝှမ်း လိုအပ်နေသည့် ပြည်သူ များအတွက် ပရဟိတအဖွဲ့အစည်းများမှတဆင့် ရှင်းလင်းတိကျသော စနစ်တကျလက်ဆေး ခြင်းနည်းလမ်းနှင့် အတူ ဆပ်ပြာခဲများ ဖြန့်ဝေလှူဒါန်းပေးလျက်ရှိသည်။
မြန်မာနိုင်ငံတွင်လည်း ကိုဗစ်နိုင်တင်းကပ်ရောဂါ ဒုတိယလှိုင်းနှင့် ရင်ဆိုင်အန်တုနေကြရသည့် လိုအပ်သူ ပြည်သူ များအတွက် ဆပ်ပြာခဲပေါင်း ၁သန်းကို CARE Myanmar နှင့်ပူးပေါင်း၍ လှူဒါန်းလျက်ရှိပါသည်။ မြန်မာနိုင်ငံတိုင်းဒေသကြီး ၉ ခု၌ရှိသော ဆေးဘက်ဆိုင်ရာ ကုသဆောင်စင်တာများ၊ ပြည်သူများနှင့် ချို့တဲ့ နွမ်းပါးသူတို့လက်ထဲ အရောက်ပို့ဆောင်ပေးမည်ဖြစ်ပါသည်။

CARE Myanmar မှတာဝန်ရှိသူနှစ်ဦး ( ဝဲ ) နှင့် Colgate မှ တာဝန်ရှိသူများ ( ယာ ) အား ဆပ်ပြာခဲ ( ၁ )သန်း လှူဒါန်းခြင်းအစီအစဉ်တွင်တွေ့ရစဉ်ဝဲယာ ကိုကျော်ဇင်လတ် ၊ ဒေါ်နီလာရွှေ ၊ ကိုထွန်းထွန်းဝင်း ၊ Mr. Rajnish ၊ မစုဝေမွန်

Colgate သည် လူမှူအသိုင်းအဝိုင်း၏ ကောင်းကျိုး ကိုသယ်ပိုးရန်ကတိကဝတ်ပြုလျက် #SafeHands (ဘေးကင်း သောလက်များ) လှုပ်ရှားမှုတွင်ပါဝင်အားဖြည့်လျက်ရှိပါသည်။ ကျွန်ုပ်တို့အားလုံးဘတ်တီးရီးယားနှင့် အခြား သော အန္တရာယ်ရှိရောဂါပိုးမွှားများမှ ကာကွယ်နိုင်ရန် လက်ကိုစင်ကြယ်အောင် နည်းလမ်းတကျဆေးဖို့ အချင်း ချင်းတိုက်တွန်းကြဖို့လိုအပ်ပါတယ်။ သို့မှသာလျှင် သန့်ရှင်းသောလက်များဖြင့် ကောင်းမွန်သော အနာ ဂတ်ကို ကျွန်ုပ်တို့ အတူတကွဖန်တီး နိုင်မည်ဟု ယုံကြည်ပါသည်။

 

ရန်ကုန်တိုင်းဒေသကြီးကျန်းမားရေးဦးစီးဌာနရုံးတွင် Colgate မှလှူဒါန်းသော ဆပ်ပြာခဲများ နေရာချနေပုံ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly