စူပါမန်းလိုမျိုး ခံစားခဲ့ရတယ် ဆိုပြီး လူထုစည်းဝေးပွဲမှာ သမ္မတ ဒေါ်နယ်ထရမ့် ပြောကြား

စူပါမန်းလိုမျိုး ခံစားခဲ့ရတယ် ဆိုပြီး လူထုစည်းဝေးပွဲမှာ သမ္မတ ဒေါ်နယ်ထရမ့် ပြောကြား
Photo - AFP

အောက်တိုဘာ ၂၀

လာမယ့် အမေရိကန်သမ္မတရွေးကောက်ပွဲကတော့ ထရမ့်ရဲ့ စူပါ နာလန်ထူလာမှုနဲ့ ဘိုင်ဒန်ရဲ့ စိတ်ဓာတ် ကျမှု အကြား ရွေးချယ်မှုတစ်ခုဖြစ်တယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က နီဗားဒါးပြည်နယ် ကာဆန်မြို့က လူထုစည်းဝေးပွဲတစ်ခုမှာ ပြောကြားလိုက်ပါတယ်။

နိုင်ငံအနောက်ပိုင်းကို သွားတဲ့ ၎င်းရဲ့ ခရီးစဉ်အတွင်းမှာတော့ အရီဇိုးနားပြည်နယ်မှာ လူထုစည်းဝေးပွဲ နှစ်ခုနဲ့ ကယ်လီဖိုးနီးယားမှာ ပုဂ္ဂလိက ရန်ပုံငွေပွဲတစ်ခုတို့ ပါဝင်နေပါတယ်။

“ကျွန်တော် ဒီ ဆေးကို အသုံးပြုခဲ့တယ်၊ ဒါက ခံစားရတာကတော့ သိပ်မကောင်းပါဘူး၊ သူတို့ပြောတာကတော့ အဲဒါက ဆေးသွင်းမှုတစ်ခုလို့ ပြောတယ်၊ တစ်နာရီလောက်ပါပဲ၊ ပြီးတော့ နောက်တစ်နေ့မှာ ကျွန်တော်ဟာ ကိုယ့်ကိုယ်ကိုယ် စူပါမန်းလိုမျိုး ခံစားခဲ့ရတယ်၊ ကျွန်တော် မတ်တပ်ရပ်တယ်၊ ကျွန်တော် ပြောတယ်၊ ဘယ်လိုတွေ ဖြစ်တာလဲ၊ ဝိုး၊ ကိုယ့်ကိုယ်ကို စူပါမန်းလို ခံစားရပါလား၊ ကျွန်တော် ပြောခဲ့တယ်၊ လာစမ်းပါ၊ သူ့ကို မြေတောင်မြှောက်ပေးပါ၊ ဘယ်သူပဲဖြစ်ဖြစ်ပေါ့” လို့ ထရမ့်က လူထုစည်းဝေးပွဲမှာ ပြောခဲ့ပါတယ်။

“ဒီလိုတွေ ဖြစ်လာလိမ့်မယ်လို့ ကျွန်တော် ပြောခဲ့တဲ့ အရာတိုင်းက တကယ် ဖြစ်ခဲ့ပါတယ်၊ တရုတ် ဗိုင်းရပ်စ် ဝင်မလာခင်၊ ဒီကပ်ဆိုး တရုတ်ကနေ ရောက်မလာခင်အထိ ကျွန်တော်တို့ စိုက်ပျိုးခဲ့တဲ့ အရာအားလုံး၊ နောက် စီးပွားရေးကလည်း အားလုံးကောင်းခဲ့တယ်၊ အရာအားလုံး ကောင်းခဲ့တယ်၊ ဒါပေမယ့် ခုချိန်မှာတော့ ကျွန်တော်တို့ ဒီလိုတွေ ကြုံနေရတယ်၊ ပြီးတော့ ကျွန်တော်ရော ခု ဘယ်လို ပုံစံဖြစ်နေလဲ၊ အဆင်ပြေတယ်မဟုတ်လား၊ ကျွန်တော့်ပုံစံက အိုကေတဲ့ ပုံပေါ်တယ်မလား” လို့ ထရမ့်က ပြောခဲ့ပါတယ်။

“ဒီ ရွေးကောက်ပွဲကတော့ ကျွန်တော်တို့ ခုလောလောဆယ်မှာ ဖြစ်နေတဲ့ ထရမ့်ရဲ့ စူပါ ပြန်နာလန်ထူမှုနဲ့ ဘိုင်ဒန်ရဲ့ စိတ်ကျမှုတစ်ခုကြား ရွေးချယ်မှုတစ်ခု ဖြစ်ပါတယ်၊ ခင်ဗျားတို့အနေနဲ့ စိတ်ဓာတ်ကျမှုတစ်ခု ရှိပါလိမ့်မယ်၊ အရင်ဦးဆုံး ခင်ဗျားတို့ရဲ့ အခွန်နှုန်းထားတွေ လေးဆလောက် တက်သွားပါတော့မယ်၊ အဲဒီအခါကျရင် ခင်ဗျားတို့ စိတ်ကျဝေဒနာ တစ်ခု ရပါလိမ့်မယ်၊ ဒါမျိုးကို ၁၉၂၉ ခုနှစ်နောက်ပိုင်း ကျွန်တော်တို့ မတွေ့ခဲ့ဖူးသလိုပေါ့၊ ဒါတွေ ဖြစ်ပျက်ပါလိမ့်မယ်” လို့လည်း ထရမ့်က ပြောသွားပါတယ်။

ဒါ့အပြင် သမ္မတ ဒေါ်နယ်ထရမ့်ကတော့ ၎င်းရဲ့ ပါတီတွင်းက ၎င်းအပေါ် ဝေဖန်သူတွေကိုလည်း ပြစ်တင်သွားခဲ့ပြီး စည်းလုံးညီညွတ်ကြဖို့ တောင်းဆိုသွားခဲ့ပါတယ်။ ဒီမတိုင်မီကတော့ ရီပတ်ဘလစ်ကန် ပါတီတွင်းက လူတချို့ရဲ့ ဝေဖန်မှုတွေ မြင့်တက်ထားခဲ့တာဖြစ်ပါတယ်။

ဒါကတော့ နိုဝင်ဘာ ၃ ရွေးကောက်ပွဲ မတိုင်မီ နောက်ဆုံးအကျော့ မဲဆွယ်စည်းရုံးမှုတွေအတွက် အရေးကြီးတဲ့ ပြည်နယ်တွေမှာ ထရမ့်နဲ့ ၎င်းရဲ့ ဒီမိုကရက်တစ်ပြိုင်ဘက် ဂျိုးဘိုင်ဒန်တို့ အသီးသီး မဲဆွယ်စည်းရုံးနေချိန် ခုလို ထရမ့်က မှတ်ချက်စကားတွေ ထုတ်ဖော်လိုက်တာဖြစ်ပါတယ်။

လူထုသဘောထားစစ်တမ်းတွေအရတော့ ထရမ့်ဟာ ရွေးကောက်ပွဲမှာ အရေးနိမ့်နိုင်တဲ့ ကြီးလေးတဲ့ အလားအလာအန္တရာယ် ရှိနေတယ်ဆိုတာကို ပြသနေတယ်လို့ သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required