တရုတ်နိုင်ငံ ရှင်ကျန်းတွင် ဝီဂါ မွတ်စလင်ဖြစ်ရခြင်း၏ ကျိန်စာ

By News18
16 October 2020
တရုတ်နိုင်ငံ ရှင်ကျန်းတွင် ဝီဂါ မွတ်စလင်ဖြစ်ရခြင်း၏ ကျိန်စာ

အောင်တိုဘာ ၁၆ ၊ ၂၀၂၀

ရှင်ကျန်း ဝီဂါ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ (XUAR)သည် အနောက်မြောက်ဘက် ပိုင်နက်ထဲရှိ တရုတ်၏ အကြီးဆုံးအုပ်ချုပ်ရေးဒေသဖြစ်သည်။ ၎င်းသည် အိန္ဒိယအပြင် ကာဇက်စတန်၊ ကာဂျစ္စတန်၊  တာဂျစ်ကစ္စတန်ကဲ့သို့ အာရှအလယ်ပိုင်းနိုင်ငံများနှင့် နယ်နိမိတ်ချင်းထိစပ်နေသည်။ ဝီဂါမွတ်ဆလင်များသည် အခြားတိုင်းရင်းသားမျိုးနွယ်စုလေးများဖြစ်သော ဟွေ (တရုတ်စကားပြော မွတ်စလင်များ) ကာဇတ်၊ ဥဇဘက်၊ တာဂျစ်၊ တာတာ၊ တိုးရက်စ် နှင့် ရုရှားလူမျိုးများနှင့်အကြား ရှင်ကျန်းဒေသ ဇာတိ  အဓိက အများဆုံးနေထိုင်သူများ ဖြစ်ခဲ့ဖူးသည်။ သို့သော် အစုလိုက်အပြုံလိုက်ပြောင်းရွှေ့နေထိုင်မှုကြောင့် အဓိကတရုတ်လူမျိုးစုဖြစ်သော ဟန်တရုတ်လူမျိုး သည် ယခုအခါ ရှင်ကျန်းတွင် ဒုတိယလူဦးရေအများဆုံး ဖြစ်နေသည်။

တရုတ်နိုင်ငံ၏ ပြည်နယ်ကောင်စီ ပြန်ကြားရေးရုံး၏အဆိုအရ ၂၀၁၄ ခုနှစ်တွင် ရှင်ကျန်းပြည်နယ်၏ လူဦးရေမှာ ၂၃.၂ သန်းရှိသည်။ ၂၀၁၀ သန်းခေါင်စာရင်းအရ ဝီဂါမွတ်စလင်များသည် လူဦးရေ၏ ၄၆ ရာခိုင်နှုန်းရှိပြီး ၂၀၁၄ ခုနှစ် ခန့်မှန်းချက်အရ ဝီဂါမွတ်စလင်ပေါင်း ၁၀.၆၇ သန်းခန့်ရှိကြောင်း ခန့်မှန်းရသည်။ ၂၀၁၀ သန်းခေါင်စာရင်းတွင် ဟန်တရုတ်လူမျိုးများသည် ၄၀ ရာခိုင်နှုန်း ရှိသည်။ ရှင်ကျန်း အပြင် ကာဇက်စတန်၊ ကာဂျစ်စတန် နှင့် ဥဇဘက်ကစ္စတန်တို့တွင် ဝီဂါမွတ်စလင် အုပ်စုအဖွဲ့ကြီးများရှိသည်။ ၁၉၄၉ ခုနှစ်တွင် တရုတ်သည် ရှင်ကျန်းကို အတင်း သိမ်းပိုက်ချိန်တွင် ထိုဒေသရှိ ဟန်တရုတ်လူမျိုးသည် ၆.၇% သာရှိသည်။ ဤဆောင်းပါး၏ နောက် ဆုံးအပိုင်းသည် အချက်အလက်များကို ဇယားပုံစံဖြင့်စုဆောင်းထားသည့် ရှင်ကျန်းကို ဟန်တရုတ်လူမျိုးများ အစုလိုက်အပြုံလိုက်ဝင်ရောက်လာခြင်းကို ဖော်ပြသည်။ ဝီဂါလူဦးရေသည် အခြေခံအားဖြင့် ရှင်ကျန်း တောင် ဘက်ပိုင်းတွင်သာ အများဆုံးရှိသည်။ စိုက်ပျိုးရေးသည် အခြေခံ အသက်ရှင်ရပ်တည်ရေးဖြစ်သည့်အလျောက် သူတို့သည် များသောအားဖြင့် ကျေးလက်ဒေသများတွင်သာ အခြေချနေထိုင်ကြသည်။ ရှင်ကျန်း၏ ၄.၃ ရာခိုင် နှုန်းသည်သာ နေထိုင်နိုင်ပြီး ကျန်ဒေသများမှာ ကန္တာရများနှင့် နှင်းဖုံးလွှမ်းနေသော ရေခဲမြစ်များသာ ဖြစ်သည်။ တရုတ်၏ အကြီးမားဆုံး ကန္တာရ တက်ခ်လာမကန် သည် ရှင်ကျန်းတွင် တည်ရှိသည်။

တရုတ်သိမ်းပိုက်ခြင်း

သမိုင်းကြောင်းအရ မတူညီသော တရုတ်နှင့် မွန်ဂိုမင်းဆက်များနှင့် ကိုလိုနီနယ်ချဲ့မှုနှင့် လွတ်လပ်ရေးအတွက် ရုန်းကန်ခဲ့ကြသည့် လွတ်လပ်သောနယ်မြေဖြစ်ပြီး ဤဆောင်းပါး၏ ပထမပိုင်းတွင်  ဖော်ပြထားသည့်အတိုင်း လွတ်လပ်သောတက်ကြွလှုပ်ရှားသူဟုခေါ်သည့် အရှေ့တူရကီနိုင်ငံသည် ၁၉၄၉ မှစတင်၍ လူမျိုးရေး၊ ဘာသာရေး၊ ဘာသာစကားအရနှင့် ယဉ်ကျေးမှုအရတိုင်းတစ်ပါးသားဖြစ်သော နိုင်ငံတစ်နိုင်ငံ၏ အမြဲတမ်း ကိုလိုနီနယ် ချဲ့မှုကို ခံနေရသည်။

မွတ်စလင်အများစု နေထိုင်သောနိုင်ငံကို အိမ်နီးချင်းဖြစ်သည့် ဘာသာရေးကို တရားဝင် မယုံကြည်ဘဲ ဝီဂါမွတ်စလင်များကို အစွန်းရောက်များအဖြစ်သာရှုမြင်သော တရုတ်ပြည်သူ့သမ္မတနိုင်ငံက အုပ်ချုပ်သည်။

အစ္စလာမ်သည် ဝီဂါဘဝများအတွက် အဓိက အစိတ်အပိုင်းဖြစ်သည်။ သူတို့သည် အာရှအလယ်ပိုင်းနိုင်ငံများနှင့် ဘာသာရေး၊ ဘာသာစကား၊ ယဉ်ကျေးမှုနှင့် ကိုယ်ပိုင်လက္ခဏာရှိသည်ဟု သူတို့ကိုယ်သူတို့ သတ်မှတ်ကြသည်။ တစ်ကယ်တမ်းမှာမူ အစ္စလာမ်သည် လွတ်လပ်သောနိုင်ငံဖြစ်လိုသည့် သူတို့၏အဓိကအကြောင်းရင်းဖြစ်သောကြောင့် တရုတ်အာဏာရှင်စနစ်အတွက် အစွန်းရောက်များဖြစ်နေသည်။

ဝီဂါမွတ်စလင်များအပေါ် လူမျိုးရေးခွဲခြားမှုသည် လူ ၂၀၀ကျော် သေဆုံးခဲ့သည့် ၂၀၀၉ ရှင်ကျန်းမြို့တော် အူရမ်ချီတွင်ဖြစ်ပွားသော လူမျိုးရေးအကြမ်းဖက်မှုအပြီးတွင် အထူး မြင့်တက်လာခဲ့သည်။ တရုတ်ကမူ ခံရသူ အများစုမှာ ဟန်တရုတ်လူမျိုးများဖြစ်သည်ဟု ဆိုသည်။

ဝီဂါလှုပ်ရှားမှုကို တရုတ်ဘယ်လို နှိမ်နင်းခဲ့သလဲ

၂၀၁၄ ခုနှစ် တရုတ်သမ္မတ ရှီကျင့်ဖျင်၏ ပြင်းထန်သောသတင်းစကားမှာ - '' ဝီဂါလူမျိုးအပေါ် သနားကြင်နာမှုမရှိရန်နှင့်၊ အကြမ်းဖက်မှုကိုထိန်းချုပ်ကာ ပြုပြင်ပြောင်းလဲပြီး တစ်သက်တာလုံး စောင့်ကြပ်ကြည့်ရှုနေရန် 'ဖြစ်သည်။

တရုတ်နိုင်ငံရေးအာဏာအသိုင်းအဝိုင်းမှ နယူးယောက်တိုင်းမ်သို့ တစ်စုံတစ်ယောက်က ပို့လာသောစာရွက်စာတမ်းအရ အစုလိုက်အပြုံလိုက်ဖမ်းဆီးခြင်း၊ အစ္စလာမ်ဝိသေသကို ဖိနှိပ်ခြင်း၊ မွေးဖွားနှုန်းကိုလျှော့ချခြင်းအားဖြင့် သူတို့၏ အရေအတွက်များကို လျော့ချခြင်းနှင့် စဉ်ဆက်မပြတ်စောင့်ကြည့်လေ့လာခြင်းတို့ဖြစ်ရာ  ၎င်းသည် ဝီဂါမငြိမ်သက်မှုကို ထိန်းချုပ်ရန် ရှီ၏ အတွေးကို ဖြေရှင်းရန်ခက်စေသည့် အဓိက အချက်ဖြစ်သည်။  

ဆိုဗီယက်ပြည်ထောင်စု  ပြိုလဲပြီး ဗဟိုအာရှနိုင်ငံများပေါ်ပေါက်လာပြီးနောက် တရုတ်သည် ဝီဂါမွတ်စလင်များအကြား  လွတ်လပ်မှုကို လိုလားတောင့်တလာလိမ့်မည်ဟု ကြောက်ရွံ့မှုကြောင့် ဝီဂါမွတ်စလင်များကို စတင်နှိမ်နင်းခဲ့သည်။ ရှီကျင့်ဖျင် သည် နောက်ဆုံး ဖြေရှင်းခြင်းအဆင့်သို့ရောက်အောင် ဆွပေးခဲ့သည်။ တရုတ်သည် ဝီဂါများကို ဒုတိယတန်းလူတန်းစားများအဖြစ် ပြုလုပ်ခဲ့သည်။ ဘာသာရေး ကိုးကွယ်ခွင့်မရဘဲ လူမှုရေး၊ စီးပွားရေး ခွဲခြားဆက်ဆံမှုများကို ခံနိုင်ရည်ရှိအောင် လုပ်ခဲ့ရသည်။ သူတို့၏ အသံနှင့် ပြင်းပြသောဆန္ဒများကို ဖျက်စီးနိုင်ရန် အစုလိုက်အပြုံလိုက်သတ်ရန် ထိန်းသိမ်းခြင်းခံခဲ့ရသည်။

ရှင်ကျန်းသည် တိဘက်တွင် တရုတ်က လုပ်ခဲ့သည်နှင့် တစ်ပုံစံတည်းဖြစ်သည်။ ပထမဆုံးနိုင်ငံကိုသိမ်းကာ ဘာသာရေးကို တရုတ်လွှမ်းမိုးမှုအောက်သို့ သွင်းသည်။ အကယ်၍ ၎င်းသည်မအောင်မြင်ပါက မွေးဖွားမှုထိန်းချုပ်ခြင်း၊  အစုလိုက်အပြုံလိုက်သတ်ဖြတ်ခြင်းနှင့် တရုတ်စက်မှုလုပ်ငန်းများတွင် အတင်းအဓမ္မလုပ်အားပေးစေခိုင်းခြင်းအားဖြင့် သူတို့၏ လူဦးရေစာရင်းကို ရှင်းထုတ်ပစ်သည်။

အစ္စလာမ်ကို တရုတ်လွှမ်းမိုးမှုအောက်သို့သွတ်သွင်းပါ - သင်သည် မွတ်စလင်တွေကဲ့သို့ ဘာသာရေးကိုင်းရှိုင်းရင် သင်ဟာ အစွန်းရောက်ဖြစ်သည်။

ပထမဆုံးခြေလှမ်းမှာ သူတို့၏ ဘာသာရေး ထိန်းသိမ်းလိုက်နာမှုကို ပစ်မှတ်ထားခြင်းဖြစ်သည်။ ၂၀၁၅ တွင် ရှီက အစ္စလာမ်၊ ဗုဒ္ဓဘာသာ၊ တာအိုဘာသာ၊ ကတ်သလစ်ဘာသာနှင့် ပရိုတက်စတင့်ဝါဒစသော ဘာသာကြီး ငါးခုကို လွှမ်းမိုးမှုအောက်သို့ သွတ်သွင်းရမည်ဟု ဆိုသည်။။ သို့သော် အဓိကအာရုံစိုက်သည်မှာ တရုတ်နိုင်ငံသိမ်းပိုက်ခဲ့သော လွတ်လပ်သောနိုင်ငံနှစ်နိုင်ငံ၏ ဘာသာများဖြစ်သည့် ဗုဒ္ဓဘာသာနှင့် အစ္စလာမ်ဘာသာ ဖြစ်သည်။

တရုတ်သည် ဘာသာရေးကို သွတ်သွင်းခြင်းဟူသည်မှာ ဆိုရှယ်လစ်လူ့အဖွဲ့အစည်းနှင့် ထပ်တူကျစေရန် ဆိုရှယ်လစ် အခြေခံတန်ဖိုးများနှင့် သဟဇာတဖြစ်စေခြင်းဖြစ်အောင်လုပ်ခြင်းဖြစ်သည်ဟု ဆိုသည်။ သူသည် အစ္စလာမ် သဘောတရား၊ ယုံကြည်မှု စနစ်နှင့် အလေ့အထများကို မပြောင်းလဲလိုကြောင်း ပြောကြားခဲ့သည်။ သို့သော် ပြုမူပုံမှာ တစ်ခြားစီပင်ဖြစ်သည်။  

၂၀၁၁ ဇန်နဝါရီလတွင် တရုတ်သည် ၂၀၁၈ မှ ၂၀၂၂ အထိ ငါးနှစ်ကာလအတွင်း အစ္စလာမ်ကို သွတ်သွင်းရန် ဥပဒေ ပြဌာန်းခဲ့သော်လည်း ထိုအချိန်တွင် ကမ္ဘာ့အသိုင်းအဝိုင်းသည် ၂၀၁၇ ရှင်ကျန်း၏ အစုလိုက်အပြုံလိုက်ထိန်းသိမ်းရေးစခန်းများအားအကြောင်း ဖွင့်ဟဖော်ထုတ်ခြင်းအားဖြင့် စစ်မှန်သောရည်ရွယ်ချက်ကိုသိရှိပြီးဖြစ်သည်။ အစုလိုက်အပြုံလိုက် ထိန်းသိမ်းရေးစခန်းများသည် ထိုအချိန်မတိုင်မီကတည်ရှိခဲ့ခြင်းဖြစ်နိုင်သည်ဟု အချို့သော အစီရင်ခံစာများက ဖော်ပြကြသည်။ ဝီဂါ တစ်သန်းကျော်နှင့် အခြားတိုင်းရင်းသား မွတ်စလင်များသည် အကျဉ်းစခန်းများတွင် အကျဉ်းချခံနေရစဉ် တရုတ်သည် 'အစ္စလာမ်ကို သွတ်သွင်းခြင်း' သည် ၂၀၁၅ ခုနှစ်တွင် ရှီကျင့်ဖျင်၏ အယူအဆတစ်ခုအနေဖြင့် ပေါ်ပေါက်လာပြီးနောက် ရင့်ကျက်လာသည်ဟုပြောကြားခဲ့သည်။

ခြောက်လအကြာ ၂၀၁၉ ဇူလိုင်တွင် ရှင်ကျန်း ဝီဂါမွတ်စလင်များသည် အာရပ်ကျူးကျော်သူများမှ မွတ်စလင်များ ဖြစ်ခဲ့ရသော အခြေခံအားဖြင့် သမိုင်းကြောင်းအရ မူလကပင် တရုတ်လူမျိုးဖြစ်သည်ဟူသောတရုတ်သီအိုရီတစ်ခု တရုတ်က ဖော်ထုတ်လာသည်။ တရုတ်အစိုးရ၏ ဝါဒဖြန့်ချီရေး လက်ရုံးဖြစ်သည့် တရုတ်ပြည်နယ်ကောင်စီပြန်ကြားရေးရုံးက ဒီပြောဆိုချက်ကို စက္ကူဖြူစာတမ်း ထုတ်ပြန်ခဲ့သည်။ ထိုစာတမ်းတွင် ဝီဂါမွတ်စလင်များသည် တရုတ်၏ အစိတ်အပိုင်းဖြစ်နေသည်မှာ နှစ်ထောင်ချီနေပြီဖြစ်ပြီး “အစ္စလာမ်သည် ဝီဂါလူမျိုးများအတွက် ဌာနေတိုင်းတိုင်းရင်းသားများမဟုတ်သကဲ့သို့ တစ်ခုတည်းသော ယုံကြည်မှုမဟုတ်ကြောင်း” ပြောထားသည်။

အစ္စလာမ်ဘာသာသည် ၈ ရာစုမှစ၍ ပျံ့နှံ့သွားပြီး ယခုအခါ ဝီဂါမွတ်စလင်များ၏ အသက်သွေးကြောဖြစ်နေလျင်ပင် တရုတ်သည် ရှင်ကျန်း ပြည်နယ်တွင် အစ္စလာမ်သည် တိုင်းရင်းဌာနေမဟုတ်ဟု ပြောဆိုခဲ့သည်။ထို့ကြောင့် အေဒီ ၇ ရာစုမှစတင်ခဲ့ပြီး ကမ္ဘာ့ဒုတိယအကြီးဆုံး ဘာသာတရားဖြစ်သည့် အစ္စလာမ်သည် လွတ်လပ်မှုကိုရှာဖွေနေသော တရုတ်ပြည်နယ်တစ်ခုအတွက် မှန်ကန်သောအကြောင်းရင်း မဟုတ်ကြောင်း တရုတ်က ယူဆသည်။

အေဒီ ၇ ရာစုမတိုင်မီတွင် မွတ်စလင် သို့မဟုတ် အစ္စလာမ်ဘာသာနောက်လိုက်များ မရှိခဲ့သော်လည်း ယခုတွင် နှစ်ပေါင်း ၁၂၀၀ကျော် အဓိကဘာသာရေးဖြစ်သည့် အစ္စလာမ်သည်  တရုတ်ပိုင်နက်နယ်မြေ သို့မဟုတ် မည်သည့်နေရာတွင်မဆို တိုင်းရင်းဌာနေတိုမဟုတ်ကြောင်း ပြောရန်ခိုင်လုံသော အကြောင်းပြချက်ဖြစ်နိုင်သလား။ ပါကစ္စတန်နှင့် ဘင်္ဂလားဒေ့ရှ်တို့သည် အိန္ဒိယနိုင်ငံ အစိတ်အပိုင်းများဖြစ်ခဲ့ပြီး ယခုတွင် အစ္စလာမ်နိုင်ငံများဖြစ်နေသော်လည်း အိန္ဒိယသည် ထိုနိုင်ငံများအား အိန္ဒိယပိုင်နက်များဖြစ်ကြောင်း ပြောဆိုခဲ့ခြင်း မရှိပေ။

တရုတ်သည် အစ္စလာမ်ကိုးကွယ်မှုအများစုကို ပိတ်ပင်ခဲ့ပြီးဖြစ်သည်။ ဝီဂါမွတ်စလင်တို့သည် ရာမာဒန်အစာရှောင်ခြင်းကိုလည်း ပြုလုပ်ခွင့်မရပေ။ ရှင်ကျန်း   ပြည်နယ် ကက်ရှ်ဂါမြို့မှ ဗြိတိန်သတင်းစာ တယ်လီဂရပ် မှ စုံစမ်းစစ်ဆေးမှု အစီရင်ခံစာတွင် ရာမာဒန် အစာရှောင်သည့်ကာလအတွင်း တရုတ်အာဏာပိုင်များသည် မွတ်စလင်များအား အစားအသောက်စားသုံးရန် တွန်းအားပေးခြင်းများကို ဖော်ပြထားသည်။ ဝက်သားသည် အစ္စလာမ်ဘာသာတွင် မစားသုံးရန် ပိတ်ပင်ထားသော်လည်း တရုတ်ပွဲတော်များအတွင်း တရုတ်အာဏာပိုင်များသည် မွတ်စလင်များကို ဝက်သားစားရန်နှင့် အရက်သေစာသောက်စားရန် တွန်းအားပေးကြောင်းကို အမေရိကန်ငွေကြေးထောက်ပံ့သော ရေဒီယိုဖရီးအေးရှား၏ သတင်းတစ်ပုဒ်တွင် ဖော်ပြထားသည်။

ဝီဂါမွတ်စလင်များအနေဖြင့် သူတို့၏ကလေးများကို ဘာသာရေးစကားလုံးများဖြစ်သော မိုဟာမက်၊ အစ္စလာမ်၊ ဂျီဟတ်၊ ကုရ်အာန်၊ မက္ကာ တို့ဖြင့် နာမည်ပေးခွင့်မရပေ။ တရုတ်သည် ဝီဂါမွတ်စလင်အိမ်များကိုလည်း တရုတ်ပုံစံသို့ ပြောင်းလဲလိုသည်။ သူတို့၏အိမ်များကို တရုတ်ပုံစံ ပရိဘောဂများနှင့် ခေတ်မီအောင် အတင်းအကျပ်စေခိုင်းခံရတာ ညွှန်ကြားချက်ကို မလိုက်နာသောသူများအား ဘာသာရေးအစွန်းရောက်များဟု ခေါ်ဆိုကြပြီး အစုလိုက်အပြုံလိုက်စခန်းများတွင် ပိတ်လှောင်ထားသည်။ ရှင်ကျန်း ရှိ ဝီဂါနှင့် အခြား တိုင်းရင်းသား မွတ်စလင်များသည် အချိန်နှင့် တစ်ပြေးညီ ထုတ်ပြန်သောညွှန်ကြားချက်များကို လိုက်နာရန် စဉ်ဆက်မပြတ် ပြည်နယ်ညွှန်ကြားချက်များနှင့် စောင့်ကြည့်မှုအောက်တွင် နေထိုင်ကြရပြီး သေးငယ်သော ချိုးဖောက်မှုလေးတစ်ခုကပင် သူတို့အား အစုလိုက်အပြုံလိုက်စခန်းသို့ ရောက်စေနိုင်သည်။   

ဝီဂါမွတ်စလင်များ ဘာသာရေးဓလေ့ထုံးစံများအတွက် ကြီးမားစွာ တုန်လှုပ်စေခြင်းမှာ ရှီ ၏ တင်းမာသောမူဝါဒအရ ဘာသာရေးနေရာများကို ဖျက်ဆီးခံရခြင်းဖြစ်သည်။ ဝေဖန်သူများသည် ဗလီများဖျက်စီးခြင်းများကြောင့် တရုတ်ကို ဘူဒိုဇာပြည်နယ်ဟု ခေါ်သည်။

 ရေဒီယိုဖရီးအေးရှား၏ အစီရင်ခံစာအရ တရုတ်အာဏာပိုင်များသည် ထိုဒေသရှိ ၇၀ ရာခိုင်နှုန်းခန့်သော ဗလီများအား ဖျက်ဆီးပြီးဖြစ်ကြောင်း သိရသည်။ ဝါရှင်တန်အခြေစိုက် ဝီဂါလူ့အခွင့်အရေးစီမံကိန်း (UHRP) မှ ပထဝီနေရာချထားရေးနည်းစနစ်ကို အသုံးပြု၍ ရရှိလာသော နောက်ထပ်အစီရင်ခံစာတွင် ၂၀၁၆ ခုနှစ်နှင့် ၂၀၁၉ ခုနှစ်အကြား တရုတ်နိုင်ငံသည် ဝီဂါဗလီနှင့်ဘာသာရေးနေရာ ၁၀,၀၀၀ မှ ၁၅၀၀၀ အထိကို ဖျက်ဆီးခဲ့သည်ဟု ဖော်ပြထားသည်။  

ဩစတြေးလျနည်းဗျူဟာဆိုင်ရာမူဝါဒအင်စတီကျု (ASPI)မှ ဂြိုဟ်တုပုံရိပ်နှင့်ညဘက်ဂြိုလ်တုပုံရိပ်များကို အသုံးပြု၍ ရရှိထားသော နောက်ဆုံးအစီရင်ခံစာတွင် ဒေသရှိဗလီ ၆၅ရာခိုင်နှုန်း သို့မဟုတ် ၁၆၀၀၀လုံးခန့်သည် လုံးဝဖျက်ဆီးခံရကြောင်း သို့မဟုတ် သိသိသာသာပျက်စီးသွားကြောင်း ဖော်ပြထားသည်။ ASPI ၏ထပ်တိုး အစီရင်ခံစာတွင်  ၂၀၁၇ ခုနှစ်မှ စ၍“ အရေးကြီးသောအစ္စလာမ်ယဉ်ကျေးမှုဆိုင်ရာ နေရာများ၏ ရာခိုင်နှုန်း ( မြင့်မြတ်သောနတ်ကွန်း၊ သင်္ချိုင်းများနှင့်ဘုရားဖူးလမ်းကြောင်းများ) သည် ဖြိုဖျက်ခြင်းခံခဲ့ရပြီး နောက်ထပ် ၂၈ ရာခိုင်နှုန်းမှာ ထပ်မံပျက်စီးခြင်း သို့မဟုတ် တစ်နည်းနည်းနဲ့ပြောင်းလဲခြင်းခံရကြောင်း” ဖော်ပြထားသည်။

ဤကိန်းဂဏန်းများသည် ချဲ့ကားထားခြင်းမဟုတ်ပါ။ ဗြိတိန်နေ့စဉ်ထုတ် ဂါးဒီးယန်း မှ သတင်းပေးပို့မှုတွင် ၂၀၁၇ တွင် ဗလီ ၂၀၀ခန့် ဖျက်ဆီးခြင်းခံခဲ့ကာ ၂၀၁၈တွင် စီရင်စုနယ်တစ်ခုဖြစ်သော ရှင်ကျန်း ပြည်နယ် ကူလ်မလာ အရှေ့ခြမ်းရှိ ဗလီ ၅၀၀ ခန့်သည် ထပ်မံ ဖျက်ဆီးခံရမည်ဖြစ်ကြောင်း ဖော်ပြထားသည်။ တရုတ်ကွန်မြူနစ်ပါတီသည် ဝီဂါကိုးကွယ်သည့်နေရာများမှ အစ္စလာမ်ဘာသာရေးသင်္ကေတများအားလုံးကို ဖယ်ရှားရန် အမိန့်ပေးထားကြောင်း VOA၏ သတင်းပေးပို့မှုတွင်ဖော်ပြထားသည်။

အပြည်ပြည်ဆိုင်ရာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့  Amnesty International မှ အစီရင်ခံစာအရ တရုတ်သည် ဝီဂါမွတ်စလင်များ၏ ‘ယဉ်ကျေးမှုဝိသေသကို ငြိမ်းချမ်းစွာဖော်ထုတ်ပြသခြင်း’ကို နှိမ်နင်းခဲ့သည်။ အခြား လူ့အခွင့်အရေးအဖွဲ့ လူ့အခွင့်အရေးစောင့်ကြည့်လေ့လာရေးအဖွဲ့  က တရုတ်သည် ရှင်ကျန်းအစ္စလာမ်ကို တားမြစ်ချက်များထုတ်ပြီး ဝီဂါလူမျိုးများအား ဖိနှိပ်မှုကို ထပ်တိုးလိုက်သည်ဟု ပေါင်းထည့်ပြောကြားသည်။

လူမျိုးခွဲခြား ရှင်းထုတ်ခြင်း

ဒုတိယအဆင့်မှာ လူမျိုးခွဲခြားကာ ရှင်းလင်းခြင်းဖြစ်သည်။ သူတို့ကို အစုလိုက်အပြုံလိုက် ထိန်းသိမ်းရေးစခန်းများတွင် ထိန်းသိမ်းကာ၊ အစုလိုက်အပြုံလိုက် ပိုးသတ်ကာ၊ အတင်းအကျပ်ခိုင်းစေမှုများပြုပြီး ချုပ်နှောင်ထားခြင်းဖြစ်သည်။ ဝီဂါနှင့် အခြားလူနည်းစု မွတ်စလင်ဘယ်လောက်များများ အစုလိုက်အပြုံလိုက်ထိန်းသိမ်းရေးစခန်းတွေမှာ ရှိနေမလဲ။ ကွဲပြားသော စုံစမ်းမှုအစီရင်ခံစာများတွင် ကွဲပြားသော ကိန်းဂဏန်းများ ထွက်နေမည်ဖြစ်သော်လည်း အခြေခံအားဖြင့်မှု သန်းပေါင်းများစွာရှိသည်။

၂၀၁၈ ခုနှစ် သြဂုတ်လတွင် ကုလသမ္မဂ လူမျိုးရေးခွဲခြားဆက်ဆံမှု ပပျောက်ရေးဆိုင်ရာကော်မတီက  ခန့်မှန်းခြေအားဖြင့် ဝီဂါနှင့် လူနည်းစုမွတ်စလင် နှစ်သန်းခန့်သည် အစုလိုက်အပြုံလိုက် ထိန်းသိမ်းရေးစခန်းများသို့ အတင်းအကျပ် ပို့ဆောင်ခံခဲ့ရသည်ဟု ဆိုသည်။ ကုလသမ္မဂကော်မတီ၏ ခန့်မှန်းချက်မှာ ယုံကြည်ရသော အစီရင်ခံစာများပေါ်တွင် မူတည်ထားခြင်းဖြစ်သည်။ ၂၀၁၇ ခုနှစ်သည် ရှင်ကျန်းတွင် အစုလိုက်အပြုံလိုက်ထိန်းသိမ်းရေးစခန်းများ လုပ်ဆောင်နေကြောင်း ပေါ်ထွက်ခဲ့သည့်နှစ်ဖြစ်ပြီး တစ်နှစ်တာလုံးဖမ်းဆီးသမျှ၏ ၂၁ ရာခိုင်နှုန်းခန့်ရှိခဲ့သည်။  

ASPI၏ နောက်ဆုံးစုံစမ်းမှုအစီရင်ခံစာအရ ဝီရနှင့် အခြားတူရကီနှင့် မွတ်စလင်လူနည်းစု တစ်သန်းကျော်သည် ထိန်းသိမ်းရေးစခန်း ၃၈၀ ခန့်တွင် ပိတ်လှောင်ထားခြင်းခံရကြောင်း သိရသည်။ ASPI ၏အစီရင်ခံစာသည် တရုတ်၏  ၎င်းဖြစ်စဉ်ကို အဆုံးသတ်နေသည်ဟူသော အပြောကို ဆန့်ကျင်နေသည်။ ၂၀၁၉ ဇူလိုင်နှင့် ၂၀၂၀ ဇူလိုင်အတွင်း ထိုကဲ့သို့သော စခန်း ၆၁ ခုကို တိုးချဲ့ခဲ့ပြီး ၁၄ ခုမှာ ဆက်လက် ကြီးထွားနေကြောင်း ဂြိုဟ်တုပုံရိပ်များက အတည်ပြုနေသည်။

ဗြိတိန်နေ့စဉ်ထုတ် The Sun မှ လတ်တလော အစီရင်ခံစာသည် ပိုမိုဆိုးဝါးသော ပုံတစ်ခုကို ဖော်ဆောင်နေသည်။ ပေကျင်းမှ ပေါက်ကြားလာသော စာရွက်စာတမ်းအရ အစုလိုက်အပြုံလိုက်ထိန်းသိမ်းရေးစခန်းများသည် ၂၀၁၄ကတည်းက ရှိနေပြီဖြစ်ပြီး ယခုအချိန်ထိ အူဂွာနှင့် အခြားလူနည်းစု မွတ်စလင် ရှစ်သန်းကို စခန်းသို့ အတင်းအကြပ်ပို့ဆောင်ကြောင်း နေ့စဉ်ထုတ်တွင် ဖော်ပြထားသည်။ ထိုစခန်းကွန်ယက်သည် ၁၉၂၀ခုနှစ်များမှ ၁၉၅၀ အလယ်ပိုင်းနှစ်များအတွင်း ဆိုဗီယက်ပြည်ထောင်စု၏ အတင်းအဓမ္မလုပ်အားပေးခိုင်းစေမှုစခန်းများ၏ အဆက်ဖြစ်ပြီး သန်းနှင့်ချီသောလူများကို အကျဉ်းချထားခဲ့သည်။

အမေရိကန်အောက်လွှတ်တော်သည် ရှင်ကျန်းဒေသမှ အတင်းအဓ္ဓမလုပ်အားပေးခိုင်းစေမှုစခန်းများမှ တင်ပို့ကုန်များကို ပိတ်ပင်ရန် ဥပဒေတစ်ရပ်ကို မကြာသေးမီက ပြဌာန်းခဲ့သည်။ ၎င်းသည် တရုတ်ကလုပ်ဆောင်နေသော အစုလိုက်အပြုံလိုက်ထိန်းသိမ်းရေးစခန်းများ၏ နောက်ထပ်ရှုထောင့်တစ်ခု ဖြစ်သည်။ ရှင်ကျန်းမှ အတင်းအဓ္ဓမလုပ်အားပေးခိုင်းစေမှုကို ဆန့်ကျင်ရန် ယခုနှစ် ဇူလိုင်လတွင် နိုင်ငံ ၃၆နိုင်ငံမှ လူ့အခွင့်အရေးအဖွဲ့အစည်း ၁၉၀ကျော်သည် လာမည့်၁၂လအတွင်း ရှင်ကျန်း မှ အထည်တင်သွင်းမှုကို ရပ်နားရန် အပြည်ပြည်ဆိုင်ရာအဝတ်အထည် အမှတ်တံဆိပ်များအား တောင်းဆိုခဲ့သည်။ ကမ္ဘာ့ ဝါဂွမ်း သို့မဟုတ် ချည်တင်ပို့မှု၏ ၂၀ရာခိုင်နှုန်းမှာ ရှင်ကျန်း မှ ဖြစ်သည်။  

ယခုနှစ် မတ်လတွင် ASPI သည် “ Uyghrs for sale (ဝီဂါများရောင်းရန်ရှိသည်)” ဟူသော အစီရင်ခံစာတစ်စောင် ထုတ်ပြန်ခဲ့ပြီး ဝီဂါ ၈၀,၀၀၀ခန့်သည် တရုတ်၏ ပြည်နယ်အသီးသီးရှိ စက်ရုံများသို့ ပို့ဆောင်ခြင်းခံရကြာင်း ဖော်ပြထားသည်။ သူတို့သည် နိမ့်ကျသော စက်ရုံအလုပ်များသာ လုပ်ကြရသည်။ အစီရင်ခံစာတွင် နိုင်ငံခြားနှင့် တရုတ် ကုမ္ပဏီပေါင်း ၈၃ခုခန့်သည် ရှင်ကျန်း ၏ အဓမ္မလုပ်အားပေးခိုင်းစေမှုကို အသုံးပြုနေကြောင်း တင်ပြထားသည်။ CSIS အကျဉ်းအရ၊ ရှင်ကျန်း၏ တင်းအဓမ္မလုပ်အားပေးခိုင်းစေမှုသည် “လစာ အလွန်အမင်းနည်းပါးနေခြင်း”ဖြစ်သည်။ မလိုချင်ဘူးလား! ၎င်းသည် သေချာပေါက် တရုတ်၏ ရည်ရွယ်ချက်ဖြစ်သည်။ တရုတ်သည် အစုလိုက်အပြုံလိုက်ထိန်းသိမ်းရေးစခန်းများနှင့် အူဂွာကြီးစိုးသော နေရာများတွင် သားဆက်ခြားနည်းများဆောင်ရွက်ရန် ပစ်မှတ်ထားခြင်းဖြစ်သည်။ တရုတ် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့်  ကလေးတစ်ဦးပေါ်လစီကို လက်ခံကျင့်သုံးသော်လည်း လူနည်းစုများအတွက် အစောပိုင်းတွင် တရုတ်ဥပဒေက သူတို့အား ကလေးနှစ်ယောက်မွေးရန် ခွင့်ပြုထားပြီး ကျေးလက်နေတိုင်းရင်းသားလူနည်းစုများသည် ကလေးသုံးဦး အထိမွေးဖွားနိုင်သည်။

 သို့သော် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့်ကလေးတစ်ဦး ပေါ်လစီကို လျှော့ချပြီး ရှင်ကျန်းသို့ အစုလိုက်အပြုံလိုက်ပြောင်းရွှေ့လာသော ဟန်တရုတ်လူမျိုးများအား ကလေးတစ်ဦး ထက်ပိုရန် တိုက်တွန်းပြီးနောက် တရုတ်သည် မျိုးဆက်ပျံ့ပွားနိုင်သည့်အရွယ်ရှိ ဝီဂါအမျိုးသမီးများအား မူးယစ်ဆေးဝါးသုံးစွဲမှုနှင့် သားကြောဖြတ်ခြင်းစသည့်  တင်းကြပ်သည့် သားဆက်ခြား အစီအမံများလုပ်ဆောင်ရန် ဖိအားပေးနေသည်။

တရုတ်စုံစမ်းဖော်ထုတ်သုတေသီ အန်ဒရီယန် ဇန် သည် ဂျိမ်းစ်တောင်း ဖောင်ဒေးရှင်း  နှင့်လက်တွဲထုတ်ဝေသော စုံစမ်းမှုသုတေသနလေ့လာမှုသည် ကျွန်ုပ်တို့အား မျက်စိပွင့်စေနိုင်သော ကိန်းအချို့ကို ပေးနေသည်။ သူ၏ လေ့လာမှုစာစောင်အရ လူနည်းစု ၁.၈ သန်းသည် အစုလိုက်အပြုံလိုက် ထိန်းသိမ်းခြင်းစခန်းများတွင်  ရှိနေပြီး  သားဆက်ခြားချိုးဖောက်မှုသည် ဥပဒေမဲ့ ထိန်းချုပ်မှု၏ အဓိက အချက်တစ်ချက်ဖြစ်သည်။  

သူ၏ အစီရင်ခံစာအရ ရှင်ကျန်း လူ ဦး ရေတိုးတက်မှုနှုန်းသည် ၂၀၁၈ ခုနှစ်တွင်ထိုးကျသွားသည်။ ဝီဂါ၏ အကြီးဆုံးခရိုင်နှစ်ခုဖြစ်သော ကက်ရှ်ဂါ  နှင့် ဟိုတန် တွင် လူဦးရေတိုးတက်မှုနှုန်းသည် ၂၀၁၅ မှ ၂၀၁၈အတွင်း ၈၄ရာခိုင်နှုန်း ထိုးကျသွားကြောင်းတွေ့ရသည်။ တစ်ချို့သော ဝီဂါဒေသများတွင်  မွေးဖွားနှုန်းထက် သေဆုံးမှုနှုန်းက ပိုမိုများပြားနေကြောင်း တွေ့ရသည်။ တရုတ်သည် ၂၀၁၉ နောက်ဆုံးထား၍ ဝီဂါကြီးစီုးသော လူနည်းစုဒေသ လေးခုမှ မျိုးဆက်ပျံ့ပွားနိုင်သည့် အသက်အရွယ်ရောက် အမျိုးသမီး ၈၀ရာခိုင်နှုန်းကို သားကြောဖြတ်ရန် စီစဉ်ခဲ့ကြောင်း အစီရင်ခံစာတွင် ထပ်မံဖော်ပြထားသည်။  

 အေပီသတင်းဌာန၏ စုံစမ်းစစ်ဆေးမှုတစ်ခုအရ တရုတ်တွင် သားအိမ်တွင်းထည့် သားဆက်ခြားပစ္စည်း (IUD)အသုံးပြုမှုသည် သိသိသာသာ ကျဆင်းသွားသော်လည်း ရှင်ကျန်းတွင်မူ အများအပြားတိုးလာကြောင်း မြင်တွေ့ရသည်။ ဇန်၏ အစီရင်ခံစာအရ ၂၀၁၈ တွင် တရုတ်စုစုပေါင်းလူဦးရေ၏ ၁.၈ ရာခိုင်နှုန်းသာရှိသော ရှင်ကျန်း  ပြည်နယ်သည် တရုတ်တစ်နိုင်ငံလုံး သားဆက်ခြားပစ္စည်းအသုံးပြုမှု၏  ၈၀ ရာခိုင်နှုန်းရှိကြောင်း ဖော်ပြနေသည်။ သားကြောဖြတ်ခွဲစိတ်မှုသည်လည်း တစ်နိုင်ငံလုံးအတိုင်းအတာရ ကျဆင်းသွားချိန်တွင် ရှင်ကျန်းရှိ ဝီဂါဒေသများတွင် ခုနှစ်ဆခန့် မြင့်တက်လာသည်ကို တွေ့မြင်ရသည်။

၂၀၁၈နှင့် ၂၀၁၉ အကြား, တစ်နိုင်ငံလုံးအတိုင်းအတာအရ ၄.၂ရာခိုင်နှုန်းသာ ကျဆင်းချိန်တွင် ရှင်ကျန်းတွင် မွေးဖွားမှုနှုန်းသည် ၂၀၁၉တွင် ၂၄ရာခိုင်နှုန်းခန့် ကျဆင်းသွားခဲ့သည်။ တိုင်းရင်းသားလူနည်းစုဒေသများတွင် ၃၀မှ ၅၆ရာခိုင်နှုန်းထိ သိသိသာသာ ကျဆင်းသည်ကို တွေ့ရသည်။ တရုတ်သည် ဝီဂါဒေသများ၏ မွေးဖွားမှုနှုန်းနှင့်ပတ်သတ်၍ နောက်ဆုံးရသတင်းများ ထုတ်ပြန်မှုကို ရပ်တန့်လိုက်ကြောင်း ဇန်ကပြောသည်။

 ခွဲခြားဆက်ဆံမှု၏နောက်တစ်ဆင့်ကိုပြောရလျင် တရုတ်၏ ကိုယ်တွင်းအင်္ဂါအစားထိုးကုသမှုအလွဲသုံးစားမှုကို ရပ်တန့်ရပ် ကြိုးစားနေသော အမေရိကန်ရှိ လွတ်လပ်သောခုံရုံးဖြစ်သည့် "တရုတ်ခုံရုံး"က တရုတ်သည် အတိုက်အခံများနှင့် ထိန်းသိမ်းရေးစခန်းများမှ ကိုယ်တွင်းအင်္ဂါ ထုတ်ယူခြင်းများတွင် ပါဝင်နေကြောင်းပြောသည်။ တစ်ချိန်ကကွန်မြူနစ်ပါတီထက် နောက်လိုက်များ ပိုမိုများပြားခဲ့သော ဝိဉာဏ်ရေးရာဂိုဏ်းအဖွဲ့ ဖူလန်ဂွန်းကို လေ့လာကျင့်သုံးသူများသည် အဓိက ပစ်မှတ်ဖြစ်နေချိန်တွင် အူဂွာမွတ်စလင်များအပါအဝင် အခြားသော တိုင်းရင်းသားလူနည်းစုများမှ ပစ်မှတ်ပိုမိုထားခြင်းခံလာရသည်ဟု ခုံရုံးသည် ၂၀၁၉ စက်တင်ဘာတွင် ဂျီနီဗာရှိ ကုလသမ္မဂလူ့အခွင့်အရေးကောင်စီသို့ ပြောကြားခဲ့သည်။

အမေရိကန်အစိုးရအိမ်ကြားနာမှုအစီရင်ခံစာအရ တရုတ်တွင် ဖူလန်ဂွန်း အဖွဲ့ဝင် ၆၅,၀၀၀သည် ကိုယ်တွင်းအင်္ဂါထုတ်ယူရန်အတွက် သတ်ဖြတ်ခံခဲ့ရကြောင်း သိရသည်။ ကြားနာမှုအစီရင်ခံစာသည် ၂၀၁၂ကဖြစ်သော်လည်း ဤကိန်းဂဏန်းကို ကမ္ဘာတစ်ဝှမ်းတွင် ကျယ်ကျယ်ပြန့်ပြန့်သုံးနေဆဲဖြစ်ပြီး အစုလိုက်အပြုံလိုက်ထိန်းသိမ်းရေးစခန်းများရှိ တိုင်းရင်းသားလူနည်းစုများ၊ ဝီဂါမွတ်စလင်များနှင့် တိဘက်လူမျိုးများအား တရုတ်၏ဖိအားပေးမှုကြောင့် ယခု လက်ရှိသည် ထိုထက် များစွာ မြင့်မားနိုင်သည်။  

ဟန်တရုတ်လူမျိုးများ အစုလိုက်အပြုံလိုက် ရောက်လာခြင်း

တရုတ်ဝီဂါယန္တရားပျက်သုဉ်းမှုသည် တရုတ်၏ တစ်ခြားဒေသများမှ ရှင်ကျန်း  ပိုင်နက်သို့ ဟန်တရုတ်လူမျိုးများ လူဦးရေကျူးကျော်ဝင်ရောက်လာမှုနှင့် ဆက်စပ်နေစေသည်။ ရှင်ကျန်းဝီဂါ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စာရင်းအင်း နှစ်ချုပ်စာချုပ်အရ ရှင်ကျန်းတွင် ဟန်တရုတ်လူမျိုးများမှာ ၁၉၄၉ တွင် ၆.၇ ရာခိုင်နှုန်းရှိခဲ့ပြီး ၄၀.၈ရာခိုင်နှုန်းထိ တိုးလာကြောင်း ၂၀၁၀ တရုတ်သန်းခေါင်စာရင်းအရ သိရသည်။  

ဝီဂါမွတ်စလင်များသည် ၁၉၄၁တွင် ရှင်ကျန်းလူဦးရေ၏ ၈၀ရာခိုင်နှုန်းခန့်ရှိခဲ့ပြီး ၁၉၄၉ တွင် ၇၆ ရာခိုင်နှုန်းအထိ ရှိခဲ့သည်။ သူတို့သည် ကာဇက်မွတ်စလင်များနည်းတူ ဆက်တိုက် ကျဆင်းမှုကို တွေ့ကြုံခဲ့ရပြီး ၂၀၁၀တွင်မု ၄၅.၈၄ ရာခိုင်နှုန်းထိ လျော့ကျခဲ့သည်။

တရုတ်သန်းခေါင်စာရင်းအချက်အလက် - ဝီဂါ နှင့် ဟန်

တစ်ချိန်က ရှင်ကျန်းဒေသကို သတ်မှတ်ခဲ့သည့် ဝီဂါမွတ်စလင်များသည် ယခုတွင်မူ ရှင်ကျန်း ပြည်နယ်ရှိ ဟန်လူမျိုးများထက် အနည်းငယ်သာများကြောင်း ၂၀၁၀ တရုတ်သန်းခေါင်စာရင်းများအရ တွေ့ရပြီး အကယ်၍ ၂၀၀၉ ရှင်ကျန်း အကြမ်းဖက်မှုအပြီးတိုးလာသော  အစုလိုက်အပုံလိုက် ထိန်းသိမ်းရေးစခန်းများ၊ မွေးဖွားမှု တားမြစ်ခြင်းများနှင့် တရုတ်နိုင်ငံတစ်ဝှမ်း အဓ္ဓမလုပ်အားပေးခိုင်းစေခိုင်ရသော ဝီဂါမွတ်စလင်များသာ ဆက်လက် ရှိနေပါက နောက်ထပ်လာမည့် တရုတ် သန်းခေါင်စာရင်း(တရားဝင်ထုတ်ပြန်ခြင်းပြုခဲ့လျှင်)တွင် အံ့ဩလောက်သော အချက်အလက်များတွေ့ရနိုင်သည်  

အက်ဒရီယန်ဇန် ၏ သုတေသနက တရုတ်သည် ယခုနှစ်များအတွင်း ရှင်ကျန်းတွင် ဟန်အခြေချနေထိုင်နယ်ချဲ့ခြင်းကို တိုးမြှင့်နေကြောင်း ဖော်ပြနေသည်။ ၂၀၁၅ နှင့် ၂၀၁၈ အတွင်း ဟန်တရုတ်လူမျိုး ၈၆၃,၀၀၀ သည် ရှင်ကျန်းမှ ထွက်ခွါသွားသော်လည်း ထိုအချိန်ကာလအတွင်းမှာပင်  အခြေချနေထိုင်သူအသစ် ၂.၀၃သန်းကို ရှင်ကျန်းရှိ ဟန်လူများစုတွင် ထပ်ပေါင်းထည့်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly