အချို့သော နိုင်ငံတကာခြေစွမ်းပွဲတွေ 'တာဝန်ယူမှုမရှိဘူး'လို့ Fifpro ပြော

အချို့သော နိုင်ငံတကာခြေစွမ်းပွဲတွေ 'တာဝန်ယူမှုမရှိဘူး'လို့ Fifpro ပြော
Photos: EPA

ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါဆိုးအတွင်း နိုင်ငံတကာခြေစမ်းပွဲတွေဟာ "ကြီးမားတဲ့ ပြဿနာတွေ" ဖြစ်ပေါ်စေနိုင်တယ်လို့ ကမ္ဘာ့ဘောလုံးသမားများရဲ့ အဖွဲ့အစည်း (FIFPro) အထွေထွေအတွင်းရေးမှူးက ပြောပါတယ်။ 

Fifpro ရဲ့ ဂျိုးနက်စ်ဘဲဟော့ဖ်မန်းက ဗိုင်းရပ်စ်ကူးစက်ခံရပါက ကလပ်အသင်းတွေနဲ့ ကစားသမားတွေအနေနဲ့ သီးခြားနေရမှာနဲ့ ပတ်သက်လို့ စိုးရိမ်နေတယ်လို့ ဆိုပါတယ်။ 

သူက "စီးပွားရေးဆိုင်ရာ ဖိအားတွေ"ဟာ အချို့သော ပွဲစဉ်တွေ ကစားနေရခြင်းရဲ့ အကြောင်းအရင်းဖြစ်တယ်လို့ သူက ယုံကြည်နေပါတယ်။ 

"အားကစားနဲ့ ကျန်းမာရေးရှုထောင့်ကနေကြည့်ရတာ အရမ်းခက်ခဲလှပြီး ဒီလို ပွဲစဉ်တွေ ကစားနေရတာ အရမ်းအန္တရာယ်များပါတယ်။"လို့ သူက ပြောပါတယ်။

"ဒီပွဲတွေကို စီစဉ်နေတဲ့ ဘောလုံးအဖွဲ့ချုပ်တွေမှာ တခါတလေ အလွန်များပြားတဲ့ စီးပွားရေးဆိုင်ရာ စာချုပ်တွေ ရှိတယ်ဆိုတာ ကျနော်တို့ အားလုံး သိနေကြပြီး ဘာကြောင့် ဒီပွဲတွေကို ကစားနေတာလဲဆိုတာ ဒီအခြေအနေတွေထဲက တစ်ခုလို့ ရှင်းရှင်းလင်းလင်း သိစေပါတယ်။" 

ဂျူဗင်တပ်စ်တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်လ်ဒိုအပါအဝင် ကစားသမားအချို့ဟာ လက်ရွေးစင်အသင်းရဲ့ ပွဲစဉ်တွေ ကစားခဲ့ကြစဉ်အတွင်း COVID-19 ကူးစက်ခံခဲ့ရပါတယ်။

ဘဲဟော့ဖ်မန်းက ကစားသမားတွေရဲ့ ကျန်းမာရေးဟာ နိုင်ငံအသီးသီးရဲ့ ဘောလုံးအဖွဲ့ချုပ်တွေအတွက် အဓိကဦးစားပေးအဖြစ် ဆက်လက်ရှိနေသင့်တယ်လို့ ပြောပါတယ်။ 

သူက "အထူးသဖြင့် ဥရောပပြင်ပ ဒေသတွေမှာ အခုကျနော်တို့ မြင်နေရတဲ့ အရာက တာဝန်ယူမှု မရှိတာပါ။ နောက်ပြီး ခြေစမ်းပွဲဟာ ကစားသမားတွေရဲ့ ကျန်းမာရေးအတွက် ဘယ်အန္တရာယ်မျိုးကိုမှ အကာအကွယ်မပေးနိုင်ပါဘူး။

"အခုအချိန်မှာ ကျနော်တို့က အားလုံးအတွက် ကောင်းမယ့် ဆုံးဖြတ်ချက်တွေကို ချမှတ်ဖို့ လိုနေပြီလို့ ကျနော်ထင်ပါတယ်။ ဘယ်လိုအခြေအနေမျိုးနဲ့ ဒီခြေစွမ်းပွဲတွေကို ရှေ့ဆက်သွားမလဲဆိုတာပါ။ ဘာလို့လဲဆိုတော့ လူတိုင်းက တာဝန်ယူမှုရှိတဲ့ ဆုံးဖြတ်ချက်တွေ မချမှတ်ကြတာပဲ။" 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly