တရုတ်ရဲ့ စီးပွားရေးဖွံ့ဖြိုးမှုကို နှစ်ဆနီးပါး မြင့်တက်မယ်လို့ IMF ခန့်မှန်း 

တရုတ်ရဲ့ စီးပွားရေးဖွံ့ဖြိုးမှုကို နှစ်ဆနီးပါး မြင့်တက်မယ်လို့ IMF ခန့်မှန်း 
Photo - AFP

အောက်တိုဘာ ၁၄

အခုနှစ်ရဲ့ တရုတ် စီးပွားရေးဟာ မကြာသေးခင်က ခန့်မှန်းထားတာထက် နှစ်ဆနီးပါး မြင့်တက်ပြီး ၁ ဒသမ ၉ ရာခိုင်နှုန်း ဖွံ့ဖြိုးနိုင်တယ်လို့ နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ IMF က အင်္ဂါနေ့မှာ ပြောပါတယ်။ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေးအတွင်း စီးပွားရေး တိုးတက်တဲ့ တစ်ခုတည်းဖြစ်နိုင်တဲ့ နိုင်ငံအဖြစ်လည်း IMF က ဆိုပါတယ်။ 

ဒါပေမယ့် ကမ္ဘာ့စီးပွားရေး ပြန်လည်ဦးမော့မှုကို အန္တရာယ်ပေးနေတဲ့ အမျိုးမျိုးသော ကဏ္ဍနယ်ပယ်တွေမှာ အမေရိကန်နဲ့ လိပ်ခဲတည်းလည်းဖြစ်နေတာကြောင့် တရုတ်နိုင်ငံဟာ အခြားသော နိုင်ငံတွေလိုပဲ ရှေ့ဆက် ခရီးကြမ်းဦးမယ်လို့ IMF က သတိပေးပါတယ်။ 

မကြုံဖူးတဲ့ လော့ဒေါင်းလုပ်ငန်းစဉ်တွေနဲ့ စက်ရုံအလုပ်ရုံတွေ ပိတ်တာကြောင့် ကမ္ဘာ့ဒုတိယစီးပွားရေးအကြီးဆုံး တရုတ်နိုင်ငံဟာ ပထမသုံးလပတ်မှာပဲ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုနှုန်း စံချိန်တင် ကျဆင်းသွားခဲ့ပြီး ဒုတိယသုံးလတ်မှာတော့ ပုံမှန်အခြေအနေ ပြန်ရောက်တဲ့အထိ ဖြစ်ခဲ့ပါတယ်။ 

အခုနှစ် အစမှာ ဗိုင်းရပ်စ် စတင်ကူးစက်ပျံ့နှံတဲ့နောက် တာဝန်ရှိသူတွေဟာ မတုံ့ဆိုင်းပဲ စီးပွားရေးလုပ်ငန်းကိုင်ငန်းတွေ ပိတ်လိုက်ပြီး သန်းပေါင်းများစွာသော ပြည်သူတွေကို အိမ်မှာပဲ နေစေခဲ့တာပါ။ 

ဒါပေမယ့် တင်းကျပ်တဲ့ လုပ်ငန်းစဉ်တွေကို နောက်ပိုင်း ဖြေလျှော့ပေးလာခဲ့ပြီး ဒီ နှစ် ဒုတိယနှစ်ဝက်မှာ စီးပွားရေးဟာ ပြန်လည်ရုန်းထွက်လာနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။ 

ဧပြီ-ဇွန်မှာ နိုင်ငံရဲ့ စီးပွားရေးဟာ ၃ ဒသမ ၂ ရာခိုင်နှုန်း ရှိခဲ့တာကြောင့် ပြီးခဲ့တဲ့ သုံးလပတ်က ၆ ဒသမ ၈ ရာခိုင်နှုန်းကနေ ကျုံ့သွားခဲ့ပါတယ်။ 

IMF ရဲ့ အင်္ဂါနေ့က ထုတ်ပြန်တဲ့ ကမ္ဘာ့စီးပွားရေးသုံးသပ်ချက်မှာ ၂၀၂၀ တစ်နှစ်တာအတွက် တရုတ်နိုင်ငံဟာ စီးပွားရေး ၁ ဒသမ ၉ ရာခိုင်နှုန်း တိုးတက်မယ်လို့ ပြောင်းလဲခန့်မှန်းထားတာဖြစ်ပါတယ်။ ဇွန်လအတွင်းက IMF က ခန့်မှန်းရာမှာ ၁ ရာခိုင်နှုန်း တိုးတက်မယ်ဆိုတာကြောင့် နှစ်ဆနီးပါး တိုးမြှင့်ခန့်မှန်းထားတာပဲ ဖြစ်ပါတယ်။ 

တရုတ်ရဲ့ ပို့ကုန်ကဏ္ဍဟာ အလွန်နိမ့်ဆင်းနေရာက လုပ်ငန်းကိုင်ငန်းတွေ စောစောစီးစီး ပြန်စနိုင်တာကြောင့် ပြန်လည်ဦးမော့လာခဲ့တာ ဖြစ်တယ်လို့ IMF ခန့်မှန်းချက်မှာ ဖော်ပြထာ့ပါတယ်။ 

ဆေးဖက်ဆိုင်ရာ ပစ္စည်းတွေ ပြည်ပက ဝယ်လိုအား မြှင့်တင်တာကြောင့် တရုတ်ရဲ့ ပို့ကုန်ကဏ္ဍ အားကောင်းလာခဲ့တာ ဖြစ်တယ်လို့ IMF က ဆိုပါတယ်။ 

အစောပိုင်းမှာ တရုတ်နိုင်ငံထုတ် တစ်ကိုယ်ရည်သုံး ကာကွယ်ရေးပစ္စည်းတွေ ပြည်ပက အဝယ်လိုက်ပြီး အခုဆိုရင် အိမ်ထောင်စုသုံးပစ္စည်းတွေပါ အဝယ်လိုက်လာတာကြောင့် စက်တင်ဘာလက ပို့ကုန်ဟာ တစ်နှစ်ကထက် ၉ သမ ၉ ရာခိုင်နှုန်း မြင့်တက်ခဲ့တယ်လို့ တရုတ် အကောက်ခွန်ဦးစီးဌာနက အင်္ဂါနေ့မှာ ပြောခဲ့ပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly