ဂီလ်ဂစ်- ဘောလ်တီစတန် ကို ပါကစ္စတန်တွင် ပေါင်းထည့်မည့် အင်ရမ်ခန်း အစိုးရ၏အစီအစဉ်ကို ပါကစ္စတန် ဝန်ကြီးချုပ်ဟောင်း ရှုတ်ချ

By JustEARTH News
13 October 2020
ဂီလ်ဂစ်- ဘောလ်တီစတန် ကို ပါကစ္စတန်တွင် ပေါင်းထည့်မည့် အင်ရမ်ခန်း အစိုးရ၏အစီအစဉ်ကို ပါကစ္စတန် ဝန်ကြီးချုပ်ဟောင်း ရှုတ်ချ

အောက်တိုဘာ ၁၃
 
ပါကစ္စတန် သိမ်းပိုက်ထားသော ကက်ရှ်မီးယား ဝန်ကြီးချုပ်ဟောင်း ဆဒါ အက်တစ် ခန်းက ပါကစ္စတန် ဝန်ကြီးချုပ် အင်ရမ် ခန်းအား ဂီလ်ဂစ်- ဘောလ်တီစတန်အား ပါကစ္စတန်သို့ပေါင်းထည့်မည့် အစီအစဉ်အတွက် ရှုတ်ချပြောဆိုလိုက်သည်။ ထိုဒေသသည် ပါကစ္စတန်မဟုတ်ဘဲ ကက်ရှမီးယား၏ တစ်စိတ်တ်စပိုင်းသာဖြစ်သည်ဟု ဆိုသည်။

 လတ်တလော လုပ်ရပ်က ပါကစ္စတန်၏ ရပ်တည်မှုကို ပျက်ပြားစေနိုင်ပြီး ဂျမူးနှင့် ကက်ရှ်မီးယား အနာဂတ်အရေးကို အိန္ဒိယနှင့် ပါကစ္စတန်တို့ သဘောတူထားသည့်အတိုင်း ကုလသမဂ္ဂအဆုံးအဖြတ် ခံယူသင့်ကြောင်း အက်တစ်ခန်းက သတိပေးခဲ့သည်ဟု ANI က ဖော်ပြထားသည်။
 
“ ဂီလ်ဂစ်- ဘောလ်တီစတန်က ကက်ရှမီးယားရဲ့ တစ်စိတ်တစ်ဒေသပါ။ ဘယ်လိုကနေ ခင်ဗျားတို့  (ပါကစ္စတန်အစိုးရ)က  လာထိနေရတာလဲ။ ခင်ဗျား (အင်ရမ်ခမ်း)က ကက်ရှ်မီးယားနဲ့ပတ်သက်ပြီး ကုလသမဂ္ဂ ဆုံးဖြတ်ချက်အကြောင်းပြောထားတယ်၊ ပြီးတော့ အဲဒီဒေသကို ပါကစ္စတန်ထဲ ထည့်သွင်းဖို့ ကြိုးစားခဲ့တယ်” ဟု အက်တစ်၏ ပြောဆိုချက်ကို အေအန်အိုင် က ကိုးကား၍ ဖော်ပြသည်။
 
ပါကစ္စတန် မှ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ အမ်ဂျက် မီယာဇာ၏ အစောပိုင်းပြောကြားချက်အရ   ဒေါ်လာဘီလီယံပေါင်းများစွာတန်ဖိုးရှိသော တရုတ်ပါကစ္စတန်စီးပွားရေးစင်္ကြံ (CPEC)၏ ငါးခုမြောက် ပြည်နယ်အဖြစ်  ဂီလ်ဂစ်- ဘောလ်တီစတန်အားကို ထည့်သွင်းရန် ပါကစ္စတန်ကို ဖိအားပေးခိုင်းခဲ့ကြောင်းသိရသည်။
 
ဗီဒီယိုတစ်ခုတွင် မီယာဇာက “အိန္ဒိယ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၇၀ နှင့် ပုဒ်မ ၃၅(က) တို့ကို ပယ်ဖျက်ပြီးနောက် နိုင်ငံတကာအဆင့် ထောက်ခံမှုရနေစဉ် ပါကစ္စတန်ပြည်သူလူထုအနေဖြင့် အိန္ဒိယ၏ အထောက်အပံ့ကို တန်ပြန်နိုင်ရန် ဖိအားများစွာရှိကြောင်းနှင့် လှည့်ကွက်အချို့ သို့မဟုတ် ပါကစ္စတန်ပြည်သူတွေကို စိတ်ကျေနပ်စေနိုင်သော ကြေငြာမှု တစ်ခုခုပြုလုပ်ရန် လိုအပ်ကြောင်း” ပြောခဲ့သည်။

 သူက ပါကစ္စတန်အနေဖြင့် ဂီလ်ဂစ်- ဘောလ်တီစတန်အား ကို ခွဲထုတ်ပြီး ပဉ္စမပြည်နယ်အဖြင့် ပြုလုပ်ခြင်းမှာ မဖြစ်နိုင်ကြောင်း ပြောသည်။

“ အင်ရမ်ခမ်းရဲ့ ကြေငြာချက်ဖြစ်တဲ့ ဂီလ်ဂစ်- ဘောလ်တီစတန်ကို အသွင်ကူးပြောင်းရေးပြည်နယ်အဆင့်အတန်းကို ပေးမည်ဆိုတာ တဘက်က တုတ်ပြ တဘက်ကမုန့်ပြဆိုတဲ့  မူဝါဒသာဖြစ်တယ်။ ဘာလို့လဲဆိုတော့ တကယ်လို့သာ သူတို့က ဂီလ်ဂစ်- ဘောလ်တီစတန်ကို အမှန်တကယ်ဖွံ့ဖြိုး‌စေချင်ရင် ဒါမှမဟုတ် ပါကစ္စတန်ထဲ ပေါင်းထည့်ချင်ရင် ပထမဆုံးလုပ်ရမှာက နိုင်ငံရေးအကျဉ်းသားတွေအားလုံး လွှတ်ပေးဖို့ပဲဖြစ်တယ် ” ဟု ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly