ပါရီတိုက်ခိုက်သူများ သုံးခဲ့ဖွယ်ရှိသည့် လက်နက်များကို စွန့်ပစ်ကားတစ်စီးအတွင်းတွေ့ရှိ

ပါရီတိုက်ခိုက်သူများ သုံးခဲ့ဖွယ်ရှိသည့် လက်နက်များကို စွန့်ပစ်ကားတစ်စီးအတွင်းတွေ့ရှိ

ပါရီမြို့တိုက်ခိုက်မှုများတွင် အကြမ်းဖက်သမားများ သုံးခဲ့ဖွယ်ရှိသည့် လက်နက်များကို စွန့်ပစ်ကားတစ်စီးအတွင်း တွေ့ရှိကြောင်း ပြင်သစ်တရားရေးု သတင်းရင်းမြစ်တစ်ရပ်က ပြောသည်။

ပါရီအရှေ့ပိုင်း ဆင်ခြေဖုံးရပ် မွန်တရီအူးတွင် ရပ်ထားသည့် ကားနက်တစ်စီးကို နိုဝင်ဘာ ၁၅ ရက်တွင် တွေ့ရှိခြင်းဖြစ်ပြီး တိုက်ခိုက်ရေးသမား မောင်းပြေးထားရစ်သည့် ကားဖြစ်ဖွယ်ရှိသည်။

အစောပိုင်းက သုတ်သင်လိုက်နိုင်သည့် တိုက်ခိုက်ရေးသမား ခုနစ်ဦးတွင် ပထမဆုံးတစ်ဦးကို အစ္စမေးမိုစတီဖီးဆိုသူဖြစ်သည်ဟု အတည်ပြုနိုင်သည်။ တိုက်ခိုက်မှုများနှင့် ပတ်သက်ကာ ခြောက်ဦး ဖမ်းဆီးရမိထားသည်။

ပါရီတိုက်ခိုက်မှုအတွင်း လူပေါင်း ၁၂၉ ဦးသေဆုံးခဲ့၍ ပြင်သစ်နိုင်ငံက ဝမ်းနည်းဖွယ်နေ့သုံးရက် သတ်မှတ်ထားသည်။

သေဆုံးဒဏ်ရာရာသူမိသားစုများအား အထူးစောင့်ရှောက်ဝန်ဆောင်မှုများပေးထားသည်။ တိုက်ခိုက်မှုများအတွင်း ဒဏ်ရာရသူပေါင်း ၃၅၀ ကျော်ထက်မနည်းရှိသည်။

အိုင်အက်စ်တို့က ၎င်းတို့ကျုးလွန်ကြောင်း ပြောထားသည့် နိုဝင်ဘာ ၁၃ ရက် တိုက်ခိုက်မှုများမှာ ဂီတဖျော်ဖြေပွဲ၊ အားကစားကွင်း၊ စားသောက်ဆိုင်များနှင့် အရက်ဘားများကို တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ဝန်ကြီးချုပ်ဖြစ်သူ မန်နျူရယ်ဗေးက အင်အားတောင့်နေပြီဖြစ်သည့် အိုင်အက်စ်အစွန်းရောက်အဖွဲ့များအား ဆီးရီးယားတွင် လေကြောင်းထိုးစစ်ဆင်နွှဲနေခြင်းများကို ပြင်သစ်နိုင်ငံအနေဖြင့် ဆက်လက်ထိုးစစ်ဆင်သွားမည်ဖြစ်ကြောင်း ပြောခဲ့သည်။

Ref:BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly