အိန္ဒိယမီဒီယာများဆောင်ရန်ရှောင်ရန်အချက်များကိုတရုတ်ထုတ်ပြန်

အိန္ဒိယမီဒီယာများဆောင်ရန်ရှောင်ရန်အချက်များကိုတရုတ်ထုတ်ပြန်

အောက်တိုဘာ ၉

အောက်တိုဘာ ၁၀ ရက်နေ့တွင် ကျရောက်မည့် ထိုင်ဝမ်အမျိုးသားနေ့ မတိုင်မီ အိန္ဒိယမီဒီယာများဆောင်ရန်ရှောင်ရန်အချက်များကို တရုတ်အစိုးရမှ ထုတ်ပြန်လိုက်ပြီး ပေကျင်းနှင့် သံတမန်ဆက်ဆံရေးထားရှိသော နိုင်ငံအားလုံးသည် ”တရုတ်တစ်နိုင်ငံတည်းမူဝါဒ (One China Policy ) ကိုလက်ခံပါမည်ဆိုသည့်အချက်ကို အခိုင်အမာလိုက်နာ” သင့်သည်ဟု ပြောဆိုလိုက်သည်။
 
ထိုင်ဝမ်လွတ်လပ်ရေးနေ့မတိုင်မီ နယူးဒေလီအခြေစိုက် ထိုင်ဝမ်အစိုးရထုတ်သတင်းစာနှစ်စောင်တွင် ထိုင်ဝမ်သမ္မတ ဆိုင်ယင်းဝမ် ၏ပုံနှင့် ”ထိုင်ဝမ်နှင့်အိန္ဒိယတို့သည် ဟန်ဆောင်မှုမရှိသည့်မိတ်ဆွေများဖြစ်သည်” စာသားနှင့် စာမျက် နှာပြည့်ကြော်ငြာတစ်ခု ထည့်သွင်းဖော်ပြခဲ့ပြီးသည့်နောက် တရုတ်အစိုးရ၏ထုတ်ပြန်ချက်ထွက်ပေါ်လာခြင်းဖြစ်သည်။ အဆိုပါကြော်ငြာမှာ COVID-19 ကူးစက်မှုကိုတိုက်ဖျက်နေသည့် ထိုင်ဝမ်အစိုးရ၏ ကြိုးပမ်းဆောင်ရွက်ချက်နှင့် စိတ်တူကိုယ်တူမိတ်ဆွေများနှင့်ရောဂါတိုက်ဖျက်မှုအတွေ့အကြုံများ၊မရှိ မဖြစ်လိုအပ်နေသည့်ဆေးဝါးပစ္စည်းများဝေမျှသုံးစွဲမှုတို့ကို ရည်ရွယ်ခြင်းသာဖြစ်သည်။
 
အိန္ဒိယ-တရုတ် နယ်စပ်ပြဿနာဖြစ်ပွားနေသလို အိန္ဒိယမီဒီယာများတွင် ကျွမ်းကျင်သူများနှင့်မျက်မှောက်ရေးရာတင်ဆက်သူများမှ လအနည်းငယ်အတွင်းက တရုတ်စစ်တပ်၏လှုပ်ရှားမှုများနှင့် နပန်းလုံးနေရသော ထိုင်ဝမ်နှင့် ဆက်ဆံရေးကိုပြန်လည်သုံးသပ်ရန် အိန္ဒိယအစိုးရအား တောင်းဆိုနေမှုများဖြစ်ပေါ်နေချိန်လည်းဖြစ်သည်။
 
အိန္ဒိယနှင့်ထိုင်ဝမ် တို့သည်တရားဝင်သံတမန်ဆက်သွယ်ရေးမရှိသော်လည်း  နှစ်နိုင်ငံ မြို့တော်များတွင်ကိုယ်စားလှယ်ရုံးများကို ၁၉၉၅ ခုနှစ်တွင် အသီးသီးစတင်ဖွင့်လှစ်ခဲ့ကြသည်။ နယူးဒေလီတွင် တိုင်ပေစီးပွားရေးနှင့်ယဉ်ကျေးမှုစင်တာ(Taipei Economic and Cultural Center ) ကိုဖွင့်လှစ်ခဲ့ပြီး အိန္ဒိယနိုင်ငံမှလည်းတိုင်ပေတွင် နှစ်နိုင်ငံအပြန်အလှန်အကျိုးပြုမှုမြှင့်တင်နိုင်ရန်နှင့်စီးပွားရေး၊ ကမ္ဘာ လှည့်ခရီးသွားလုပ်ငန်း နှင့်ပြည်သူမှပြည်သူသို့ဖလှယ်မှုများလွယ်ကူချောမွေ့စေရန်အိန္ဒိယ-တိုင်ပေ အသင်း (India-Taipei  Association ) ကိုဖွင့်လှစ်ခဲ့သည်။

ထိုင်ဝမ်သည် COVID-19 ကပ်ဘေးကြောင့် အမျိုးသားနေ့အခမ်းအနား  ဖျက်သိမ်းလိုက်ပြီး ရုပ်သံစကားဝိုင်းတစ်ခုနှင့် ကြော်ငြာများထဲ့သွင်းခြင်းသည် ပြုလုပ်လိမ့်မည်ဟု အဖြစ်အပျက်ကိုသိရှိနေ တစ်ဦးက အမည်မဖော်ဘဲပြောကြားသည်။  

နယူးဒေလီရှိတရုတ်သံရုံးမှထုတ်ပြန်သည့်စာတွင် " ကျရောက်တော့မည့် 'ထိုင်ဝမ်အမျိုးသားနေ့'ဟုဆိုသော" ဟု ရည်ညွှန်းထားပြီး ပြောကြားရာတွင်  ”ကမ္ဘာ ပေါ်တွင်တစ်ခုတည်းသောတရုတ်နိုင်ငံသာရှိသည် ကိုကျွန်ုပ်တို့၏မီဒီယာမိတ်ဆွေများကို ထပ်လောင်းသတိပေးလိုပါသည် ။တရုတ်ပြည်သူ့သမ္မတနိုင်ငံ အစိုးရသည်တရုတ်တစ်ပြည်လုံးကိုကိုယ်စားပြုသည့် တစ်ခုတည်းသောတရားဝင်အစိုးရဖြစ်ပါသည်။ ထိုင်ဝမ်သည် ထာဝရတရုတ်နိုင်ငံပိုင်နက်အစိတ်အပိုင်းတစ်ခုဖြစ်ပါသည်။ တရုတ်နိုင်ငံနှင့်သံတမန် ဆက်သွယ်ရေးရှိကြသောနိုင်ငံအားလုံးသည် တရုတ်တစ်နိုင်ငံတည်းမူဝါဒကိုလက်ခံပါမည်ဆိုသည့် အချက်ကိုအခိုင်အမာလိုက်နာ” သင့်ပါသည်။ အိန္ဒိယအစိုးရသည်လည်းအဆိုပါမူဝါဒကိုတရားဝင်အဖြစ် ကာလရှည်ကြာစွာအသိအမှတ်ပြုပြီးဖြစ်ပါသည်” ဟုဖော်ပြထားသည်။
 
ဆက်လက်၍အဆိုပါစာတွင်”ထိုင်ဝမ်နှင့်ပတ်သက်၍ အိန္ဒိယအစိုးရ၏သဘောထားကိုအိန္ဒိယမီဒီယာများ ကအခိုင်အမာလိုက်နာကြပြီး တရုတ်တစ်နိုင်ငံတည်းမူဝါဒ သတ်မှတ်ချက်ကိုချိုးဖောက်ကြလိမ့်မည် မဟုတ်ဟုကျွန်ုပ်တို့ကမျှော်လင့်ပါသည်။အထူးသဖြင့် ထိုင်ဝမ်ကို’နိုင်ငံတစ်နိုင်ငံ (nation )’သို့မဟုတ် ’တရုတ်သမ္မတနိုင်ငံ( Republic of China )’သို့မဟုတ် တရုတ်ထိုင်ဝမ်ဒေသ၏ခေါင်းဆောင်ကို ’သမ္မတ (President )’အဖြစ် ရည်ညွှန်းဖော်ပြခြင်းဖြင့်အများပြည်သူများကိုလွဲမှားသည့်အချက်အလက်များ ပေးပို့ခြင်းမပြုလုပ်ရပါ”ဟုဖော်ပြထားသည်။

တရုတ်သံရုံးမှထုတ်ပြန်သည့်စာတွင်”မိမိတို့သည်မီဒီယာများထံမှမိတ်ဆွေအဖြစ်ဦးတည်ဆောင်ရွက်မှုနှင့်ရိုးသားသောသဘောထားတို့ကိုကြိုဆိုပါကြောင်း၊ မီဒီယာမိတ်ဆွေများအနေဖြင့်တရုတ်နှင့်ဆက်နွယ် သောသတင်းများတွင်နှစ်နိုင်ငံဆက်ဆံရေးကိုထိန်းသိမ်းကြရမည်ဖြစ်ကြောင်း” ဖော်ပြထားသည်။

အိန္ဒိယမှတွစ်တာအသုံးပြုသူများကတရုတ်သံရုံး၏လမ်းညွှန်ချက်များကိုထောက်ပြခဲ့ကြပြီးနောက်ထိုင်ဝမ်နိုင်ငံခြားရေးဝန်ကြီး ဂျိုရှီးဂျိုးဇက်ဝူ က”အိန္ဒိယသည် ကမ္ဘာပေါ်တွင်အားကောင်းသောမီဒီယာနှင့် လွတ်လပ်မှုကိုမြတ်နိုးသောပြည်သူများရှိသည့်အကြီးဆုံးဒီမိုကရေစီနိုင်ငံဖြစ်သည်။ သို့သော်တရုတ် ကွန်မြူနစ်သည်စိစစ်ဖြတ်တောက်မှုများပြုလုပ်ခြင်းဖြင့် အိန္ဒိယတိုက်ငယ်သို့ဝင်ရောက်နိုင်မည်ဟုမျှော် လင့်လျက်ရှိသည်။ ထိုင်ဝမ်၏အိန္ဒိယမိတ်ဆွေတို့ကတစ်ခုသာတုံ့ပြန်လိမ့်မည် ’ထွက်သွားစမ်း’  JW “ ဟုတွီတာတွင်ရေးသားခဲ့သည်။

ထိုင်ဝမ်နိုင်ငံခြားရေးဝန်ကြီးဌာန၏တွီတာတွင်တင်ထားမှုများအားလုံးတွင်နိုင်ငံခြားရေးဝန်ကြီး၏အမည်အတိုကောက်စာလုံး JW ကိုရေးသားထားသည်။

လွန်ခဲ့သည့်ရက်သတ္တပတ်များကအိန္ဒိယတာဝန်ရှိသူများသည်နယ်စပ်ပြဿနာအပေါ်အိန္ဒိယမီဒီယာများ၏အမြင်များနှင့်ပတ်သက်၍တရုတ်သံရုံး၏ဆောင်ရွက်ချက်များကိုစိတ်ပူပန်စွာစောင့်ကြည့်ခဲ့ကြသည်။အထူးသဖြင့်တရုတ်အစိုးရပိုင်မီဒီယာက ပေကျင်းရှိအိန္ဒိယသံတမန်များ၏အမြင်ကိုဖော်ပြခြင်းမရှိသည့် အပေါ်အိန္ဒိယဘက်မှသဘောထားအမြင်များမြင့်တက်လာခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required