ဒေါ်အောင်ဆန်းစုကြည် အနိုင်ရပြီဆိုတော့ မြန်မာနိုင်ငံကို ဦးဆောင်နိုင်မလား

ဒေါ်အောင်ဆန်းစုကြည် အနိုင်ရပြီဆိုတော့ မြန်မာနိုင်ငံကို ဦးဆောင်နိုင်မလား

ဒေါ်အောင်ဆန်းစုကြည်ဟာ နေအိမ်အကျယ်ချုပ် ၁၅ နှစ်နေခဲ့ရပြီး အသက်အန္တရာယ် ခြိမ်းခြောက်မှုတွေလည်း ခံခဲ့ရပါ တယ်။ နှစ်စဉ်လူ့အခွင့်အရေး ရပ်တည်ကာကွယ်သူတွေရဲ့ အမည်မှတ်တမ်းမှာ ဒေါ်စုရဲ့အမည်ဟာ ဒက်စ်မွန် တူးတူး၊ မာတင်လူသာ ကင်းဂျူနီယာနှင့် မဟတ္တမဂန္ဒီတို့ရဲ့အမည်တွေနဲ့အတူ ဖော်ပြခံရလေ့ ရှိပါတယ်။ အခု ဆိုရင် အသက် ၇၀ ရှိပြီဖြစ်တဲ့ ဒေါ်စုဟာ အကြွင်းမဲ့ အာဏာရှင်ဆန်တဲ့ စစ်အုပ်ချုပ်ရေးကနေ နိုင်ငံကို လွတ်မြောက်ဖို့ လူကြီးဘဝရဲ့အချိန်အများစုမှာ ကြိုးပမ်းလှုပ်ရှားရင်း ရလာမဲ့ ပန်းတိုင်တစ်ခုရဲ့ စပ်ကူးမတ်ကူး ကာလတစ်ခုအတွင်း ရှိနေပါပြီ။

နိုဝင်ဘာ ၁၃ က တရားဝင်ရလဒ်တွေအရ ဒေါ်စုရဲ့ NLD ပါတီက လွှတ်တော်နှစ်ရပ်ပေါင်း အမတ်နေ ရာ ၆၄၄ နေရာအနက် ၃၆၉ နေရာအထိ ရရှိပြီးပါပြီ။ ဒါဟာ မြန်မာမဲဆန္ဒရှင်တွေဟာ ဒေါ်စုအပေါ် ဘယ်လောက် လေးစား ကြည်ညိုတယ်ဆိုတာ ပြသလိုက်ခြင်းပဲ ဖြစ်ပါတယ်။

မြန်မာနိုင်ငံအတွက် ပြသနာတစ်ခုတော့ ရှိပါတယ်။ ဒေါ်စုအပေါ် နိုင်ငံက အလွန်အကျွံ လေးစားကြည် ညိုမှုဟာ အထွဋ်အထိပ်ကို ရောက်ခဲ့ပြီဖြစ်လို့ နိုဘယ်ဆုရှင် ဖြည့်ဆည်းမပေးနိုင်တဲ့ မျှော်လင့်ချက်တွေလည်း ရှိလာမှာ ဖြစ်တဲ့အကြောင်း လေ့လာသူအချို့က ဆိုပါတယ်။ ဒါ့အပြင် ဒေါ်စုရဲ့ ကျော်ကြားတဲ့ အမွမ်းတင်ခံရမှု က အစိုးရသစ်ကို ဦးဆောင်ဖို့ကြိုးစားရာမှာ သူမကို အထီးကျန်စေနိုင်သလို လက်လွတ်စပယ် ဆုံးဖြတ်ချက် တွေလည်း ချစေနိုင်ပါတယ်။

ကမ္ဘာတစ်ဝန်းက ဒေါ်စုကို ချီးကျူး ဂုဏ်ယူကြောင်းဖော်ပြတဲ့ သတင်းစကားတွေက ဒေါ်စုရဲ့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်စိတ်ကို ပိုပြီး ကြီးကျယ်စေပါလိမ့်မည်။ ဒါဟာ ကောင်းတဲ့အရာတစ်ခုတော့ မဟုတ်ပါဘူးလို့ စစ်အုပ်ချုပ်မှုကို ဆန့်ကျင်တဲ့အတွက် ထောင်ထဲမှာ ၁၁ နှစ်နေခဲ့ရတဲ့ ဒီမိုကရေစီ အရေးတက်ကြွလှုပ်ရှား သူ ခင်ဇော်ဝင်းက ပြောပါတယ်။ အိန္ဒိယနှင့် တရုတ်နိုင်ငံကြီး နှစ်ခုကြားမှာ ရှိနေတဲ့ မြန်မာရဲ့ အနာဂတ်အုပ် ချုပ်မှုကို အိမ်နီးချင်းနိုင်ငံတွေအပြင် အမေရိကန်နဲ့ တခြား အနောက်နိုင်ငံတွေကလည်း အနီးကပ် စောင့်ကြည့်ကြမှာ ဖြစ်ပါတယ်။ သမ္မတ ဘားရက်အိုဘားမားဟာ မြန်မာနိုင်ငံရဲ့အထီးကျန်မှုကို အဆုံးသတ်အောင် အဓိက လုပ်ဆောင်ပေးခဲ့ပြီး ၂၀၁၂ က မြန်မာနိုင်ငံကိုလာရာမှာ ဒေါ်စုနဲ့ စစ်ဘက် ကျောထောက်နောက်ခံ သမ္မတ ဦးသိန်းစိန်တို့ကို တွေ့ဆုံခဲ့ပါတယ်။ နိုဝင်ဘာ ၁၂ ကတော့ အိုဘားမားက ဒေါ်စုဆီဖုန်းခေါ်ခဲ့ပြီး သူမရဲ့ အောင်မြင်မှုက ငြိမ်းချမ်းကြွယ်ဝမှုဆီ ဦးတည်လိမ့်မယ်လို့ မျှော်လင့်ကြောင်း ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် ရွေးကောက်ပွဲ ကိုင်တွယ်မှုအပေါ် ဦးသိန်းစိန်ကိုလည်း ချီးကျူးခဲ့ပါတယ်။

အာဏာရလာပြီးတဲ့နောက် သူတို့ရဲ့နိုင်ငံကို ဦးဆောင်ဖို့ ရုန်းကန်ခဲ့ရတဲ့ တော်လှန်ရေး သူရဲကောင်း တွေရဲ့ သာဓကတွေနဲ့ သမိုင်းမှာ ပြည့်နေခဲ့ပါတယ်။ ဒါပေမဲ့ ဒေါ်စုဟာ သမ္မတလို လုပ်ဆောင်နိုင်မလား နောက်ကွယ်ကနေပဲ ဦးဆောင်နိုင်မလား တိတိကျကျ မသိရသေးပါဘူး။ ၂၀၀၈ ခုနှစ်က စစ်အစိုးရဟာ နိုင်ငံ ခြားသား ဇနီးခင်ပွန်း ဒါမှမဟုတ် နိုင်ငံခြားသား ပတ်စပို့ကိုင်ထားတဲ့ သားသမီးရှိတဲ့သူ ဘယ်သူမဆို သမ္မတရာ ထူး ထမ်းဆောင်ခွင့်ကနေ တားမြစ်ထားတဲ့ အခြေခံဥပဒေတစ်ရပ်ကို ပြဋ္ဌာန်းခဲ့ပါတယ်။ ဒေါ်စုရဲ့ ကွယ်လွန်သူ ခင်ပွန်းက ဗြိတိသျှပတ်စ်ပို့ ကိုင်ခဲ့သလို သားနှစ်ဦးကလည်း ဗြိတိသျှပတ်စ်ပို့တွေ ကိုင်ထားတာပါပဲ။

အဲဒီ အခြေခံဥပဒေက စစ်တပ်အတွက် ပါလီမန်မှာ အမတ်နေရာ ၂၅ ရာခိုင်နှုန်းကို ချန်ထားပေးပါ တယ်။ အခြေခံဥပဒေကို ပြောင်းလဲဖို့ ဒေါ်စုနဲ့ ထောက်ခံသူတွေအတွက် မဖြစ်နိုင်စရာ မဟုတ်တောင် အခက် အခဲ ဖြစ်စေမှာပါ။ မကြာသေးခင်က ရွေးကောက်ပွဲ မဲဆွယ်မှုအတွင်း ဒေါ်စုနဲ့ သူ့ရဲ့ NLD ဟာ ဒေါ်စုအာဏာရ ရေးအပေါ် ကန့်သတ်ချက်တွေကို ဘယ်လို ကိုင်တွယ်မလဲဆိုတာနဲ့ ကြိုးစား အဖြေရှာကြပါတယ်။ မရေမရာ အနေအထားပါ။ တကယ်လို့ ဒေါ်စုဟာ အစိုးရအဖွဲ့ကို တရားဝင် ဦးဆောင်နိုင်တယ်ဆိုတာ ကြီးမားတဲ့ မဲဆန္ဒ ရှင်တွေက သေချာမသိရင် သူတို့မဲမပေးဘဲနေမလား၊ ဒါမှမဟုတ် NLD ကို မဲမပေးဘဲနေမလား။

ဒီလိုသံသယတွေဖယ်ရှားဖို့ ဒေါ်စုဟာ သူသာ ဦးဆောင်မည်ဆိုတာ မဲဆွယ်မှုနောက်ဆုံး သီတင်းပတ် တွေမှာ ရှင်းရှင်းလင်းလင်း ပြောကြားခဲ့ပါတယ်။ "ကျွန်မတို့မှာ သမ္မတအဖြစ် NLD ကိုကိုယ်စားပြုဖို့ ကြိုတင် ပြင်ဆင်ထားသူ တစ်ဦးရှိတယ်ဆိုတာ တကယ့်ကို ပွင့်ပွင့်လင်းလင်း ပြောထားတယ်။ ဒါပေမဲ့ အရေးကြီးတဲ့ ဆုံးဖြတ်ချက်အားလုံးကိုတော့ ကျွန်မက ချမှတ်မှာပါ" ဟု နိုဝင်ဘာ ၄ က ရန်ကုန်တွင်ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတစ်ခုတွင် ဒေါ်စုက ပြောကြားခဲ့သည်။

ဒီလိုစီစဉ်ထားမှုရဲ့ တရားဝင်မှုနဲ့ ပတ်သက်လို့ မေးမြန်းတဲ့အခါ သမ္မတရဲ့အထက်မှာ ရှိတဲ့လူတစ် ယောက်နဲ့ ပတ်သက်လို့ အခြေခံဥပဒေက ဘာမှပြောမထားဘူးလို့ ဒေါ်စုက ပြန်ဖြေပါတယ် ယင်းနဲ့ပတ်သက်၍ အခြေခံဥပဒေကို ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ ဒါက ဥပဒေပဲ သူကဥပဒေအထက်မှာ ရှိတဲ့သဘော ရုတ်တရက်ပြောလိုက်တာက သူတစ်လျှောက်လုံး ပြောနေတာနဲ့ ဆန့်ကျင်နေတယ်လို့ ဝါရှင်တန် ဂျောဂျ် တောင်းတက္ကသိုလ်က မြန်မာနဲ့ အရှေ့တောင်အာရှရေးရာကျွမ်းကျင်သူ ဒေးဗစ်စတိုင်းဘာ့ဂ်က ပြောသည်။

လေ့လာသူတစ်ချို့ကလည်း ဒေါ်စု၏ ဦးဆောင်မယ်လို့ ကတိပြုချက်က တရားရုံးတွင် အရေးယူမှုမှဖြစ် စေ၊ တိုက်ရိုက် အာဏာသိမ်းသည်ဖြစ်စေ စစ်တပ်က စွက်ဖက်လာမည်ကို စိုးရိမ်နေသည်။ ဒေါ်စု သမ္မတမဖြစ်ရေးအတွက် စစ်တပ်က ရည်ရွယ်ချက်ရှိရှိ အခြေခံဥပဒေကို ရေးဆွဲခဲ့ခြင်းဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဋ္ဌာနတွင် တာဝန်ထမ်းဆောင်ခဲ့သော ခင်ဇော်ဝင်းက ပြောသည်။ ၁၉၉၀ ပြည့်နှစ်က ဒေါ်စု၏ပါတီက ရွေးကောက်ပွဲ တွင် အပြတ်အသတ်နိုင်သည့် ရလဒ်များကို စစ်တပ်က ပယ်ချခဲ့သည်။ သူမရဲ့ အမှားတစ်ခုခုနဲ့အတူ ဒါမျိုး နောက်တစ်ကြိမ် ထပ်ဖြစ်နိုင်ပါတယ်လို့လည်း ခင်ဇော်ဝင်းက ဆိုပါတယ်။ အလားအလာတွေကတော့ နည်းပါ တယ်။ ဒါပေမဲ့ သူတို့အဲဒီမှာ ရှိနေသေးတယ်ဟု ၎င်းက ပြောသည်။

အရွယ်ရောက် လူငယ်ဘဝက ဒေါ်စုဟာ ပြည်ပမှာ နေထိုင်ခဲ့ပါတယ်။ ဗြိတိန်က ဘွဲ့ရပါတယ်။ အဲဒါမ တိုင်ခင် မိခင်ဒေါ်ခင်ကြည် မြန်မာသံအမတ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ရာ အိန္ဒိယနဲ့ နီပေါတို့မှာ နေထိုင်ခဲ့ပါတယ်။ သူမကိုယ်တိုင်ရဲ့ပြောပြချက်အရတော့ ဒေါ်စုဟာ နိုင်ငံရဲ့ ဒီမိုကရေစီ လှုပ်ရှားမှုထဲကို မတော်တဆနီးပါး ရောက်လာခဲ့တာလို့ ဆိုပါတယ်။ ၁၉၈၈ မှာ မကျန်းမာတဲ့ မိခင်ကြီးကို ပြုစုဖို့ မြန်မာနိုင်ငံကို လာရောက်ချိန်မှာ စစ်တပ်ကို ဆန္ဒပြမှုတွေနဲ့ ကြုံနေခဲ့ပါတယ်။ အဲဒီအချိန်က ဆန္ဒပြမှုတွေကို ရက်စက်စွာနှိမ်နင်းတာ တွေ့ရ တော့ နိုင်ငံရေးလှုပ်ရှားမှုမှာ ပါဝင်ချင်စိတ်တွေ ပြင်းပြလာတယ်လို့ ဆိုပါတယ်။

၁၉၉၀ ပြည့်နှစ် အမျိုးသား ရွေးကောက်ပွဲမှာ မဲအားလုံးရဲ့ ၆၀ ရာခိုင်နှုန်းလောက် အမျိုးသားဒီမိုက ရေစီ အဖွဲ့ချုပ်က ရလိုက်တော့ စစ်အစိုးရက အံံ့သြသွားတယ်။ ဒါပေမဲ့ ဗိုလ်ချုပ်ကြီးတွေဟာ ရလဒ်ကိုပယ်ဖျက်ပြီး ဒေါ်စုကို နေအိမ်အကျယ်ချုပ် ချခဲ့တယ်။ နောက်တစ်နှစ်မှာ နိုဘယ်ကော်မတီက ဒေါ်စုကို ငြိမ်းချမ်း ရေး နိုဘယ်ဆုနဲ့ ဒေါ်လာ ၁ ဒသမ ၃ ပေးခဲ့တယ်။ ဒေါ်စုက မြန်မာပြည်သူတွေအတွက် ကျန်းမာရေးနဲ့ ပညာရေး ဖောင်ဒေးရှင်းအတွက် ရည်ရွယ်ခဲ့တယ်။

နေအိမ်အကျယ်ချုပ်ကြောင့် ဒေါ်စုဟာ နိုဘယ်ဆုပေးပွဲ အခမ်းအနားကို မတက်ရောက်နိုင်ခဲ့ဘူး။ ဒါပေ မဲ့ ၂၀၁၂ မှာ အော်စလိုမှာ နိုဘယ်ဆုယူ မိန့်ခွန်း ပြောနိုင်ခဲ့တယ်။ သူမရဲ့ လွတ်လပ်မှုအပေါ် ကန့်သတ်ချက် တွေကို ဘယ်လို ကိုင်တွယ်ခဲ့သလဲဆိုတာ ပြန်ပြောပြခဲ့တယ်။

သူမနဲ့ လက်တွဲ ဆောင်ရွက်ဖူးသူတွေကတော့ ဒေါ်စုဟာ မမောမပန်း၊ မကြောက်မရွံ့၊ ခေါင်းမာ၊ ရံဖန် ရံခါ မင်းဧကရာဇ်ဆန်တယ်လို့ ပြောကြပါတယ်။ ဒါပေမဲ့ ဒေါ်စုဟာ နိုင်ငံအတွက် ဘဝကို မြုပ်နှံထားတဲ့ သူဆိုတာကိုတော့ ဘယ်သူမှ သံသယမရှိပါဘူး။

၁၉၉၀ ပြည့်လွန်နှစ်တွေ နောက်ပိုင်းမှာ ဒေါ်စုဟာ နေအိမ်အကျယ်ချုပ်ကနေ လွတ်လာပါတယ်။ အဲဒီအချိန်မှာ ခင်ပွန်းဖြစ်သူ မိုက်ကယ်အဲရစ်ဟာ ကင်ဆာရောဂါကြောင့် သေခါနီးဆဲဆဲပါ။ ဒါပေမဲ့ ဒေါ်စုဟာ ဗြိတိန်ကို မပြန်ဖို့ ရွေးချယ်ခဲ့တယ်။ ဘာဖြစ်လို့လည်းဆိုတော့ စစ်အစိုးရက ပြန်ပြီးဝင်ခွင့်မပေးမှာကို ဒေါ်စုက စိုးရိမ်လို့ပါ။ မိုက်ကယ်ဟာ ၁၉၉၉မှာ ဆုံးသွားပါတယ်။

မသီတာဟာ စာရေးဆရာနဲ့ နိုင်ငံရေးအကျဉ်းသားဟောင်း တစ်ဦးဖြစ်ပြီး ၁၉၉၀ ပြည့်နှစ် ရွေးကောက် ပွဲအတွင်း မဲဆွယ်စည်းရုံးရေး လက်ထောက်တစ်ဦးအဖြစ် ဒေါ်စုနဲ့ အလုပ် လုပ်ဖူးပါတယ်။ ၁၉၉၂က သူမရဲ့ The Sunflower စာအုပ်ထဲမှာ သူတို့ရဲခေါင်းဆောင်ပေါ် မြန်မာပြည်သူထားတဲ့ ပိုလွန်တဲ့ မျှော်လင့်ချက်တွေနဲ့ ပတ်သက်လို့ မသီတာက ရေးခဲ့ပါတယ်။ ပြီးတော့ ဒေါ်စုကိုလည်း လက်ခုပ်သြဘာသံတွေရဲ့ အကျဉ်းသားဆို ပြီး သရုပ်ဖော်ခဲ့ပါတယ်။

သူ့မှာ ပြည်သူတွေပြောတာနားထောင်ဖို့ အချိန်မရှိဘူး။ ဘာဖြစ်လို့လည်းဆိုတော့ လူတိုင်းက သူပြောတာ နားထောင်ချင်ကြတာကိုးဟု မသီတာက ဆိုသည်။

သူသာ အစိုးရတစ်ရပ်ကို ဖွဲ့စည်းနိုင်ရင် အုပ်ချုပ်ရေးအဖွဲ့အစည်းရဲ့ ပွင့်လင်းမြင်သာမှုက မြင့်မားလာ မှာပါ။ ဒါနဲ့ပတ်သက်လို့တော့ ကျွန်မတို့ သေချာပြောနိုင်ပါတယ်ဟု မသီတာက ဆိုသည်။ မဲဆွယ်စည်းရုံးမှု ကာလအတွင်း ဒေါ်စုသည် ဝေးလံသော အရပ်ဒေသများအထိ သွားရောက်ကာ သူမအား လေးစားသည့် ထောက်ခံသူများကို မိန့်ခွန်း ပြောခဲ့သည်။

ဝေဖန်သူများကလည်း လူနည်းစု အထူးသဖြင့် မွတ်စလင်များကို ကိုယ်စားလှယ်လောင်းအဖြစ်မှ ချွင်းချန်ခဲ့သဖြင့် ပြင်းထန်စွာ ဝေဖန်ခဲ့သည်။ ထို့အပြင် ၈၈ မျိုးဆက်ကျောင်းသားများကိုလည်း NLD မှ ဝင်ပြိုင်ရန် ကြိုးပမ်းမှုကို ပယ်ချခဲ့သဖြင့် ယင်းကျောင်းသားများကို စိတ်ပျက်စေခဲ့သည်။

NLD ဟာ ဒီမိုကရက်တစ်ကျတဲ့ ပါတီမဟုတ်ပါဘူးဟု စတိုင်းဘာ့ဂ်က ဆိုသည်။ သူ့မှာ အနီးကပ် အကြံပေးရယ်လို့ မရှိပါဘူး။ ဘေးမှာ သူဘာပြောပြော လုပ်မဲ့လူတွေ ဝိုင်းနေတာ။ သူနဲ့သဘောမတူကြောင်း ပြရဲတဲ့သူဆို မောင်းထုတ်တာဟုလည်း ၎င်းက ဆိုသည်။

အမျိုးသား ရင်ကြားစေ့ရေး အစိုးရတစ်ရပ်ကို ဖွဲ့စည်းရန် မျှော်လင့်တယ်လို့ လွန်ခဲ့တဲ့ သီတင်းပတ်က ဒေါ်စုက မီဒီယာတွေကို ပြောကြားခဲ့ပါတယ်။ NLD ရဲ့ဖေ့စ်ဘွတ်စာမျက်နှာမှာ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် မင်းအောင်လှိုင်၊ သမ္မတ ဦးသိန်းစိန်နဲ့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးရွှေမန်းတို့ဆီကို ဒေါ်စုက စာရေး ပြီး ရင်ကြားစေ့ရေးအ စည်းအဝေးတစ်ခုလုပ်ဖို့ တောင်းဆိုခဲ့ပါတယ်။

သမ္မတနဲ့ ကာကွယ်ရေး ဦးစီးချုပ်တို့က ရွေးကောက်ပွဲရလဒ်ကို လေးစားမယ်လို့ ပြောကြားထားပါ တယ်။ ဒေါ်စုဟာ လုပ်ပိုင်ခွင့် အာဏာအပ်နှင်းမဲ့ အစိုးရတစ်ရပ်ကို ဖွဲ့စည်းနိုင်ပြီး ဒေါ်စုရဲ့ သဘောတူညီမှုမပါ ဘဲ ဗျူရိုကရက်တွေက ဆုံးဖြတ်ချက်တွေချမှာ သံသယရှိတယ်လို့ ခင်ဇော်ဝင်းက ဆိုပါတယ်။

အနာဂတ်နဲ့ ပတ်သက်လို့ သံသယတွေရှိသော်လည်း ဒေါ်စုနဲ့ သူ့နိုင်ငံဟာ သူ့ကို ဆက်ပြီး အံ့သြစေ မယ်လို့ ခင်ဇော်ဝင်းက ဝန်ခံပါတယ်။ နိုင်ငံရဲ့အရင်းအမြစ်တွေကို ခိုးယူဖို့ အာဏာသုံးတဲ့နိုင်ငံတစ်ခုမှာ ကျွန်တော်တို့ ဒီလောက်အကြာကြီး နေနေကြာတာ။ ခင်ဗျားက စပြီး ယုံကြည်မှု ဆုံးရှုံးမှာပဲဟု ရွေးကောက်ပွဲ အပြီး နောက်ရက်တွင် အင်တာဗျူးတွင် ၎င်းက ပြောကြားခဲ့ပါတယ်။ မနေ့ကတော့ ဒါက စပြီး ပြောင်းပါပြီလို့ ၎င်းက ပြောသည်။

 

မှတ်ချက် - Finicial Times သတင်းစာမှ STUART LEAVENWORTH ရေးသားသည့် Now that Aung San Suu Kyi has won, can she lead Myanmar? ဆောင်းပါးကို စီလျော်သလို ဘာသာပြန် ဖော်ပြထားခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly