ကျောက်မဲမြို့နယ်အတွင်းက တိုက်ပွဲအပေါ် သံသယဖြစ်နေသော ကိုယ်စားလှယ်လောင်း

ကျောက်မဲမြို့နယ်အတွင်းက တိုက်ပွဲအပေါ် သံသယဖြစ်နေသော ကိုယ်စားလှယ်လောင်း

ရန်ကုန်၊ အောက်တိုဘာ ၇

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်အတွင်းမှာ ရှမ်းပြည်ပြန်လည် ထူထောင်ရေး ကောင်စီ(RCSS/SSA ) နှင့် တပ်မတော်ကြား အောက်တိုဘာ ၃ ရက်မှ ယနေ့ မနက်ပိုင်းထိ တိုက်ပွဲများ ဖြစ်ပွားနေသည့်အတွက် တိုက်ပွဲရှောင် ၁၀၀၀ ကျော်ရှိနေသည်။

အလားတူ လက်နက်ထိမှန်မှုများကြောင့်လည်း ဒေသခံ တချို့ ဒဏ်ရာများ ရရှိခဲ့ကြ သည်။အဆိုပါ တိုက်ပွဲ ဖြစ်ပွားရာခြင်းမှာ နယ်မြေ ကျော်လွန် လှုပ်ရှားခြင်းကြောင့် ဖြစ်သည်ဟု နှစ်ဖက် အဖွဲ့အစည်းများက အပြန် အလှန် ငြင်းခုံစွပ်စွဲနေကြသည်။

တဖက်မှာလည်း ၂၀၂၀ အထွေထွေရွေးကောက်ပွဲ ကျင်းပရန် ၁ လသာ လိုတော့သည့်အတွက် ကျောက်မဲမြို့ နယ် မဲဆန္ဒနယ်မှ ဝင်ရောက် ယှဉ်ပြိုင်ကြမည့် လွှတ်တော်ကိုယ်စားလှယ် လောင်းများက ရွေးကောက်ပွဲ မဖြစ် မည်ကို စိုးရိမ်နေကြသလို ယခုတိုက်ပွဲဖြစ်ပွားမှု အပေါ်မှာလည်း သံသယဝင်နေကြသည်။

ထို့ကြောင့် ကျောက်မဲမြို့နယ်မဲ အမှတ်(၁)မဲဆန္ဒနယ်ကကနေ ရှမ်းပြည်နယ် လွှတ်တော်ကိုယ်စားလှယ် လောင်း အဖြစ် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်(SNLD)ကိုယ်စားပြု ဝင်ရောက် ယှဉ်ပြိုင်မည့် နန်းအိမွန်အောင် (ခ) လောဝ်လောဝ်ကို မဇ္ဈိမ မီဒီယာမှ အယ်ဒီတာ ချစ်မင်းထွန်းက Zoom Meeting ကနေ ဆက်သွယ်မေးမြန်း ထားပါသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required