ဆီအုန်းခြံတွေက အခွင့်အရေးချိုးဖောက်မှုများ

07 October 2020
ဆီအုန်းခြံတွေက အခွင့်အရေးချိုးဖောက်မှုများ

ဆင်းရဲနွမ်းပါးတဲ့ အာရှနိုင်ငံတွေက သန်းနဲ့ချီတဲ့ အလုပ်သမားတွေဟာ ဆီအုန်းခြံတွေမှာ အလုပ်လုပ်နေကြရပြီး သူတို့က ခေတ်သစ်ကျေးကျွန်လို ခိုင်းခံရ ၊ ဓမ္မပြုကျင့်ခံရ၊ ကလေးအလုပ်သမားအဖြစ် ခိုင်းခံရတာတွေ၊ ခေါင်းပုံဖြတ်ခံရတာတွေနဲ့ ရင်ဆိုင်နေရပါတယ်။ ဆီအုန်းအဓိကထုတ်တဲ့ မလေးရှားက ကုမ္ပဏီကြီးမှာလည်း ဒီလို လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိတယ်ဆိုပြီး တိုင်ကြားခံရတာတွေကြောင့် စုံစမ်းစစ်ဆေးမှုရှိခဲ့ပြီးနောက် အမေရိကန်က သူတို့ထုတ်ကုန် တင်သွင်းမှုကို ရပ်လိုက်ပါတယ်။ ဒီလို ဆီအုန်းခြံတွေက လူ့အခွင့်အရေးချိုးဖောက်မှုနဲ့ ပတ်သတ်ပြီး AP သတင်းဌာနက စုံစမ်း၊ သတင်းတင်ပြခဲ့ပါတယ်။  နန်လဖိုင် တင်ဆက်ထားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly