ဗြိတိန်တွင် COVID-19 ကြောင့် ဆေးရုံတက်နေရသူများအတွက် ရမ်ဒီဆီဗာ  ဆေးများခွဲတမ်းချပေးအပ်

ဗြိတိန်တွင် COVID-19 ကြောင့် ဆေးရုံတက်နေရသူများအတွက် ရမ်ဒီဆီဗာ  ဆေးများခွဲတမ်းချပေးအပ်

အောက်တိုဘာ ၇

ဗြိတိန်တွင် COVID-19 ကူးစက်ခံရသူများကိုဦးစားပေး၍ ရမ်ဒီဆီဗာ ( Remdesivir ) ဆေးများကိုခွဲတမ်း စနစ်ဖြင့်ပေးအပ်သွားမည်ဟု ဗြိတိန်ကျန်းမာရေးဝန်ကြီးဌာနမှအောက်တိုဘာလ ၆ ရက်ကပြောကြား ခဲ့သည်။အဆိုပါ ဆေးများကိုယခုလအတွင်းထပ်မံရရှိနိုင်ဖွယ်ရှိသည်။

အမေရိကန်အခြေစိုက် ဂီလိဆိုင်းယင့်စ်(Gilead Sciences) ဆေးဝါးကုမ္ပဏီသည် ပြင်းထန်သော COVID-19 လူနာများအတွက်အချိန်တိုအတွင်းနာလန်ထလာစေသော ရမ်ဒီဆီဗာ ဆေးကိုပြသခဲ့သော်လည်းသေဆုံးမှု နှုန်းကိုလျှော့ချနိုင်ခြင်းမရှိသေးပေ။

ရမ်ဒီဆီဗာဆေးကို အမေရိကန်သမ္မတဒေါ်နယ်ထရန့်အားထိုးပေးခဲ့သည်။ COVID-19 လူနာများမြင့်တက် လာခြင်းကြောင့် ဆေးရုံတက်နေရသည့် လူနာများအတွက်ပင်ဆေးလုံလောက်မှုမရှိပေ။

“COVID-19 ကြောင့်ဆေးရုံတက်ရသည့်လူနာများပြားလာခြင်းကြောင့် ရမ်ဒီဆီဗာ ဆေးသုံးစွဲရမှုမြင့်တက် လာသည်ကိုသတိပြုမိကြောင်း၊ ထောက်ပံ့ပေးရန် ဆေးဝါးအများအပြားကျန်ရှိနေပြီး ထိုဆေးဖြင့်ကုသပျောက်ကင်းနိုင်သည့် လူနာများကိုယာယီဦးစားပေးရန် အမျိုးသားကျန်းမာရေးဌာန (National Health Service-NHS) သို့တောင်းဆိုထားကြောင်း” ဗြိတိန်ကျန်းမာရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူကပြောကြားခဲ့သည်။

ဇူလိုင်လကဗြိတိန်ကျန်းမာရေးတာဝန်ရှိသူတစ်ဦးက ဒီဆာမက်သဇုန်း (Dexamethasone ) ကဲ့သို့သော Covid-19 ကုသဆေးများနှင့်နှိုင်းယှဉ်ပါက ရမ်ဒီဆီဗာ ဆေးသစ်သည်ထောက်ပံ့ရေးဆိုင်ရာပြဿနာများရှိနေသည်ဟု ပြောကြားခဲ့သည်။

လာမည့်ရက်သတ္တပတ်များအတွင်း ရမ်ဒီဆီဗာဆေးများကိုအသုံးပြုနိုင်မည်ဟုမျှော်လင့်ရပြီးအောက်တို ဘာလကုန်တွင်နောက်ထပ်ဆေးများရောက်ရှိလာနိုင်ကြောင်း၊ သို့သော်ဆေးလုံလောက်မှုရှိမရှိဆိုသည်မှာဆေးရုံ တက်ရသည့်လူနာအရေအတွက်ပေါ်မူတည်နေမည် ဟုကျန်းမာရေးဝန်ကြီးဌာနကအင်္ဂါနေ့တွင်ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly