လုံခြုံရေးဆိုင်ရာ စိုးရိမ်ပူပန်မှုများကြောင့် တရုတ်ကျောင်းသားများ UKတွင် ပိတ်ပင်ခံရနိုင်

လုံခြုံရေးဆိုင်ရာ စိုးရိမ်ပူပန်မှုများကြောင့် တရုတ်ကျောင်းသားများ UKတွင် ပိတ်ပင်ခံရနိုင်

အောက်တိုဘာ ၃

တရုတ်နိုင်ငံ၏ ခြိမ်းခြောက်မှုများကြောင့် စိုးရိမ်ပူပန်မှုများ မြင့်တက်နေချိန်တွင် ဗြိတိန်အစိုးရသည် တရုတ်ကျောင်းသားများအား ဗြိတိန်နိုင်ငံတက္ကသိုလ်များတွင် အချို့ဘာသာရပ်များ လေ့လာခွင့်ကို ပိတ်ပင်နိုင်ဖွယ်ရှိသည်။

ဗြိတိန်နိုင်ငံ နိုင်ငံခြားရေး၊ ဓနသဟာယနှင့် ဖွံဖြိုးရေးရုံးသည် မူပိုင်ခွင့်များ ခိုးယူခံရခြင်းနှင့်စပ်လျဉ်းပြီး စိုးရိမ်ပူပန်မှုများကြောင့် အမျိုးသားလုံခြုံရေးနဲ့ သက်ဆိုင်သောဘာသာရပ်များ လေ့လာသင်ယူလိုသော ပြည်ပမှ လျှောက်ထားသူများကို လုံခြုံရေးထပ်မံတင်းကျပ်သွားမည်ဟု တိုင်းမ်သတင်းစာ ဖော်ပြချက်အရ သိရပါသည်။  

အမျိုးသားလုံခြုံရေးကော်မတီ ဝန်ကြီးများသည် စည်းမျဉ်းများ ပိုမိုတင်းကျပ်ရန် အစီအစဉ်များကို ယခုနှစ်အစောပိုင်းတွင် လက်မှတ်ရေးထိုးခဲ့ကြောင်း သတင်းထောက် လူစီ ဖစ်ရှာ က ဖော်ပြထားခဲ့သည်။

 “အဆိုပါ အစီအစဉ်တွေက ရာနှင့်ချီတဲ့ တရုတ်ကျောင်းသားတွေ ဗြိတိန်နိုင်ငံ ဝင်ရောက်ခွင့်ကို ပိတ်ပင်မယ့်သဘောမှာရှိတယ်။ ကျောင်းအတွက်စာရင်းပေးသွင်းပြီးသူများအတွက် ဗီဇာကိုလည်း အန္တရာယ်ရှိတဲ့စွန့်စားမှုလို့ ယူဆရရင် ပြန်လည်ရုတ်သိမ်းနိုင်ဖွယ်ရှိတယ်”ဟု လူစီ ဖစ်ရှာ က တင်ပြထားသည်။

အဆိုပါ လှုပ်ရှားမှုများသည် ဗြိတိန်နိုင်ငံ ထိပ်တန်းသုတေသနဓာတ်ခွဲခန်းများမှ ကျောင်းသားများက ဉာဏပစ္စည်းမူပိုင်ခွင့်များ ခိုးယူမှုနှင့်ပတ်သတ်၍ စိုးရိမ်ပူပန်မှုများ မြင့်တက်လာသည့်အတွက်ကြောင့် ဖြစ်ပေါ်လာရ ခြင်းဖြစ်သည်။

ဗြိတိန်နှင့် အမေရိကန် နှစ်နိုင်ငံလုံးတွင် တရုတ်ကျောင်းသားများသည် မူပိုင်ခွင့်ခိုးယူမှုနှင့်ပတ်သတ်ပြီး စွပ်စွဲခံထားရသည်။

ဝှိုက်ဟောသတင်းအရင်းအမြစ်အရလည်း  “လုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်မှုတွေက အဆက်မပြတ် ဖြစ်နေတဲ့အတွက် ATAS(Academic Technology Approval Scheme) စနစ်ကို ထပ်မံတိုးချဲ့နေတယ်။ သိပ္ပံနဲ့ ဆန်းသစ် တီထွင်မှု ခေါင်းဆောင်ဆိုတဲ့ ငါတို့ရာထူးတွေကိုအသုံးချပြီး ခေါင်းပုံဖြတ်ချင်နေတဲ့လူတွေ ရှိတယ်ဆိုတာ သိပါတယ်။ အဲ့ဒါကြောင့် ဝန်ကြီးတွေက ဒီနှစ်အစောပိုင်းမှာ စပြီး အကောင်အထည်ဖော်ဖို့ ဆုံးဖြစ်လိုက်တာပါ” ဟု ပြောကြားခဲ့သည်။

အကြံပေးအဖွဲဖြစ်သော Henry Jackson Society  ဟန်နရီ ဂျက်ဆင် လူ့အဖွ့ဲအစည်း မှ မကြာသေးမှီထုတ်ပြန်ခဲ့သော အစီရင်ခံစာတွင် ပြည်သူ့လွတ်မြောက်ရေးပါတီနှင့်ဆက်နွယ်လျက်ရှိသည်ဟု သံသယရှိသော တရုတ် တက္ကသိုလ်များမှ ဘွဲ့ရကျောင်းသား ၉၀၀ ခန့်သည် အရေးကြီးသုတေသနလက်နက်များရှိသော ဗြိတိန်တက္ကသိုလ် ၃၃ခုခန့်တွင် ဘွဲ့လွန်ပညာရပ်အတွက် ပညာသင်ကြားရန် စာရင်းပေးသွင်းထားကြောင်း ဖော်ပြပါရှိသည်။

၂၀၁၈-၁၉ ပညာသင်နှစ်တွင် တရုတ်ကျောင်းသားများသည် ဗြိတိန်နိုင်ငံတက္ကသိုလ်များအားလုံးတွင် ပညာသင်ကြားနေသော ဘွဲ့လွန်စုစုပေါင်း၏ ၁၂ရာခိုင်နှုန်းခန့်ရှိသည်။ ရာနှင့်ချီသော ထိုကျောင်းသားများသည် ရှေ့ဆက် ရန်အတွက် ပိတ်ပင်ခံရနိုင်ဖွယ်ရှိသည်။

မေလတွင် အမေရိကန်သည် အလားတူ လှုပ်ရှားမှုကို ပြုလုပ်ခဲ့သည်။ ထရမ့်အစိုးရသည် တရုတ်ကျောင်းသားနှင့် သုတေသနပညာရှင်အချို့အား မူပိုင်ခွင့်ခိုးယူသည်ဟု စွပ်စွဲပြီး အမေရိကန်နိုင်ငံသို့ ပြည်ဝင်ခွင့်ပိတ်ထား ကြောင်း ကြေငြာချက်ထုတ်ပြန်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly