မြိတ်မြို့ရှိ လမ်းအချို့အား ယာယီသွားလာခွင့်ပိတ်

အောက်တိုဘာ ၃

မြိတ်မြို့တွင် အောက်တိုဘာလ ၁ ရက်နေ့က COVID-19 ပိုးတွေ့ရှိခဲ့သည့် လူနာ ၅ ဦး နေထိုင်ခဲ့ရာ လမ်းအပါအဝင် လမ်း ၂လမ်းကို ယာယီ သွားလာခွင့် ပိတ်လိုက်ကြောင်း  မြို့နယ် COVID-19 ထိန်းချုပ်ရေးနှင့် တုန့်ပြန်ရေး ကော်မတီက တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ယာယီသွားလာခွင့်ပိတ်လိုက်သည့် လမ်း ၂ လမ်းရှိ နေအိမ် ၆၆ လုံးတွင် နေထိုင်သူ အိမ်ထောင်စု ၁၃၀မှ လူဦးရေ ၅၅၀ ဦးကို စားနပ်ရိက္ခာများ ကူညီပေးနိုင်ရန် စီစဉ် ဆောင်ရွက်နေကြောင်းသိရသည်။

လက်ရှိ ကိုဗစ်ပိုး တွေ့ရှိသူ ၅ ဦးမှာ ၎င်း ရပ်ကွက် အတွင်းရှိ Positive တွေ့ ရှိသူ ရာအိမ်မှူး တစ်ဦးထံမှ ကူးစက်ခံရခြင်း ဖြစ်ပြီး လက်ရှိ တွေ့ရှိသူ ၅ ဦးနှင့် ထိတွေ့ခဲ့သူ ၂၁ ဦးကို Quarantine Center သို့ ပို့ဆောင်ထားကြောင်း သိရပါသည်။

ဓာတ်ပုံ - ဒီမိုးသွေး (မြိတ်)

မြိတ်ခရိုင် ပြည်သူ့ ကျန်းမာရေး ဦးစီးမှူး ဒေါက်တာ လွင်လွင်မော်က“ဆက်စပ်တဲ့ လူနာကို ထပ်စစ် လိုက်တယ်၊ အဲဒီမှာ ငါးဦးက ပိုးသွားတွေ့တယ်၊ သူ့ရဲ့ ဇနီး၊ ဘေး အခန်းက မိသားစု နှစ်ဦး ရယ်၊ ကလေးငယ်လေး တစ်ယောက်မှာပါ ပိုးတွေ့တယ်”ဟု ပြောသည်။

ကိုဗစ်ပိုး တွေ့ရှိသူ လူနာ ၅ ဦး အနက် တစ်ဦးမှာ ၄ လ အရွယ် ကလေးငယ် တစ်ဦးဖြစ်ပြီး လက်ရှိ အချိန် အထိ တနင်္သာရီ တိုင်းဒေသကြီးအတွင်း ကိုဗစ်ကူးစက်ခံရသူ ၄၂ ဦး ရှိပြီ ဖြစ်ကာ ထားဝယ်တွင် ၁၄ ဦး၊ မြိတ်တွင် ၁၅ ဦး၊ ပုလောတွင် ၉ ဦးနှင့် ကော့သောင်တွင် ၄ ဦးတို့ ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly