မြင်းသွေးရည်ကြည်နဲ့ ကိုဗစ်-၁၉ ကုသဖို့ ကိုစတာရီကာသိပ္ပံပညာရှင်များ စမ်းသပ် 

မြင်းသွေးရည်ကြည်နဲ့ ကိုဗစ်-၁၉ ကုသဖို့ ကိုစတာရီကာသိပ္ပံပညာရှင်များ စမ်းသပ် 
Photo - AFP

 အောက်တိုဘာ၂ 

ကိုစတာရီကာနိုင်ငံက သိပ္ပံပညာရှင်တွေဟာ မြွေနဲ့ ကင်းမြီးကောက် အကိုက်ခံရတဲ့အခါ အသုံးပြုတဲ့ ဖြေဆေးလိုမျိုး မြင်းရဲ့ သွေးရည်ကြည်ကိုအသုံးပြုပြီး ကိုဗစ်-၁၉ ရောဂါကို ကုသလို့ ရ/မရ စမ်းသပ်လျက်ရှိပါတယ်။ 

မြင်းတွေက ကျိုးနွံပြီး ဉာဏ်ရည်ထက်မြက်တဲ့တိရစ္ဆာန်တွေဖြစ်ကာ အလွယ်တကူ ရနိုင်တဲ့အတွက် မြင်းတွေနဲ့စမ်းသပ်ရတာဖြစ်တယ်လို့ ဆိုပါတယ်။ 

မြင်းသွေးပမာဏကလည်း များပြားတဲ့အတွက် သွေးရည်ကြည်အမြောက်အမြားရနိုင်တယ်လို့ ကလော့ဒိုမီရို ပီကာဒို တက္ကသိုလ်က ဆေးဝါးပညာရှင်အကြီးအကဲဖြစ်တဲ့ အန်ဒရေးစ် ဟာနန်ဒက်ဇ်က ဆိုပါတယ်။  

အန်ဒရေးစ်က “ ကိုဗစ်-၁၉ ကို လောလောလတ်လတ် ကူးစက်ခံထားရတဲ့ လူနာတွေကို မြင်းသွေးရည်ကြည်ထိုးပေးနိုင်မယ်လို့ မျှော်လင့်ထားပါတယ်။ ရောဂါအဖြေသိပြီးခါစဆို ရောဂါလက္ခဏာ မပြင်းထန်သေးပါဘူး။ ဗိုင်းရပ်စ်ကလည်း မပြင်းသေးချိန်မှာ သွေးရည်ကြည်ထဲက ပဋိပစ္စည်းတွေက ခန္ဓာကိုယ်ထဲရောက်ပြီး ဗိုင်းရပ်စ်ကို ဓာတ်ပြယ်အောင်စတင်လုပ်ပေးပါလိမ့်မယ်” လို့ပြောပါတယ်။ 

ကိုစတာရီကာသမ္မတ  ကားလို့စ် အယ်လ်ဗာရာဒိုက “ ကိုဗစ်-၁၉ ကုသဖို့ မြင်းသွေးရည်ကြည်ထုတ်လုပ်တဲ့ နည်းလမ်းဟာ ဖြစ်နိုင်တဲ့ အရာတစ်ခုပါ။ ကျွန်တော်တို့နိုင်ငံက တီထွင်ဖန်တီးလိုက်တဲ့ ဉာဏဆိုင်ရာရင်းနှီးမြှုပ်နှံမှုအဖြစ် ဝေမျှသွားမှာပါ။ ဒါပေမယ့် ကမ္ဘာတစ်ဝန်းက တခြားလူတွေနဲ့လည်း ဒီလုပ်ထုံးလုပ်နည်းတွေကို အတူတကွလက်ခံသွားဖို့ လုပ်ဆောင်သွားမှာပါ” လို့ပြောပါတယ်။  

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly