Misinformation Busters Episode 23 (Segement 1)
စက်တင်ဘာ ၂၈
ဘားမားentertainment လို့အမည်ရတဲ့ Youtube Channel တစ်ခုက စက်တင်ဘာ ၂၁ရက်နေ့မှာ ရွေးကော်ဥက္ကဋ္ဌ နေအိမ် ဗုံးသီးနဲ့ပစ်တာဘယ်သူလဲ အဖြေပေါ်ပြီဆိုတဲ့ ဗီဒီယိုဖိုင်တစ်ခုကို ဖြန့်ဝေခဲ့ပါတယ်။
ဒီဗီဒီယိုဖိုင်ဟာ Youtube မှာကြည့်ရှုသူ သိန်းနဲ့ချီရှိခဲ့ပါတယ်။ Likeလုပ်သူ ၅ထောင်ကျော်ရှိခဲ့ပါတယ်။
ဒီလိုကြည့်ရှုသူများပြားခဲ့တဲ့ ဒီဗီဒီယိုဖိုင်ထဲမှာတော့ အာဏာရှင်တွေက သူတို့လိုသလို ဖြစ်မလာရင် လက်နက်ထုတ် ခြိမ်းခြောက်တဲ့အကြောင်းတွေ၊ ခြေဥပြင်မယ်လုပ်တုန်းက ဒေါက်တာမြတ်ဉာဏစိုး အိမ်နားမှာ ဗုံးတွေ့တာ၊ စစ်အစိုးရလက်ထက် ကုန်သွယ်ရေး စင်တာ ဗုံးကွဲခံရတာ၊ စစ်တပ်ဟာ တရုတ်နဲ့ပေါင်းပြီး ကိုဗစ်ဖြစ်လာအောင်လုပ်ပြီး ရွေးကောက်ပွဲ ရွှေ့ဆိုင်းဖို့လုပ်တာ၊ နောက်ဆုတ်အောင်လုပ်တာ စသဖြင့် စွပ်စွဲပြောဆိုထားတာတွေ ပါရှိပါတယ်။
ဆုမြတ်မေဇော်က တင်ဆက်ပေးမှာပါ။