ကိုရိုနာဗိုင်းရပ်စ်ဟာ ကမ္ဘာပေါ်က မညီမျှမှုတွေကို လှစ်ဟပြသနေတယ်လို့ ပုပ်ရဟန်းမင်းကြီး ပြော 

ကိုရိုနာဗိုင်းရပ်စ်ဟာ ကမ္ဘာပေါ်က မညီမျှမှုတွေကို လှစ်ဟပြသနေတယ်လို့ ပုပ်ရဟန်းမင်းကြီး ပြော 
Photo - AFP

အောက်တိုဘာ ၁

ကိုရိုနာဗိုင်းရပ်စ်ဟာ ကမ္ဘာပေါ်မှာ ရှိနေတဲ့ တန်းတူညီမျှမှု မရှိမှုတွေကို မီးမောင်းထိုးပြသနေတယ် ဆိုပြီး ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က စက်တင်ဘာ ၃၀ ရက် ဗာတီကန်စီးတီးမှာ တစ်ပတ်တစ်ခါ ပြုလုပ်နေကျ အခမ်းအနားတစ်ခုမှာ ပြောသွားခဲ့ပါတယ်။ 

“သေးငယ်တဲ့ ဗိုင်းရပ်စ်တစ်မျိုးက ကျွန်ုပ်တို့ကို နက်ရှိုင်းတဲ့ ဒဏ်ရာဒဏ်ချက်တွေ ဖြစ်စေလျက် ရှိတယ်၊ ပြီးတော့ ကျွန်ုပ်တို့ရဲ့ ရုပ်ပိုင်းဆိုင်ရာ ၊ လူမှုရေးပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ ခုခံနိုင်စွမ်း အားနည်းမှုတွေကို ထုတ်ဖော်ပြသနေတယ်၊ အဲဒါက ကမ္ဘာပေါ်မှာ တည်ရှိနေတဲ့ မညီမျှမှုတွေကို လူတိုင်းကို ပြသနေခဲ့တယ်၊ အခွင့်အလမ်းတွေ၊ ကုန်စည်ပစ္စည်းတွေ၊ ဆေးဘက်ဆိုင်ရာ ကုသစောင့်ရှောက်မှုကို လက်ခံရရှိနိုင်ခွင့်၊ နည်းပညာ၊ ပညာရေး စတဲ့အပိုင်းတွေမှာ ရှိနေတဲ့ တန်းတူညီမျှမှု မရှိတာကို ပြသနေတယ်၊ ကလေးငယ် သန်းပေါင်းများစွာတို့ဟာ ကျောင်းတွေကို မသွားနိုင်ဘူး” လို့ ပုပ်ရဟန်းမင်းကြီးက ပြောသွားပါတယ်။ 

“ဒီလို တန်းတူညီမျှမှု မရှိတာတွေက သဘာဝအလျောက်ဖြစ်တာ မဟုတ်သလို ရှောင်လွှဲလို့ မရတာလည်း မဟုတ်ပါဘူး၊ ဒါတွေက လူက လုပ်တာတွေပါ၊ ဒါတွေက စွန့်ပစ် အစားအသောက်တွေလိုမျိုး နက်ရှိုင်းတဲ့ တန်ဖိုးတွေကနေ ဖယ်ထုတ်ခဲ့တဲ့ တိုးတက်မှု မော်ဒယ်ပုံစံတစ်ခုကနေ လာနေတာပါ” လို့လည်း ၎င်းက ပြောသွားပါတယ်။ 

“ကပ်ရောဂါကနေ ရုန်းထွက်နိုင်ဖို့အတွက် ကျွန်ုပ်တို့ဟာ ကိုရိုနာဗိုင်းရပ်စ်အတွက် ကုသနည်းလမ်းတစ်ခု ရှာရပါမယ်၊ ဒါက အရေးကြီးပါတယ်၊အလားတူအတိုင်းပဲ ကျွန်ုပ်တို့ဟာ လူသားနဲ့ လူမှု စီးပွားရေးနဲ့ သက်ဆိုင်တဲ့ ဗိုင်းရပ်စ်တွေအတွက်လည်း ကုထုံး ရှာရမှာ ဖြစ်ပါတယ်” လို့ ပုပ်ရဟန်းမင်းကြီးက ပြောသွားပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly