နာဂေါ်နို ကာရာဘက်ခ် ပဋိပက္ခက အကြီးစား စစ်ပွဲဖြစ်လာဖို့ နီးကပ်လာနေပြီလို့ လေ့လာဆန်းစစ်သူ ပြော 

30 September 2020
နာဂေါ်နို ကာရာဘက်ခ် ပဋိပက္ခက အကြီးစား စစ်ပွဲဖြစ်လာဖို့ နီးကပ်လာနေပြီလို့ လေ့လာဆန်းစစ်သူ ပြော 

အာမေးနီးယားနဲ့ အဇာဘိုင်ဂျန်တို့ဟာ ဖြစ်နိုင်ဖွယ် စစ်ပွဲကြီးတစ်ခုအတွက် ပြင်ဆင်ထားကြပြီ ဖြစ်ပြီး နှစ်ဘက်အကြား အပေးအယူ ညှိနှိုင်းမှုတွေလုပ်ဖို့အတွက်တော့ နေရာအနေအထား အနည်းငယ်သာ ရှိနေတယ်လို့ ဂျော်ဂျီယာ အခြေစိုက် နိုင်ငံရေးဆန်းစစ်လေ့လာသူတစ်ဦးဖြစ်တဲ့ အိုလက်စယာ ဗာတန်ယန်က ပြောပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က နာဂေါ်နို ကာရာဘက်ခ် ဒေသရဲ့ ရှေ့တန်းတစ်လျှောက်  ပြင်းထန်တဲ့ တိုက်ပွဲတွေ ပေါ်ပေါက်ထားခဲ့တာ ဖြစ်ပါတယ်။ အဆိုပါ နာဂေါ်နို ကာရာဘက်ခ် ဒေသကတော့ အဇာဘိုင်ဂျန်ကနေ ခွဲထွက်တစ်စင်ထောင်ထားတဲ့ ဒေသဖြစ်ပြီး လူမျိုးစု အာမေးနီးယားတွေ နေထိုင်တဲ့ ဒေသတစ်ခု ဖြစ်ပါတယ်။ 

သတင်းအပြည့်အစုံ - http://www.mizzimaburmese.com/article/74007

တည်းဖြတ် - ဇော်မင်းထွေး

တင်ဆက် - ဖူးအိအိနွယ်
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly