ဆော်ဒီအာရေးဗျမှာ ပထမဆုံး ဖွင့်လှစ်လိုက်တဲ့ ခွေး ကော်ဖီဆိုင် 

30 September 2020
ဆော်ဒီအာရေးဗျမှာ ပထမဆုံး ဖွင့်လှစ်လိုက်တဲ့ ခွေး ကော်ဖီဆိုင် 

အလွန်အကျွံ ရှေးရိုးစွဲကြီးမားတဲ့ ဆော်ဒီအာရေးဗျနိုင်ငံမှာ ပထမဆုံးအနေနဲ့ ခွေး ကော်ဖီဆိုင် တစ်ဆိုင်ကို ဖွင့်လှစ်လိုက်ပြီဖြစ်ကာ ယင်းနိုင်ငံက ခွေး ပိုင်ရှင်တွေဟာဆိုရင် ယခုအခါ အဆိုပါ ဆိုင်မှာ ၎င်းတို့ ချစ်တဲ့ အိမ်မွေးတိရစ္ဆာန်လေးတွေနဲ့အတူ ကော်ဖီ သောက်သုံးနိုင်ပြီ ဖြစ်ပါတယ်။ အစ္စလမ်ဘာသာမှာတော့ ကြောင်တွေနဲ့မတူဘဲ ခွေးတွေကို မသန့်ရှင်းတဲ့ တိရစ္ဆာန်တွေအဖြစ် ရှုမြင်ပြီး ယေဘုယျအားဖြင့် ဆော်ဒီအာရေးဗျမှာရှိတဲ့ အများပြည်သူနဲ့ ဆိုင်တဲ့ နေရာတွေမှာ ခွေးတွေကို တားမြစ်ပိတ်ပင်ထားပါတယ်။ 

သတင်းအပြည့်အစုံ - http://www.mizzimaburmese.com/article/73999

တည်းဖြတ် - ဇော်မင်းထွေး

တင်ဆက် - ဇော်မင်းထွေး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly